The Voice Of Spring | နွေဦးအသံ |
✔
28.5K subscribers
34.3K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ရှမ်းတောင်-ကရင်နီဒေသ PDF ၁၁၀၉ တပ်ရင်းရဲ့ မွမ်းမံသင်တန်း ပြီးစီး

၂၄ အောက်တိုဘာ ||| နွေဦးအသံ |||

ရှမ်းတောင်/ကရင်နီဒေသ အခြေစိုက် PDF အမှတ် ၁၁၀၉ တပ်ရင်းက ရဲဘော်တွေကို ကျင့်ဝတ်စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှုအပြင် သက်ဆိုင်ရာသင်ခန်းစာတွေ ပို့ချခဲ့တဲ့ မွမ်းမံသင်တန်း၊ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခြေခံမွမ်းမံသင်တန်းကို ၁၄ ရက်တာဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း ရှမ်းတောင် - ကရင်နီတိုင်းစစ်ဌာန၊ ကရင်နီစစ်ဒေသ၊ ဗျူဟာ ၁၁ ကွပ်ကဲမှုအောက်ရှိ အမှတ် ၁၁၀၉ တပ်ရင်းက မှတ်တမ်းပုံရိပ်အချို့နဲ့အတူ ‌ထုတ်ပြန်ထားတာပါ။

သင်တန်းကာလအတွင်း ရဲဘော်တွေ ကျင့်ဝတ်၊ စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှုနဲ့ သက်ဆိုင်ရာသင်ခန်းစာတွေကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားပို့ချခဲ့တယ်လို့ အမှတ် ၁၁၀၉ တပ်ရင်းက ဖော်ပြထားပါတယ်။

သင်တန်းကာလ အသိပညာ၊ အတွေ့အကြုံတွေကို လက်တွေ့နယ်ပယ်မှာ အသုံးချပြီး တော်လှန်ရေးတာဝန်တွေ ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အမှတ် ၁၁၀၉ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။

Photo | P3-1109 Phoenix Battalion

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤27👍8🥰3👏2🤬1
◼️‌ဟုမ္မလင်းရှိ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းယူ

🔹စစ်အုပ်စုဘက် အများအပြား သေဆုံးထိခိုက်ပြီး စစ်သုံ့ပန်းတချို့နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

၂၅ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရှမ်းနီတပ် SNA ပူးပေါင်းတပ်စခန်းကို KIA PDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၂ ရက်၊ ညနေပိုင်းမှာ သိမ်းပိုက်ခဲ့ရာ စစ်အုပ်စု အများအပြား သေဆုံးထိခိုက်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ဦးရွာမှာ စစ်တပ်နဲ့ လက်အောက်ခံ SNA ပြည်သူ့စစ် အင်အား ၁၀၀ ကျော် အထိုင်ချတပ်စွဲထားတဲ့စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ အများအပြား သေဆုံးထိခိုက်ခဲ့တဲ့အပြင် စစ်သုံ့ပန်းအချို့နဲ့အတူ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KIA ပြန်ကြားရေးနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားတာပါ။

KIA-PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သလို အထိနာသွားပြီး ကျန်တဲ့စစ်အုပ်စုက ဟုမ္မလင်းနဲ့ နန့်တောရွာတွေဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်ဦးကျေးရွာအနီးရှိ စစ်တပ်လက်အောက်ခံ SNA ပြည်သူ့စစ် စခန်းတခုကိုလည်း KIA PDF ပူး‌ပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးက အသိပေးထားပါတယ်။

လက်ရှိမှာ KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသအတွင်းရှိ ပြည်သူတွေကို လုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ကြဖို့ KIA ပူးပေါင်းတပ်တွေက သတိပေးထားတယ်လို့ သတင်းရရှိပါတယ်။

Photo | တောင်ဦးစခန်းသိမ်းပိုက်ပြီး သိမ်းဆည်းရရှိလက်နက်ခဲယမ်းများနဲ့ KIA နဲ့ PDF တပ်ဖွဲ့ဝင်များ - ပုံဟောင်း။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏28❤8👍2🥰2🤬1