◼️ကြာအင်းဆိပ်ကြီးမှာ စစ်တပ်စစ်ကြောင်းကို မွန် ကရင် ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စကစ ၃၀ ဦးခန့် သေဆုံးထိခိုက်
၁၇ အောက်တိုဘာ ||| နွေဦးအသံ |||
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တံခွန်တိုင်ကျေးရွာရှိ ဇီးဖြူကုန်းတပ်စခန်းသို့ တပ်အပြောင်းအလဲလုပ်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မွန်၊ ကရင် မဟာမိတ်ပူးပေါင်းတပ်တွေက ပုလိန်ရွာအနီး၊ အောက်တိုဘာ ၁၂ ရက်မှာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
သုံးရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးထိခိုက်နိုင်တဲ့အပြင် MA1 ၃ လက်နဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က ဓာတ်ပုံမှတ်တမ်းနဲ့တကွ အောက်တိုဘာ ၁၆ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။
တိုက်ပွဲဖြစ်ပွားစဉ် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့သလို စစ်တပ်ဘက်ကလည်း အောက်တိုဘာ ၁၃ ရက်မှာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
အဆိုပါတိုက်ပွဲမှာ ရာမညမွန်တပ်တော် RMA ၊ မုဒုံမြို့နယ်ဒေသတပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ၊ အမှတ် ၁၆ တပ်ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Photo | RMA ၊ Eh Kaw
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

❤26👏13👍4🥰1
◼️ကန့်ဘလူမှာ ပြည်သူလူထုသွားလာရေးအဆင်ပြေစေဖို့ မြို့နယ် ပကဖ ဦးဆောင်ပြီး ကျောက်လမ်းခင်း
၁၇ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ကန့်ဘလူခရိုင်အတွင်း ပြည်သူလူထု သွားလာရေး အဆင်ပြေချောမွေ့စေဖို့အတွက် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဦးဆောင်ပြီး အောက်တိုဘာ ၁၆ ရက်မှာ ကျောက်ခင်းလမ်း ခင်းကျင်းမှုလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ခရိုင်အတွင်းရှိ တိုက်နယ်တခုမှာ အများပြည်သူသွားလာရေး အဆင်ပြေချောမွေ့စေဖို့ ကန့်ဘလူမြို့နယ် ပကဖ က ဦးဆောင်ပြီး တိုက်နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်တွေနဲ့အတူ ကျောက်လမ်းခင်းတဲ့လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း ပကဖ အသံက ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်တွေဟာ လုပ်ငန်းတာဝန် ၄ ရပ်ထဲမှ တိုက်ခိုက်ရေးတာဝန်အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | ပကဖ အသံ

❤25👍7🥰5
◼️ဆောမြို့နယ်ရှိ လမ်းပိုင်းအချို့မှာ ယာဉ်ကြီး/ယာဉ်ငယ်များ သွားလာခြင်းမပြုရန် PDF ကန့်သတ်
၁၇ အောက်တိုဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ ဆောမြို့နယ်ရှိ လမ်းပိုင်းအချို့ကို ပြည်သူတွေ သွားလာခြင်းမပြုကြဖို့ ကန့်သတ်တားမြစ်လိုက်တယ်လို့ PDF ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်းက အောက်တိုဘာ ၁၇ ရက်မှာ အသိပေးထားတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပုပ္ပကိုင်း - လယ်ဖြူ - ဝက္ကု ကားလမ်းပိုင်းကို အောက်တိုဘာ ၁၇ ရက်မှစပြီး မော်တော်ဆိုင်ကယ်တွေ မပါဝင်ဘဲ ယာဉ်ကြီး၊ ယာဉ်ငယ်တွေ သွားလာခြင်းမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၆ - Laung She PDF က အသိပေးကြေညာထားတာပါ။
ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံစေရေးအတွက် ထုတ်ပြန်ချက်ကို အလေးထားလိုက်နာကြဖို့ မေတ္တာရပ်ခံထားပြီး မလိုက်နာပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအတွက် တာဝန်ယူနိုင်မှာ မဟုတ်ကြောင်းကိုလည်း ဂန့်ဂေါခရိုင် တပ်ရင်း ၆ က အသိပေးထားတာ တွေ့ရပါတယ်။
Photo | ဂန့်ဂေါခရိုင် တပ်ရင်း ၆ မှ ရဲဘော်များ (ပုံဟောင်း)

👍34❤6🥰4
◼️မတ္တရာမြို့နယ် ကျေးရွာတွေကို စစ်တပ် လေကြောင်းမှအကြောင်းမဲ့ဗုံးကြဲ၊ ဒေသခံပြည်သူ ၇ ဦးသေဆုံးထိခိုက်
၁၈ အောက်တိုဘာ ||| နွေဦးအသံ |||
မန္တလေးဒေသ၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က အောက်တိုဘာ ၁၆ ရက်၊ ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့ အနောက်တောင်ခြမ်းရှိ မိုးကြိုးရွာ၊ ရေလည်ကျွန်းရွာနဲ့ အိုင့်ဒိုင်ရွာတွေကို ညနေ ၄ နာရီ ၁၅ မိနစ်မှာ တံတားဦး လေတပ်မှတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားတာပါ။
တိုက်ခိုက်မှုကြောင့် မိုးကြိုးရွာမှ အသက်ကြီး အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် အိုင့်ဒိုင်ရွာမှ အသက် ၄၀ ခန့် နဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသမီး ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားတာ၊ တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ အကြောင်းမဲ့ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေးထားတာ တွေ့ရပါတယ်။

🤬31❤4😢3👍1