◼ CDM အချို့ရဲ့ ရင်ဖွင့်သံ၊ လူငယ်အချို့ရဲ့ နာကျင်သံ၊ အိမ်ရဲ့အဝေးကို ရောက်နေသူတို့ရဲ့ စကားသံတွေကို ကိုကျားပေါက်က ပြန်လည်ဆွေးနွေးထားပါတယ်။
https://fb.watch/fcNW-rSwQn/
Speak To Me | Kyar Pauk
Episode(3)| နွေဦးအသံ |
https://fb.watch/fcNW-rSwQn/
Speak To Me | Kyar Pauk
Episode(3)
👍5🙏1
◼သင်္ကန်းရုံ စစ်မှုထမ်းများရဲ့ သူလျှို ခြေကုတ်စခန်း ပြိုလဲခြင်း
သတင်းသုံးသပ်| နွေဦးအသံ |
“ဒီမိုကရေစီ တိုင်းပြည်ဖြစ်သွားလို့ အရမ်းတိုးတက်သွားရင် ဗုဒ္ဓဘာသာ ကွယ်သွားလိမ့်မယ်”
ဒီစကားကို သဘာဝရိပ်သာဘုန်းကြီးက ပြောဆိုခဲ့တာပါ။
ဗုဒ္ဓဘာသာထွန်းကားဖို့ မြန်မာတွေက စစ်အာဏာရှင်လက်အောက်မှာ ဆင်းဆင်းရဲရဲနဲ့ အဖိနှိပ်ခံနေကြရမလိုပါပဲ။
ဒီလို အတွေးအခေါ်တွေက ဘုန်းကြီး အများစုမှာ ရှိနေကြတာပါ။
ထင်ရှားတဲ့ သီတဂူဘုန်းကြီးတို့ စစ်ဖိနပ်အောက်ကို ဝင်သွားတာလည်း အဲဒီအတွေးအခေါ်ကြောင့်ပါပဲ။
နောက်တခုက ဒီမိုကရေစီ နိုင်ငံမှာ ပညာရေးနဲ့ သတင်းမီဒီယာက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးပါတယ်။
လူငယ်တွေက ဘာမဆို အလွယ်တကူ လက်မခံဘဲ ကိုယ်တိုင်လေ့လာပြီး ဝေဖန်သုံးသပ်မှုက အားကောင်းလာပါတယ်။
ဘုန်းကြီးတွေ ဘာပြောပြော . . . သတည်း ချပေးတိုင်း သာဓု မခေါ်ကြပါဘူး။
ဒီအခါမှာ သင်္ကန်းလေးရုံ၊ ပုလ္လင်ပေါ် ခန့်ခန့်ကြီးနဲ့ သက်တောင့်သက်သာထိုင်ဖို့ ခက်လာပါတယ်။
လူငယ်တွေရဲ့ မေးခွန်းတွေ၊ ဆန်းစစ်မှုတွေက ဘုန်းကြီးတွေရဲ့ ဗုဒ္ဓအတွေးအခေါ်ကို နားလည်၊ တတ်ကျွမ်းမှု ရှိ မရှိ ကို လက်တွေ့အကဲဖြတ်ပြီး စစ်တမ်းထုတ်နေသလိုပါပဲ။
ထေရဝါဒ တံဆိပ်ကပ် ရှေးရိုးစွဲ သီရိလင်္ကာက မိရိုးဖလာအယူအဆတွေကို ဒီနေ့ခေတ်လူငယ်တွေရဲ့ သဘာဝကို သိမြင်နားလည်မှုနဲ့ ချိန်ထိုးကြတဲ့အခါ ဘုန်းကြီးအများစုက ကြောက်ရွံ့ပါတယ်။
ကလေးတွေရဲ့ မေးခွန်းကို အဖြေမပေးနိုင်ဘဲ ဆွေးနွေးပွဲတွေလုပ်တဲ့ ဦးဆေကိန်တို့လည်း အဲဒီထဲမှာ ပါဝင်ပါတယ်။
ဗုဒ္ဓရဲ့ အလိုကျ ဝိဘဇ္ဇ ၊ ဝေဖန်ပိုင်းခြားသုံးသပ်မှု ထွန်းကားလာမယ့် ပညာရေးကို ရမယ့် နိုင်ငံရေးစနစ်ကို အဆိုးမြင်ကြပါတယ်။
ဒါနဲ့ပဲ စစ်တပ်ကသာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်မယ့် အဖွဲ့အစည်းအဖြစ် ဗုဒ္ဓ နေရာမှာ၊ ဓမ္မနေရာမှာ စစ်ဖိနပ်ကို ထားပြီး ကိုးကွယ်ဆည်းကပ်ကြတဲ့ ဘုန်းကြီးတွေ များလာပါတယ်။
အဲဒီဘုန်းကြီးတွေက လူထုကို ဆန့်ကျင့်ပြီး လူထုကို သတ်ဖြတ်အနိုင်ကျင့်နေတဲ့ စစ်တပ်အတွက် မျက်နှာပြောင်တိုက်ပြီး လော်ဘီအလုပ်ကို လုပ်ကြတယ်။
နောက်ဆုံးမှာတော့ စစ်တပ်အတွက် သတင်းယူ သတင်းပေး အလုပ်ကို ပြည်တွင်းကနေ ပြည်ပမထိ ခြေဆန့်ပြီး လုပ်လာကြတဲ့အထိပါပဲ။
အဲဒီထဲမှာ ခြေလှမ်းအသွက်ဆုံး လှမ်းခဲ့တာက သဘာဝတရားရိပ်သာဘုန်းကြီးပါပဲ။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ပ ဘက်မှာ သုံးထပ်တိုက်ကြီးကို ငှားပါတယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မဘသ၊ စစ်တပ်ထောက်ခံသူ၊ စရဖ လို့ ယူဆရတဲ့ သတင်းပေးတွေကို သင်္ကန်းဝတ်စေပါတယ်။
မြန်မာနိုင်ငံရေးသမားတွေ နေကြတဲ့ ရပ်ကွက်တွေထဲ ဆွမ်းဆန်စိမ်း အလှူခံဖို့ ကြိုးစားပါတယ်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဆီ ဘာသာရေးအကြောင်းပြ ချဉ်းကပ်ဖို့ လုပ်ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး စည်းရုံးဖို့ ခြေလှမ်းပြင်တာပါပဲ။
ဒါကို သိကြတဲ့ ရွှေ့ပြောင်းမြန်မာလူမှုအသိုင်းအဝိုင်းက မပတ်သတ်ကြပါဘူး။
ထိုင်း၊ မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဆီ စားနပ်ရိက္ခာ လှူဖို့လည်း သဘာဝရိပ်သာက ကြိုးစားပါတယ်။
လှူပြီးတာနဲ့ မပြန်ဘဲ တညအိပ်ခွင့်တောင်းဆိုတာမျိုးကြောင့် မရိုးသားတဲ့အတွက် ဒေသခံအဖွဲ့အစည်းတွေက သူတို့ရဲ့ အလှူကိစ္စကို ငြင်းဆိုခဲ့ကြပါတယ်။
ဘာသာရေးစည်းကမ်းတင်းကြပ်တဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေက ဘုန်းကြီးကျောင်းမဟုတ်တဲ့ အဆောက်အဦးမှာ ဘုန်းကြီးတွေ နေခွင့် မရှိပါဘူး။
ဩဂုတ်(၂၉)ရက်က ဝင်ရောက်စီးနင်းရှာဖွေစစ်ဆေးတဲ့အခါ အထောက်အထားမဲ့ ဘုန်းကြီး၊ မယ်သီလရှင် (၃၈)ဦးကို ဖမ်းဆီးရမိပြီး အဲဒီလူတွေကို ချက်ချင်းလူဝတ်လဲစေပါတယ်။
မဲဆောက်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို စုံစမ်းပြီး စစ်တပ်ဆီ သတင်းပေးဖိုနဲ့ အချို့ကတော့ ဘန်ကောက်ထိ သွားပြီး မြန်မာစစ်တပ်ဆီ သတင်းထောက်လှမ်းဖို့အတွက် နေထိုင်ကြတယ်လို့ ဝန်ခံထွက်ဆိုတဲ့အကြောင်း ထိုင်းသတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဗုဒ္ဓ ရဲ့ ဓမ္မ အတွက် အလုပ်လုပ်နေရင်တော့ ဘာတွေပဲ ဝတ်ထားပါစေ၊ သာသနာ့ဝန်ထမ်းပါပဲ။
သင်္ကန်းကြီးရုံထားပြီး စစ်တပ်အတွက် အလုပ်လုပ်နေရင်တော့ အကြမ်းဖက်စကစရဲ့ စစ်မှုထမ်းပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် စစ်အုပ်စုက လက်သပ်မွေးမြူထားတဲ့ သဘာဝရိပ်သာဘုန်းကြီးရဲ့ သူလျှိုဌာနချုပ်ဖြစ်ရေး အားထုတ်မှုကတော့ မဲဆောက်မြို့မှာ ပျက်စီးသွားပြီ ဖြစ်ပါတယ်။
©The Voice Of Spring
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
သတင်းသုံးသပ်

Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
👍17👏4
◼KNU ကူညီမှုဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံသည့် CDM မိသားစု(၂)စု ထပ်မံပေါင်းစည်းခွင့်ရ
ဩဂုတ်(၃၁)ရက်| နွေဦးအသံ |
CDM တပ်သား ဟိန်းစိုး ရဲ့ ဇနီးသည် ဒေါ်ကြည်ပြာဝင်းနဲ့ အတူ မိသားစုဝင်အားလုံးက လွတ်မြောက်နယ်မြေကို ရောက်ကြပါပြီ။
“ရင်ထဲမှာ အရမ်းဝမ်းသာတယ်၊ မိသားစုပြန်ဆုံရအောင် ကားတွေနဲ့ အားချင်း ဆင့်ကဲ ဆင့်ကဲ တိုက်ရိုက်ပို့ပေးတဲ့အတွက် KNU ကို ကျေးဇူးလည်းတင်တယ်၊ နွေးထွေးစွာ စောင့်ရှောက်တဲ့အတွက် ဂုဏ်လည်း ဂုဏ်ယူပါတယ်၊
ဘယ်လိုပဲ အကြမ်းဖက်အဖွဲ့အစည်းလို့ သူတို့ ပြောပြော၊ ဒီမှာတော့ ကျမတို့ လက်တွေ့မြင်ခဲ့ရတာကတော့ ကောင်းကောင်းနေ ကောင်းကောင်းစားခဲ့ရတယ်၊ ယောက်ျားဆီကိုလည်း ကောင်းကောင်းမွန်မွန်ပို့ပေးတယ်။”
တပ်မ(၄၄)လက်အောက်ခံ၊ ခမရ(၂)ကနေ ဩဂုတ်(၃)ရက်မှာ တပ်သားဟိန်းစိုးက ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တာပါ။
ပြည်သူ့ရင်ခွင်ခိုလှုံတဲ့ CDM စစ်သားတွေကို ခဏတာပဲ ကောင်းကောင်းမွန်မွန်ထားပြီး သတ်ပစ်နေတယ်လို့ တပ်ထဲမှာ ဝါဒဖြန့်ထားကြောင်း ဒေါ်ကြည်ပြာဝင်းက ဆက်ပြီး ပြောပြပါတယ်။
“သတ်မှာပဲ အနှေးနဲ့အမြန်၊ ထမင်းကျွေးနေတာတွေ လိုင်းပေါ်တင်ထားတော့၊ သူတို့က ပြောတယ်၊ အခုနေတော့ ကောင်းကောင်းကျွေးထားတာပေ့ါ၊ နောက်ရက်ဆို သတ်ပြီပေါ့၊
ကျမယောက်ျားကို သတ်လိုက်တယ် ဆိုပြီး ပြောတဲ့ရဲမေတွေကို ဒီမှာ ကိုယ့်မိသားစု စုံစုံလင်လင်နဲ့ နွေးနွေးထွေးထွေးနဲ့ အလုပ်အကိုင်တွေနဲ့ လုပ်နေပြီဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။”
နောက်ပြီး ဇွန်(၁၁)ရက်က သေနတ်(၂)လက်နဲ့အတူ CDM ပြုလုပ်ခဲ့တဲ့ တပ်ကြပ်ကြီး သန်းနိုင်ဦးကိုလည်း ဇနီးသည် ဒေါ်စန္ဒီဗီးလှိုင်နဲ့အတူ မိသားစုတွေ ပြန်လည်ဆုံတွေ့နိုင်အောင် KNU က ကူညီခဲ့ပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM စစ်သားတွေက သူတို့ရဲ့ မိသားစုတွေနဲ့အတူ လွတ်မြောက်နယ်မြေမှာ နွေးထွေးလုံခြုံစွာနဲ့ ဘဝသစ်ကို စတင်နေကြပါပြီ။
©The Voice Of Spring
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
ဩဂုတ်(၃၁)ရက်

👍12❤1
This media is not supported in your browser
VIEW IN TELEGRAM
လက်နက်နဲ့ CDM ပြုလုပ်သူ ရဲတပ်သားကို သိန်း ၇၀ ကျပ်ဆုချီးမြှင့်
👍11
This media is not supported in your browser
VIEW IN TELEGRAM
| Cobra နဲ့ Federal Wings ဒရုန်းစစ်ဆင်ရေး ||| နွေဦးအသ ံ |||
❤6👍4
◼ လူငယ်(၃)ဦးရဲ့ ခံစားချက်တွေကို ကိုကျားပေါက်က ထပ်မံ ဆွေးနွေးထားတာပါ။
https://fb.watch/fg3XCX7anj/
Speak To Me | Kyar Pauk
Episode(4)| နွေဦးအသံ |
#speaktome #kyarpauk #episode4 #thevoiceofspring
https://fb.watch/fg3XCX7anj/
Speak To Me | Kyar Pauk
Episode(4)
#speaktome #kyarpauk #episode4 #thevoiceofspring
👍2
| ပျော်တယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ယောက်ျားက ပြည်သူတွေ ချစ်တဲ့လူ ပြန်ဖြစ်သွားပြီ | ©ဒေါ်စန္ဒီဗီးလှိုင် ( CDM တပ်ကြပ်ကြီး သန်းနိုင်ဦး၏ ဇနီး )
◼ CDM တပ်ကြပ်ကြီး သန်းနိုင်ဦး နှင့် ဇနီးတို့က ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို အခုလို ဝေမျှထားပါတယ်။
https://fb.watch/fgu92Fnick/

👍1
This media is not supported in your browser
VIEW IN TELEGRAM
| ရေဖြူမြို့အနီး စကစ ထောက်ပို့ယာဥ်တန်းကို တိုက်ခိုက်ခဲ့ ||| နွေဦးအသ ံ |||
👍15
| အလင်းထဲကနေ နင် အမှောင်ထဲကို လိုက်မသွားနဲ့ပေါ့နော်၊ ရဲမေ တယောက် ပြောတယ်၊ဒါပေမဲ့ ဒီဘက်က ပိုလင်းတာပေါ့နော်၊ အမြင်လည်း ပိုကျယ်သွားတယ်၊ တပ်ထဲမှာက အကျယ်ချုပ်ပုံစံပဲထားတာ | ©ဒေါ်ကြည်ပြာဝင်း ( CDM တပ်သား ဟိန်းစိုး ရဲ့ ဇနီး )
◼ CDM တပ်သားဟိန်းစိုး နဲ့ ဇနီးဖြစ်သူ ဒေါ်ကြည်ပြာဝင်း တို့က ပြည်သူ့ရင်ခွင်က လက်တွေ့မှာ ဘယ်လိုရှိတယ်ဆိုတာကို အခုလို ဝေမျှထားပါတယ်။
©The Voice Of Spring - နွေဦးအသံ
https://fb.watch/fkzY3cNFuR/

👍6
ကရင်နီပြည်နယ်က စစ်ဘေးရှောင်ဖခင်နဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ မောင်ငယ်လေးကို အဝေးက စိတ်ပူနေရတဲ့ အမ ရယ်၊
◼ စကစ တက္ကသိုလ်ကို မတက်ဘဲ နိုင်ငံခြားမှာ ကျောင်းတက်သူတွေရယ်၊ စကစ တက္ကသိုလ်တက်ပြီး ပျော်နေတဲ့ သူတွေရယ်၊ အဲဒီသူငယ်ချင်းတွေကို ကြည့်ပြီး နိုင်ငံခြားလည်း မသွားနိုင်၊ စကစ တက္ကသိုလ်လည်း မတက်ဖို့ ဆုံးဖြတ်ထားတဲ့ လူငယ်တဦးအဖို့ ဘာဆက်လုပ်ရမလဲ၊
◼ လက်ရှိဘဝအခြေအနေကို ငြီးငွေ့နေသူ၊ စိတ်အတက်အကျမြန်နေသူ၊ ကိုယ်မပျော်တဲ့အလုပ်ကို ဆက်လုပ်နေရတဲ့ CDM တဦး အစရှိတဲ့ လူငယ်(၅)ဦးရဲ့ မေးခွန်းတွေကို ကိုကျားပေါက်က ထပ်မံ ဆွေးနွေးထားတာပါ။
Speak To Me | Kyar Pauk
Episode(5)| နွေဦးအသံ |
https://fb.watch/flODQIdtBq/

Episode(5)
https://fb.watch/flODQIdtBq/
❤4
This media is not supported in your browser
VIEW IN TELEGRAM
| NUG ကျောင်းပေါင်း ၇၇ ခုမှာ စာမေးပွဲစစ်ဆေး ||| နွေဦးအသ ံ |||
❤14👍2