◼️ပုလောမြို့နယ် ခလရ ၂၈၅ တပ်အနီး ကာကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စကစ ၁၀ ဦးခန့်သေဆုံး
၁၂ အောက်တိုဘာ ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ ပုလောမြို့နယ် အကြမ်းဖက်စစ်တပ် ခလရ ၂၈၅ အနီးရှိ ကာကင်းစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်တပ် ခလရ ၂၈၅ နဲ့ မီတာ ၅၀၀ ခန့်အကွာရှိ အင်အား ၂၅ ဦးခန့်တပ်စွဲထားတဲ့ ကာကင်းစခန်းကို မနက် ၆ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်အတွင်း သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။
တိုက်ခိုက်မှုအတွင်း ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလွတ်မြောက်သွားပြီး စစ်တပ်ထံမှ လက်နက်ငယ် ၄ လက်၊ လက်နက်ကြီး ၁ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တဲ့အပြင် သိမ်းပိုက်ပြီးနောက် စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီစစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Photo | KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍40❤8👏5🥰2
◼️ဝက်လက်အနောက်ခြမ်းကျေးရွာတွေကို လူအိပ်မောကျချိန် စစ်တပ်လေယာဉ်နဲ့ဗုံးကြဲ၊ ဒေသခံပြည်သူ ၃ ဦးသေဆုံး
၁၃ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၂ ရက်၊ မနက် ၃ နာရီခန့်(ပြည်သူလူထုအိပ်မောကျနေချိန်)မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရွာသာကြီးကျေးရွာ၊ လှတောကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို တံတားဦးလေတပ်မှတက်လာတဲ့ Y-12 ဗုံးကြဲလေယာဉ်တစီးနဲ့ ၁၃ ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စိစစ်နေဆဲဖြစ်တယ်လို့ ဝက်လက်မြို့နယ်(ပကဖ)က ထုတ်ပြန်ထားတာပါ။
အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်(ပကဖ)က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။
Photo | ဝက်လက် ပကဖ

🤬31😢6👍2
| ပုလောမှာ စစ်တပ်ကာကင်းစခန်းကို KNLA PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်မှုမှတ်တမ်း |
◼️တနင်္သာရီဒေသ၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ခလရ ၂၈၅ ရဲ့ ကာကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတို့က အောက်တိုဘာ ၁၂ ရက်၊ မနက် ၇ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး စစ်တပ်ထံမှ လက်နက်ငယ် ၄ လက်၊ လက်နက်ကြီး ၁ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်တပ်စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။
Video | KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့
၁၂ အောက်တိုဘာ| နွေဦးအသံ |
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
◼️တနင်္သာရီဒေသ၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ခလရ ၂၈၅ ရဲ့ ကာကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတို့က အောက်တိုဘာ ၁၂ ရက်၊ မနက် ၇ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး စစ်တပ်ထံမှ လက်နက်ငယ် ၄ လက်၊ လက်နက်ကြီး ၁ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်တပ်စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။
Video | KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့
၁၂ အောက်တိုဘာ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30❤6🥰2🤬1
◼️ပုလဲမြို့နယ်အတွင်း ပျက်စီးနေတဲ့လမ်းပိုင်းများ ပကဖ နဲ့ ပြည်သူလူထု ပူးပေါင်းပြင်ဆင်နေ
၁၃ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ပျက်စီးနေတဲ့လမ်းပိုင်းတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပြည်သူတွေ ပူးပေါင်းပြီး ပြင်ဆင်မှုတွေလုပ်ဆောင်လျက်ရှိတယ်လို့ အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားတဲ့ ပကဖ အသံရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြို့နယ်အတွင်း မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့ လမ်းပိုင်းတွေကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်တွေနဲ့ ဒေသခံ ပြည်သူလူထု ပူးပေါင်းပြီး ပြင်ဆင်နေတယ်လို့ ပကဖ အသံက ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။
ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန် ၄ ရပ်ထဲမှ တိုက်ခိုက်ရေးနဲ့ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းတွေအပြင် လူထုအကျိုးပြုလုပ်ငန်းတွေကိုပါ တပြိုင်နက်တည်း ထမ်းဆောင်နေတာဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | ပကဖ အသံ

❤24👍10🥰3👏2🔥1