◼️ပလက်ဝမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါ အရပ်သား ၂၀ ဦးထက်မနည်းသေဆုံးထိခိုက်
၁၉ အောက်တိုဘာ ||| နွေဦးအသံ |||
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သား ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ချောင်းဆုံဒေသကို နေ့လယ် ၁ နာရီခွဲခန့်မှာ မကွေးလေတပ်မှ တက်လာတဲ့ Y-12၊ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးတို့နဲ့ ဗုံးအလုံးရေ ၂၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက အသိပေးထားတာပါ။
တိုက်ခိုက်မှုကြောင့် စက်လှေဆိပ်ကမ်းမှာ အလုပ်လုပ်ကိုင် နေထိုင်ကြတဲ့ လသားအရွယ် ကလေးငယ်တဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၂၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုဟာ အပြစ်မဲ့အရပ်သားပြည်သူ အများအပြား စုဝေးရာနေရာကို စစ်ကောင်စီလေတပ်က ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှု၊ ပျက်စီးမှု အသေးစိတ်အခြေအနေတွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်မျက်နှာတွေမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ရှုံးမဲမဲပြီး နိုင်ငံအနှံ့ အပြစ်မဲ့ ပြည်သူနေထိုင်ရာ နေရာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Photo | လူမှုကွန်ယက်
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬35👍3❤2😢2
◼️IPU ညီလာခံမှာ CRPH ကို အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုထားရှိဖို့အတည်ပြု
🔹ဒေါ်ဇင်မာအောင် ဦးဆောင်အဖွဲ့က လေကြောင်းတိုက်ခိုက်မှု၊ အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရေးအပါ မြန်မာ့အရေးရှင်းလင်းတင်ပြ
၁၉ အောက်တိုဘာ ||| နွေဦးအသံ |||
နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့ ၁၅၃ ကြိမ်မြောက် အထွေထွေညီလာခံမှာ ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အစည်းအဝေးမှာ CRPH ကို IPU ရဲ့ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
တန်ဇန်းနီးယားနိုင်ငံ၊ အာရူးရှားမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ပဉ္စမနေ့၊ အမှုဆောင်ကောင်စီအစည်းအဝေးမှာ IPU ရဲ့ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုထားရှိဖို့ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း CRPH က ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းတဲ့ ဆုံးဖြတ်ချက်ကိုလည်း အတည်ပြုခဲ့တယ်လို့ CRPH က အသိပေးထားပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ IPU ညီလာခံရဲ့ အမှုဆောင်ကောင်စီ အစည်းအဝေးတွေ၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်ဖိုရမ်နဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ညီလာခံ စတုတ္ထနေ့မှာ အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း သီးခြားစီတွေ့ဆုံပြီး မြန့်မာအရေးအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။
NUG အစိုးရရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအခြေအနေတွေ၊ CRPH နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဥပဒေပြုရေး တာဝန်ထမ်းဆောင်နေမှု အခြေအနေတွေကို နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်အသိအမှတ်ပြုရေး အဓိက ဆွေးနွေးခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် မြန်မာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် SCEF ရဲ့ နိုင်ငံရေး ရပ်တည်ချက်၊ ရည်မှန်းချက်နဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ စစ်အုပ်စုရဲ့ အတုအယောင် လွှတ်တော်နဲ့ အစိုးရ ဖွဲ့စည်းပြီး နိုင်ငံတကာထံမှ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းမှုတွေကို တားဆီးနိုင်ရေး၊ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေထံ လူသားချင်းစာနာမှု အကူအညီတွေရရှိရေးတို့ကိုလည်း အဓိကဆွေးနွေးဆောင်ရွက်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | CRPH

❤33👍8🥰8🔥1
◼️အထူးတိုင်းစစ်ဌာနမှ စစ်သုံ့ပန်း ၁၆ ဦး PDF တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိ
၂၀ အောက်တိုဘာ ||| နွေဦးအသံ |||
ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးတိုင်းစစ်ဌာန၊ သုံ့ပန်းစခန်းမှ စစ်သုံ့ပန်း ၁၆ ဦးကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်သုံ့ပန်းစာရင်းမှ ပယ်ဖျက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်သားအဖြစ် ခံယူခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်သုံ့ပန်း ၁၆ ဦးဟာ ပေးအပ်တဲ့တာဝန်တွေကို သစ္စာရှိစွာ ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီး တော်လှန်ရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့အပြင် စစ်ရာဇဝတ်မှု ကင်းရှင်းသူတွေလည်း ဖြစ်ကြတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် သူတို့ရဲ့ သဘောဆန္ဒအလျောက် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ထောက်ခံမှုနဲ့ အဆိုပြုခဲ့ကြတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် ခံယူခွင့်လိုက်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေနဲ့ စစ်သုံ့ပန်းတွေကို စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ စနစ်တကျ ထိန်းသိမ်းထားရှိတယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားတာ တွေ့ရပါတယ်။

❤20👍9🥰3👏3