This media is not supported in your browser
VIEW IN TELEGRAM
စကစ(၆)ဦးသေဆုံး၊ ဖမ်းမိတဲ့စစ်သုံ့ပန်း(၂)ဦးကို ကောင်းစွာထိန်းသိမ်း |||နွေဦးအသ ံ |||
👍8👏8
This media is not supported in your browser
VIEW IN TELEGRAM
ပြည်သူအသုံးပြုတဲ့လမ်းမှာ စကစ ထောင်ခဲ့တဲ့ မိုင်းတွေကို ဖယ်ရှား ||| နွေဦးအသ ံ |||
❤9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
ကြေညာချက်အမှတ်(၁၉/၂၀၂၂)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၏ သဘောထား ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ချက်
၂၀၂၂ ခုနှစ် သြဂုတ်လ ၁၉
၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ထုတ်ပြန်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် လွန်စွာစိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားလိုပါသည်။
အဆိုပါကြေညာချက်တွင် အထူးသံတမန်သည် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ပါရှိပါသည်။ ကျယ်ကျယ်ပြန့်ပြန့်သတိပေးချက်များကြားမှ မစ္စနိုလင်းဟေဇာ၏တွေ့ဆုံမှုဖြစ်ပါသည်။
အထူးသံတမန်က အစည်းအဝေးသည် စစ်အာဏာရှင်တို့အား “မည်သည့်နည်းဖြင့်မျှ တရားဝင်ခွင့်” ပေးခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ခြင်းအား ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ယခုတွေ့ဆုံမှုသည် အကြမ်းဖက်မှုများရပ်စဲရေး၊ လူ့အခွင့်အရေးအားလေးစားမှု၊ လိုအပ်နေသူများ အားလုံးထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိရေးများအတွက် ထပ်မံတောင်း ဆိုမှုပြုခြင်းသာဖြစ် ပါသည်။ အထူးသံတမန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် အရပ်သား နေအိမ်များကို မီးရှို့ ခြင်းများကို အဆုံးသတ်ရန်လည်း တောင်းဆိုခဲ့ပါသည်။ ထိုတောင်းဆိုချက်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ က အသိအမှတ်ပြုပါသည်။ သို့သော် ထိုသို့ထပ်ခါတလဲလဲ တောင်းဆိုမှုများသည် အသေးစိတ် ဆက်လက်ဆောင်ရွက်ရမည့်အကျိုးဆက်များနှင့် မဖြစ်မနေချိတ်ဆက်ထားခြင်းရှိရမည်ဖြစ်သည်။
အရပ်သားနေအိမ်များမီးရှို့ခြင်းကို အဆုံးသတ်ရန် အထူးသံတမန်ကတောင်းဆိုပြီးလျှင်ပြီးချင်းမှာပင် မကွေးတိုင်းအတွင်းရှိအိမ်ခြေ ၆၀၀ ရှိသောရွာကြီးတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာပြည်သူလူထု၏တရားဝင်ကိုယ်စားပြုပြီးအကြမ်းဖက် စစ်အာဏာရှင်များအပေါ် တရားဝင်မှုကိုအပ်နှင်း၍မရနိုင်ကြောင်း အထူးသံတမန်သည် သတိပြုသင့်ပါသည်။
အထူးသံတမန်သည် စစ်ရာဇ၀တ်ကောင်၊ သူ၏ဝန်ကြီးတို့နှင့် လက်ဆွဲနှုတ်ဆက်ကာ ဓာတ်ပုံရိုက်ခွင့်ပြု ခြင်းအားဖြင့် ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် အကြမ်းဖက်စစ်ကောင်စီ၏ဝါဒဖြန့်မှုအတွက် ကြားခံအဖြစ် အသုံးချခြင်း ခံခဲ့ရပါသည်။
အထူးသံတမန်က သူမ၏ထုတ်ပြန်ကြေညာချက်တွင် “မြန်မာပြည်သူများတွင် ကြောက်ရွံ့ခြင်းနှင့် လိုချင်တောင့်တရမှုကင်း၀ေးသော ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသည် “ပြည်သူများ၏ ဆန္ဒနှင့် ပြည်သူများ၏ လိုအပ်ချက်များကို အခြေခံ၍ အရပ်သား အုပ်ချုပ်မှုသို့ ပြန်လည်ရောက်ရှိရန်အတွက် ထိရောက်ပြီး ငြိမ်းချမ်းသည့် မြန်မာတို့ကိုယ်တိုင် ဦးဆောင်သော နိုင်ငံရေးလမ်းကြောင်းကို ပံ့ပိုးကူညီရန်” ပိုမိုကျယ်ပြန့်သော ကုလသမဂ္ဂ ကြိုးပမ်းမှု၏ အစိတ်အပိုင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများ၊ ကုလသမဂ္ဂ၏အရေးယူဆောင်ရွက်မှုများ မရှိသော်လည်း မြန်မာပြည်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နေ့စဉ်နှင့်အမျှ ကျင့်သုံးခဲ့ပြီး ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်ရေးတို့အတွက် အခွင့်အရေးဆိုင်ရာအခြေပြုသော တော်လှန်ရေးကြီးတစ်ရပ်ကို ဆင်နွှဲခဲ့သည်မှာ ၁၈ လကျော်ရှိခဲ့ပြီဖြစ်သည်။
အထူးသံတမန်က ပေးလိုက်ရသည့် မိမိ၏ နိုင်ငံရေးအရအနေအထားရပ်တည်ချက်ကိုနှိမ့်ချ ရင်းနှီး လိုက်ရမှုအတွက် 'ပွင့်ပွင့်လင်းလင်းပြောဆိုမှုများဖြင့် ဆက်လက်ထိတွေ့ဆက်ဆံရန်” အစီရင်ခံစာတွင် ဖော်ပြထားသော သဘောတူညီချက်ထက်ကျော်လွန်ပြီး စစ်အာဏာရှင်တို့ထံမှ လိုက်လျောမှုတစ်စုံတစ်ရာ ရယူနိုင်ခြင်း ရှိမရှိကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “အရေးကြီးလှသော အကျိုးသက်ဆိုင်သူ” အဖြစ်ဖော်ပြပြီး အထူးသံတမန်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် “သူမ၏ လက်ရှိအခြေအနေ” မှ မကြာမီအိမ်ပြန်နိုင်မည်ဟုမျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။ ထိုသို့ဖော်ပြခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား သီးသန့်ချုပ်နှောင်ထားဆဲဖြစ်ပြီး အထူးသံတမန် လာရောက်ကြောင်း ကြေညာ သည့်နေ့တွင်ပင် စစ်အာဏာရှင်တို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားနိုင်ငံရေးအရထောင်ဒဏ် ချမှတ်ခြင်းအား ခြောက်နှစ် ထပ်မံထည့်သွင်းချမှတ်ခဲ့ခြင်း အပေါ်လျစ်လျူရှုခဲ့ခြင်းပင် ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ မကြာသေးမီက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူလေးဦးအား တရားလက်လွတ်ကွပ်မျက်မှုအတွက် အထူးသံတမန်က ‘နောင်တွင် ကွပ်မျက်မှုအားလုံးကို ဆိုင်းငံ့ထားရန်’ တောင်းဆိုခဲ့သော်လည်း အဆိုပါရက်စက်ကြမ်းကြုတ်မှုများ၏ နောက်ကွယ်တွင်ရှိနေသည့် တရားမ၀င်တံခါးပိတ် စစ်ခုံရုံးများ၏ စီရင်မှုဖြင့် ကွပ်မျက်ခြင်းမှာ လူသတ်မှုဖြစ်ကြောင်း ဖော်ပြမထားပါ။ အထူးသံတမန်က တွေ့ဆုံမှု၏ ရည်ရွယ်ချက်မှာ စစ်အစိုးရနှင့် 'လက်တွေ့ကျသော ခြေလှမ်းများ' ကို ဆွေးနွေးရန် ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

လူထုတော်လှန်ရေးကို ထောက်ခံအားပေးရန်နှင့် စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုများ ၊ထောက်ပံ့ ကူညီမှုများအား လက်နက်သဖွယ်အသုံးချနေမှု၊ နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းပမ်းနေမှု နှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းများအားအဆုံးသတ်ရေးတို့အတွက် ကုလသမဂ္ဂ၏ကြိုးပမ်းမှု အားလုံးတွင် လက်တွေ့ကျကျမြင်နိုင်ရန်ပြသရမည်သာဖြစ်သည်။ အတိုချုပ်ပြောရပါက အကြမ်းဖက် စစ်အာဏာရှင်တို့အား ကျေနပ်စေရန်ချော့နေခြင်းများသာဖြစ်နေပါသည်။
ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည်ရရှိရန်အခွင့်အလမ်းအတွက် အထူးသံတမန်သည် အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူသိရှင်ကြား မိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေရမည်ဖြစ်ပြီး၊ ပြည်သူလူထု၏ ဆန္ဒကို အမှန်တကယ် နားထောင်ကာ လေးစားလိုက်နာရန် လိုအပ်ပါသည်။

👍2
This media is not supported in your browser
VIEW IN TELEGRAM
ပေါက်မြို့နယ် PRDF စခန်းမီးရှို့ဖျက်ဆီးခံခဲ့ရ ||| နွေဦးအသ ံ |||
😢12
◼ “ဦးသန်းရွှေ လက်စွဲစာအုပ်နဲ့ မင်းအောင်လှိုင် ဖော်ထုတ်ပေးတဲ့ အမာခံဒေါက်တိုင်များ”
စွမ်းအင် နဲ့ နည်းပညာလုပ်ငန်းတွေက အကျိုးအမြတ်ကြီးမားပါတယ်။
ဒီလို လုပ်ငန်းကြီးတွေကို စစ်အာဏာရှင်တွေက အလွယ်တကူလုပ်ကိုင်ခွင့်ပေးလေ့မရှိပါဘူး။
နအဖခေတ်တလျှောက်လုံးမှာ အစိုးရပိုင်အဖြစ်နဲ့ အပြည့်အ၀ ချုပ်ကိုင်ခဲ့တာပါ။
(၂၀၀၉-၂၀၁၀) ခုနှစ်တွေကြားမှာတော့ ပုဂ္ဂလိက လွှဲပေးဖို့ စီစဉ်ခဲ့ပါတယ်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘယ်သူတွေကို ရွေးချယ်ပြီး ဘယ်လိုပုံစံနဲ့ စဉ်းစားပြီး ပေးခဲ့သလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
◼
ပထမဦးဆုံးအနေနဲ့ မြတ်မေတ္တာမွန် ကုမ္ပဏီက စက်သုံးဆီလုပ်ငန်းနဲ့ ပတ်သက်ပြီး အများဆုံး လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
မြတ်မေတ္တာမွန် ကုမ္ပဏီကို ဒေါက်တာဝင်းမြင့်က ပိုင်ဆိုင်တာပါ။
ဒါပေမဲ့ နောက်ကွယ်ကနေ ဦးသန်းရွှေရဲ့ မြေး ဖိုးလပြည့်က အကျိုးတူ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒေါက်တာဝင်းမြင့် ရဲ့ သားဖြစ်သူနဲ့ အာဏာရှင်ကြီးရဲ့ မြေးဖြစ်သူ ဖိုးလပြည့်ကလည်း သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။
နောက်ပြီး တပည့်ရင်းဖြစ်သူ ဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်း ပါဝင်ပါတယ်။
အဲဒီနောက် အစဉ်အတိုင်းကြည့်ရင် ဦးတေဇ၊ ဧဒင်အုပ်စု ဦးချစ်ခိုင် နဲ့ ကမ္ဘောဇဘဏ်အုပ်စု ဦးအောင်ကိုဝင်းရဲ့ နီလာရိုးမ တို့ကို မြင်တွေ့ရမှာပါ။
ထူးခြားတာကတော့ ကြံ့ခိုင်ရေးပါတီကိုပါ ရံပုံငွေအတွက် အခြားအမည်ခံပြီး New Day ဆီဆိုင်တွေကို ဖန်တီးပေးခဲ့ပါတယ်။
ကိုယ်ကျိုးစီးပွားဦးစားပေးလွန်းတာကြောင့် မအောင်မြင်ဘဲ ဝန်ထမ်းစရိတ်ရှုံးတဲ့အတွက် နောက်ပိုင်းမှာ ကြံ့ခိုင်ရေးက အခြားကို ပြန်ရောင်းစားလိုက်တယ်လို့လည်း သိရပါတယ်။
ဒါကိုကြည့်ရင် ဦးသန်းရွှေဟာ သူ့ရဲ့ အရင်းနှီးဆုံး၊ အယုံကြည်ရဆုံး ဖြစ်ပြီး ဘယ်တော့မှ သစ္စာမဖောက်မယ့် ဒေါက်တိုင်တွေကိုသာ စနစ်တကျ ရွေးချယ်ပြီး စက်သုံးဆီလုပ်ငန်းကို ပေးအပ်ခဲ့တာ အထင်အရှား တွေ့ရမှာပါ။
◼
အခုလည်း မင်းအောင်လှိုင်က ရုရှကနေ စက်သုံးဆီတင်သွင်းခွင့်ပြုတဲ့ ကုမ္ပဏီတွေကို ကြည့်ရင်လည်း ရှေ့ကအတိုင်း ခြေရာတထပ်တည်း နင်းထားတာပါပဲ။
ဦးသန်းရွှေက သူ့မြေး နဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းကို ပေးခဲ့သလို မင်းအောင်လှိုင်က သူ့သား နဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ကို ပေးပါတယ်။
ဦးသန်းရွှေက သူ့တပည့် သူရရွှေမန်းကို ပေးခဲ့သလို မင်းအောင်လှိုင်ကလည်း သူ့တပည့် ဖြစ်သူ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌ ညိုစောကို ကော်မတီ ဥက္ကဋ္ဌ ပေးပါတယ်။
အဲဒီနောက်မှာတွေ့ရတဲ့ စစ်တပ်ပိုင် Star Hight ကုမ္ပဏီနဲ့ ပြင်ပ BOC, PT Power ကုမ္ပဏီ တို့ကိုလည်း မင်းအောင်လှိုင် ရဲ့ အရင်းနှီးဆုံး စိတ်အချရဆုံး ဒေါက်တိုင်တွေအဖြစ် နားလည်သဘောပေါက်ရမှာပဲ ဖြစ်ပါတယ်။
သူ့ကိုယ်သူ ခေတ်မီပြီး ပိုထက်မြက်တဲ့သူအဖြစ် စစ်တပ်အတွင်း ဝါဒဖြန့်လေ့ရှိတဲ့ မင်းအောင်လှိုင်ဟာ ဦးသန်းရွှေ နည်းအဟောင်းကိုလည်း လက်မလွှတ်နိုင်ဘဲ ရံဖန်ရံခါ သုံးနေတာလည်း တွေ့ရလေ့ရှိပါတယ်။
ဦးသန်းရွှေ လက်စွဲစာအုပ်နဲ့ မင်းအောင်လှိုင် ကိုယ်တိုင်ဖော်ထုတ်ပေးတဲ့ ဒီဒေါက်တိုင် လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ကွယ်မှာ တနည်းမဟုတ် တနည်းနဲ့ အဓိက ပါဝင်ပတ်သတ်မှုရှိနိုင်ပါတယ်။
©The Voice Of Spring - နွေဦးအသံ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။

Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
This media is not supported in your browser
VIEW IN TELEGRAM
သေနတ်(၃)လက်နဲ့တပ်သား(၂)ဦးက CDM ထပ်မံပြုလုပ် ||| နွေဦးအသ ံ |||
👏6👍3
◼ ကိုကျားပေါက်က ပြန်လည်ဆွေးနွေးထားတာကို နားဆင်လို့ရပါပြီ။
| Speak To ME | Kyar Pauk
Episode(1)||| နွေဦးအသ ံ |||
https://fb.watch/f1UoqZXZCl/
| Speak To ME | Kyar Pauk
Episode(1)
https://fb.watch/f1UoqZXZCl/
❤15
This media is not supported in your browser
VIEW IN TELEGRAM
ကသာမြို့နယ် KPDF တိုက်ခိုက်သဖြင့် စကစ (၅)ဦးခန့် ထိခိုက်သေဆုံး ||| နွေဦးအသ ံ |||
❤12👍4
This media is not supported in your browser
VIEW IN TELEGRAM
| သုံးထပ်ကွေ့ကို လေယာဥ်နဲ့ ဗုံးကြဲလျက်ရှိ ||| နွေဦးအသ ံ |||
🤬8🥰3