◼️ကျိုက်ထိုနဲ့ ဘီးလင်းမှ ကျေးရွာတွေကို စစ်တပ် လေကြောင်းလက်နက်ကြီးတွေနဲ့ ရက်ဆက်တိုက်ခိုက်၊ ပြည်သူ ၇ ဦးသေဆုံး
၁၄ အောက်တိုဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က အောက်တိုဘာ ၁၃ ရက်၊ ညပိုင်းမှာ ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၅ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလူးကြီးကျေးရွာကို စစ်ကောင်စီ လေတပ်က ည ၇ နာရီခန့်မှာ ပေါင် ၃၀၀ ဗုံးနဲ့ကြချတိုက်ခိုက်ခဲ့တဲ့အပြင် ကျိုက်ထိုမြို့အခြေစိုက် အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်နဲ့ ဘီးလင်းမြို့အခြေစိုက် အမှတ် (၃) အမြောက်တပ်တို့မှလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် မိသားစုဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်မှာလည်း ကျိုက်ထိုမြို့နယ်ရှိ ငှက်ပျောတောရွာကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬37😢6👍2❤1
◼️ရခိုင်စစ်ဘေးရှောင်ပြည်သူ ၇၅၀၀ ခန့်အတွက် ပြည်တွင်းပြည်ပမှ ပြည်သူတွေက ကျပ်သိန်း ၂၀၀၀ ကျော်ကူညီ
၁၅ အောက်တိုဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်စခန်း ၄ ခုနဲ့ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးထိခိုက်ခဲ့တဲ့ ပြည်သူတွေ စုစုပေါင်း ၇၅၀၀ ခန့်ကို အရေးပေါ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ဖို့အတွက် ပြည်တွင်းပြည်ပစေတနာရှင်တွေက ငွေကျပ်သိန်း ၂၀၀၀ ကျော် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ ၇၅၀၀ ခန့် ခိုလှုံလျက်ရှိတဲ့ အကြီးဆုံးစစ်ဘေးရှောင်စခန်း ၄ ခုရှိ အိမ်ထောင်စု ၁၆၀၇ စုအတွက် တစုကို ကျပ်တသိန်းနှုန်းနဲ့ ၁၆၀၇ သိန်းကျပ်ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ဦးစီးဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသား စာရေးဆရာ ဝေဟင်အောင်က အောက်တိုဘာ ၁၄ ရက်၊ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အသိပေးထားတာပါ။
ဒါ့အပြင် ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကစ္စပနဒီ တံတားဝန်းကျင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေထဲမှ အဆက်အသွယ်ရရှိသူတွေနဲ့ ထိခိုက်ခဲ့တဲ့ ပြည်သူတွေအတွက် တဦးကို ငွေကျပ် ၁၈ သိန်းနဲ့ သိန်း ၄၅၀ ခန့် ဖြန့်ဝေခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့တကွ ဖော်ပြထားပါတယ်။
အဆိုပါ ထောက်ပံ့ကူညီမှုဟာ ပြည်တွင်းပြည်ပမှ စေတနာရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေကို ULA အုပ်ချုပ်ရေးအဖွဲ့၊ HDCO တို့နဲ့ ပူးပေါင်းပြီး လိုအပ်နေသူတွေထံသို့ ပြန်လည်ဖြန့်ဝေကူညီပေးတာဖြစ်သလို ထိခိုက်နစ်နာသူတွေအတွက် တဦးကို ၁၀ သိန်း ထပ်မံထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့လည်း အသိပေးထားတာ တွေ့ရပါတယ်။

🥰25❤17👍7🔥1👏1
◼️မြင်းခြံခရိုင်အတွင်း လက်နက်ခဲယမ်းရောင်းဝယ်ခြင်းမပြုရန် PDF တားမြစ်
၁၅ အောက်တိုဘာ ||| နွေဦးအသံ |||
မန္တလေး၊ မြင်းခြံခရိုင်အတွင်း လက်နက်နဲ့ ခဲယမ်းရောင်းဝယ်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြင်းခြံခရိုင်စစ်ဌာနက တားမြစ်လိုက်ပြီး ကျူးလွန်ပါက ပစ်ခတ်ဖမ်းဆီးအရေးယူတာ၊ ကြီးလေးတဲ့ပြစ်ဒဏ်ပေးတာတွေကို ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ခရိုင်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့တွေ၊ ပကဖ နဲ့ LPDF ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းရောင်းဝယ်ခြင်းကို တားမြစ်ကြောင်း PDF ၊ မြင်းခြံခရိုင်စစ်ဌာနက အောက်တိုဘာ ၁၄ ရက်မှာ အမိန့်ထုတ်ပြန်ညွှန်ကြားလိုက်တာပါ။
အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ပစ်ခတ်ဖမ်းဆီးအရေးယူတာ၊ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးတာတွေကို ချမှတ်သွားမှာဖြစ်တယ်လို့ PDF ၊ မြင်းခြံခရိုင်စစ်ဌာနက ထုတ်ပြန်ချက်မှာ အသိပေးကြေညာထားတာ တွေ့ရပါတယ်။
Photo | မြင်းခြံခရိုင်စစ်ဌာန (မလှိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ဇူလိုင်လမှာ တိုက်ခိုက်ခဲ့စဉ်)

❤28👍22🥰3
◼️ညောင်ဦး၊ ဗျတ္တပန်းဆက်လမ်းရှိ စစ်တပ်စခန်းကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်ရာ စကစ ၆ ဦးအထက်သေဆုံးထိခိုက်
၁၅ အောက်တိုဘာ ||| နွေဦးအသံ |||
မန္တလေးဒေသ၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ယာယီအထိုင်ချထားတဲ့ စခန်းတခုကို PDF ၊ ပကဖ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၁ ရက်၊ မနက်ပိုင်းမှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗျတ္တပန်းဆက်လမ်းပိုင်း တနေရာမှာ ယာယီစခန်းချနေထိုင်နေတဲ့ စစ်တပ်စခန်းတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တဲ့အပြင် ထွက်ပြေးသွားတဲ့သူတွေလည်း ရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် (ပကဖ)က အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားတာပါ။
စစ်ဆင်ရေးကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ် စကားဝါ PDF ၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေက ဟန်ချက်ညီစွာ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေရှိတဲ့ နေရာတွေနဲ့ လမ်းပိုင်းတွေမှာ အထူးသတိပြု သွားလာကြဖို့ကိုလည်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေး နှိုးဆော်ထားတာ တွေ့ရပါတယ်။
Photo | ညောင်ဦး ပကဖ

❤38👏7👍4
| ညောင်ဦး ဗျတ္တပန်းဆက်လမ်းရှိ စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်စီးနင်းတိုက်ခိုက်မှုမှတ်တမ်း |
◼️မန္တလေးဒေသ၊ ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းပိုင်း တနေရာမှာ ယာယီစခန်းချနေထိုင်နေတဲ့ အကြမ်းဖက်စစ်တပ်စခန်းတခုကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ် စကားဝါ PDF ၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၁၁ ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တဲ့အပြင် ထွက်ပြေးသွားတဲ့သူတွေလည်း ရှိခဲ့ကြောင်း မြို့နယ်(ပကဖ)က အောက်တိုဘာ ၁၅ ရက်မှာ ရုပ်သံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားပါတယ်။
Video | ညောင်ဦး ပကဖ

❤34👍13👏3🥰1