◼️သရက်ချောင်းမှာ သဘာဝဘေးအပြင် စစ်တပ် လေကြောင်းတိုက်ခိုက်သဖြင့် ကလေးနဲ့ အဖွားအိုအပါ ၄ ဦးသေဆုံး
၃၁ အောက်တိုဘာ ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ သရက်ချောင်းမြို့နယ်အတွင်း သဘာဝဘေးအပြင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး စက်အမြောက်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရွယ်မရောက်သေးတဲ့ မိန်းကလေး ၁ ဦးနဲ့ အဖွားအို ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
KNU တပ်မဟာ ၄ နယ်မြေရှိ ကညင်ချောင်းကျေးရွာအတွင်းသို့ နေ့လယ် ၁၂ နာရီ ၅ မိနစ်မှာ စစ်တပ်ရဲ့ K8W ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ၂၃ မီလီမီတာ စက်အမြောက်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားတာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ ၂၃ နှစ်နဲ့ ၂၅ နှစ်အရွယ် အမျိုးသား ၂ ဦးနဲ့ ၉၃ နှစ်အရွယ် အဖွားအို ၁ ဦး သေဆုံးခဲ့ပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေး ၂ ဦး အပါအဝင် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၂ လုံး၊ စာသင်ကျောင်းနဲ့ ယာဉ်အချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကညင်ချောင်းကျေးရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ရေဘေးအန္တရယ်နဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ရွာသူရွာသား ၂ ဦး အသေအပျောက်ရှိခဲ့တဲ့အပြင် နေအိမ် ၃၇၆ လုံးပျက်စီးခဲ့ပြီး ပြည်သူ ၁,၆၅၇ ဦး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ တပြိုင်နက်တည်း ကြုံတွေနေကြရတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬22😢6❤1👍1
◼️မြင်းမူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထပ်တိုးဖွဲ့စည်း
၃၁ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ မြင်းမူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မရှိသေးတဲ့ ကျေးရွာတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဦးဆောင်ပြီး အောက်တိုဘာ ၂၉ ရက်မှာ ရပ်ကွက်/ကျေးရွာ ပကဖ အဖွဲ့တွေ သွားရောက်ဖွဲ့စည်းပေးခဲ့တယ်လို့ သိရပါတယ်။
မြင်းမူမြို့နယ် ပကဖ တာဝန်ခံ၊ ဒုတာဝန်ခံ (စစ်ရေး)၊ သတင်းတာဝန်ခံနဲ့ ထောက်ပံ့/ပို့ဆောင်ရေး တာဝန်ခံတို့ပါဝင်တဲ့အဖွဲ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မရှိသေးတဲ့ ရွာတွေအထိ သွားရောက်ပြီး ရပ်ကွက်နဲ့ ကျေးရွာ ပကဖ ဖွဲ့စည်းပေးခဲ့ကြောင်း ပကဖ အသံက အောက်တိုဘာ ၃၁ ရက်မှာ ဖော်ပြထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ပြန်စွာ ဖွဲ့စည်းထားရှိပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | ပကဖ အသံ

🥰20👍9❤3👏2
◼️ကြို့ပင်ကောက်မှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုယာဉ်တန်းကို PDF တိုက်ခိုက်၊ စကစ ၄ ဦးသေဆုံး
၃၁ အောက်တိုဘာ ||| နွေဦးအသံ |||
ပဲခူးဒေသ၊ ကြို့ပင်ကောက်မြို့နယ်မှာ ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို PDF ရဲဘော်တွေက အောက်တိုဘာ ၂၉ ရက်၊ ညနေ ၅ နာရီခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်အရှေ့ဘက် ဆင်ပိုက်-ကြခတ္တန်းကြီးကျေးရွာဘက်သို့ ပေါ်တာဆွဲဖို့ စစ်အုပ်စု အင်အား ၆ဝ ခန့်၊ ယာဉ် ၃ စီးနဲ့ လာတာကို ကြိုတင်သတင်းရတဲ့အတွက် PDF ရဲဘော်တွေက စောင့်ဆိုင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၄ ဦးသေဆုံးတဲ့အပြင် ၂ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပြီး အလောင်းတွေကိုလည်း အရသယ်ဆောင်သွားကြတယ်လို့ BTZM ကြို့ပင်ကောက် PDF က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားတာပါ။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ သာယာဝတီခရိုင် အမှတ် ၃၈ဝ၂ တပ်ရင်း၊ တပ်ခွဲ ၅ BTZM က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Photo | BTZM ရဲဘော်များ (ပုံဟောင်း)

👍29👏6❤2🥰1