◼️KIA က အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ပြီး တဦးကို ကျပ်သိန်း ၂၀၀ စီ ပေးအပ်ချီးမြှင့်
၁၃ အောက်တိုဘာ ||| နွေဦးအသံ |||
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်မှ SNA တပ်ဖွဲ့ဝင် ၃ ဦးက လက်နက်ခဲယမ်းတွေနဲ့အတူ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ အောက်တိုဘာ ၁၁ ရက်မှာ အလင်းဝင်ခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။
စစ်တပ်လက်အောက်ခံ SNA တပ်မဟာ ၈၉၁ ၊ တပ်ရင်း ၄ မှ တပ် ၃ ဦးက သေနတ် ၃ လက်၊ စစ်သုံးပစ္စည်းတွေနဲ့အတူ KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ ထံ ဆက်သွယ်အလင်းဝင်လာခဲ့တဲ့အတွက် အခမ်းအနားနဲ့ ကြိုဆိုခဲ့တဲ့အပြင် တဦးကို ကျပ်သိန်း ၂၀၀ စီ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားကြတာပါ။
သူတို့ဟာ လုပ်သက် ၂ နှစ်ကျော်ရှိပြီဖြစ်သလို SNA အဖွဲ့ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ ခံယူချက်တွေ ရှင်းလင်းစွာချမှတ်ထားမှုမရှိတာ၊ အရာရှိတွေဟာလည်း စစ်တပ်နဲ့ပေါင်းပြီး ကိုယ်ကျိုးရှာနေကြတဲ့အပြင် ဒေသခံတွေကိုလည်း လူမျိုးဘာသာခွဲခြားတာ၊ လက်နက်အားကိုး အနိုင်ကျင့်တာတွေကြောင့် အလင်းဝင်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။
KIA အနေနဲ့ အလင်းဝင်လာသူတွေရဲ့ လုံခြုံရေးအတွက် အာမခံပေးထားပြီး တပ်ဖွဲ့မှာ ပြန်လည်တာဝန်ထမ်းဆောင်လိုပါက အသိအမှတ်ပြု တာဝန်ခန့်အပ်ပေးမှာဖြစ်သလို အရပ်သားပြည်သူအနေနဲ့ နေထိုင်လိုပါကလည်း လုံခြုံစွာထွက်ခွာခွင့်ပြုပြီး လွတ်လပ်စွာရွေးချယ်ခွင့်တွေပေးထားတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | လူမှုကွန်ယက်
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍35👏6🥰2
◼️ထန်းတပင်မှာ စစ်တပ်စခန်းနဲ့ စစ်ကြောင်းကို KNLA PDF တိုက်ခိုက်မှု စကစအများအပြားသေဆုံးထိခိုက်
၁၃ အောက်တိုဘာ ||| နွေဦးအသံ |||
ပဲခူးဒေသ၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စခန်းကို KNLA PDF ပူးပေါင်းတပ်တွေက စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ရိက္ခာပို့စစ်ကြောင်းကိုလည်း စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် အမှတ် ၇၃ ခြေလျင်တပ်ရင်း - ခလရ ၇၃ မှ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နဲ့ ပဲခူးတိုင်းအစပ်ရှိ သပြေညွန့်ကျေးရွာရှိ စစ်တပ်စခန်းသို့ ရိက္ခာပို့တဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို အောက်တိုဘာ ၆ ရက်၊ မနက်ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့နဲ့ ပကဖ ရဲဘော်အချို့က ရုပ်သံမှတ်တမ်းနဲ့တကွ အောက်တိုဘာ ၁၀ ရက်မှာ အသိပေးထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ဘုမ္မတီးရွာတပ်စွဲထားတဲ့ စစ်တပ်စခန်းရှိ စစ်အုပ်စုကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်မှာ စနိုက်ပါနဲ့ ဒုတိယအကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါစစ်ဆင်ရေးတွေကို KNLA တပ်မဟာ ၂ ကွပ်ကဲမှုအောက်ရှိ အထူးပြောက်ကျားတပ်ဖွဲ့နဲ့ ကြည့်မြင်တိုင် ပကဖ (ရန်ကုန်) တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
Video | လူမှုကွန်ယက်

👍40❤12🥰4👏1
◼️ကျိုက်ထိုနဲ့ ဘီးလင်းမှ ကျေးရွာတွေကို စစ်တပ် လေကြောင်းလက်နက်ကြီးတွေနဲ့ ရက်ဆက်တိုက်ခိုက်၊ ပြည်သူ ၇ ဦးသေဆုံး
၁၄ အောက်တိုဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က အောက်တိုဘာ ၁၃ ရက်၊ ညပိုင်းမှာ ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၅ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလူးကြီးကျေးရွာကို စစ်ကောင်စီ လေတပ်က ည ၇ နာရီခန့်မှာ ပေါင် ၃၀၀ ဗုံးနဲ့ကြချတိုက်ခိုက်ခဲ့တဲ့အပြင် ကျိုက်ထိုမြို့အခြေစိုက် အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်နဲ့ ဘီးလင်းမြို့အခြေစိုက် အမှတ် (၃) အမြောက်တပ်တို့မှလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် မိသားစုဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်မှာလည်း ကျိုက်ထိုမြို့နယ်ရှိ ငှက်ပျောတောရွာကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

🤬37😢6👍2❤1
◼️ရခိုင်စစ်ဘေးရှောင်ပြည်သူ ၇၅၀၀ ခန့်အတွက် ပြည်တွင်းပြည်ပမှ ပြည်သူတွေက ကျပ်သိန်း ၂၀၀၀ ကျော်ကူညီ
၁၅ အောက်တိုဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်စခန်း ၄ ခုနဲ့ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးထိခိုက်ခဲ့တဲ့ ပြည်သူတွေ စုစုပေါင်း ၇၅၀၀ ခန့်ကို အရေးပေါ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ဖို့အတွက် ပြည်တွင်းပြည်ပစေတနာရှင်တွေက ငွေကျပ်သိန်း ၂၀၀၀ ကျော် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ ၇၅၀၀ ခန့် ခိုလှုံလျက်ရှိတဲ့ အကြီးဆုံးစစ်ဘေးရှောင်စခန်း ၄ ခုရှိ အိမ်ထောင်စု ၁၆၀၇ စုအတွက် တစုကို ကျပ်တသိန်းနှုန်းနဲ့ ၁၆၀၇ သိန်းကျပ်ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ဦးစီးဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသား စာရေးဆရာ ဝေဟင်အောင်က အောက်တိုဘာ ၁၄ ရက်၊ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အသိပေးထားတာပါ။
ဒါ့အပြင် ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကစ္စပနဒီ တံတားဝန်းကျင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေထဲမှ အဆက်အသွယ်ရရှိသူတွေနဲ့ ထိခိုက်ခဲ့တဲ့ ပြည်သူတွေအတွက် တဦးကို ငွေကျပ် ၁၈ သိန်းနဲ့ သိန်း ၄၅၀ ခန့် ဖြန့်ဝေခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့တကွ ဖော်ပြထားပါတယ်။
အဆိုပါ ထောက်ပံ့ကူညီမှုဟာ ပြည်တွင်းပြည်ပမှ စေတနာရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေကို ULA အုပ်ချုပ်ရေးအဖွဲ့၊ HDCO တို့နဲ့ ပူးပေါင်းပြီး လိုအပ်နေသူတွေထံသို့ ပြန်လည်ဖြန့်ဝေကူညီပေးတာဖြစ်သလို ထိခိုက်နစ်နာသူတွေအတွက် တဦးကို ၁၀ သိန်း ထပ်မံထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့လည်း အသိပေးထားတာ တွေ့ရပါတယ်။

🥰25❤17👍7🔥1👏1
◼️မြင်းခြံခရိုင်အတွင်း လက်နက်ခဲယမ်းရောင်းဝယ်ခြင်းမပြုရန် PDF တားမြစ်
၁၅ အောက်တိုဘာ ||| နွေဦးအသံ |||
မန္တလေး၊ မြင်းခြံခရိုင်အတွင်း လက်နက်နဲ့ ခဲယမ်းရောင်းဝယ်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြင်းခြံခရိုင်စစ်ဌာနက တားမြစ်လိုက်ပြီး ကျူးလွန်ပါက ပစ်ခတ်ဖမ်းဆီးအရေးယူတာ၊ ကြီးလေးတဲ့ပြစ်ဒဏ်ပေးတာတွေကို ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ခရိုင်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့တွေ၊ ပကဖ နဲ့ LPDF ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းရောင်းဝယ်ခြင်းကို တားမြစ်ကြောင်း PDF ၊ မြင်းခြံခရိုင်စစ်ဌာနက အောက်တိုဘာ ၁၄ ရက်မှာ အမိန့်ထုတ်ပြန်ညွှန်ကြားလိုက်တာပါ။
အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ပစ်ခတ်ဖမ်းဆီးအရေးယူတာ၊ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးတာတွေကို ချမှတ်သွားမှာဖြစ်တယ်လို့ PDF ၊ မြင်းခြံခရိုင်စစ်ဌာနက ထုတ်ပြန်ချက်မှာ အသိပေးကြေညာထားတာ တွေ့ရပါတယ်။
Photo | မြင်းခြံခရိုင်စစ်ဌာန (မလှိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ဇူလိုင်လမှာ တိုက်ခိုက်ခဲ့စဉ်)

❤28👍22🥰3