The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ပုလောမြို့နယ်မှာ စစ်တပ်ကာကင်းစခန်းကို KNLA PDF ပူးပေါင်းတပ်တိုက်ခိုက်၊ လက်နက်များသိမ်းဆည်းရရှိ

၁၂ အောက်တိုဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ခလရ ၂၈၅ ရဲ့ ကာကင်းစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၂ ရက်၊ မနက် ၇ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပုလောကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာအနီး စစ်ကောင်စီတပ် ခလရ ၂၈၅ တပ်စွဲထားတဲ့ ကာကင်းစခန်းကို KNLA နဲ့ PDF ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုအတွင်း စစ်တပ်ထံမှ MA1 ၁ လက်၊ MA3 ၁ လက်၊ OG ၁ လက်၊ AK ၁ လက်၊ ၆၀ မမ ၁ လက်နက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Photo | KNU (သိမ်းဆည်းရရှိလက်နက်များ)၊ မြိတ်ခရိုင် တပ်ရင်း ၁ (၂၀၂၅ စက်တင်ဘာလအတွင်း ထမင်းမစားရွာစစ်တပ်စခန်းသိမ်းပိုက်ခဲ့စဉ် - ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤23👏11👍3🔥2❤‍🔥1
◼️‌ပုလောမြို့နယ် ခလရ ၂၈၅ တပ်အနီး ကာကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စကစ ၁၀ ဦးခန့်သေဆုံး

၁၂ အောက်တိုဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ပုလောမြို့နယ် အကြမ်းဖက်စစ်တပ် ခလရ ၂၈၅ အနီးရှိ ကာကင်းစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်တပ် ခလရ ၂၈၅ နဲ့ မီတာ ၅၀၀ ခန့်အကွာရှိ အင်အား ၂၅ ဦးခန့်တပ်စွဲထားတဲ့ ကာကင်းစခန်းကို မနက် ၆ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်အတွင်း သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။

တိုက်ခိုက်မှုအတွင်း ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလွတ်မြောက်သွားပြီး စစ်တပ်ထံမှ လက်နက်ငယ် ၄ လက်၊ လက်နက်ကြီး ၁ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တဲ့အပြင် သိမ်းပိုက်ပြီးနောက် စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီစစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍40❤8👏5🥰2
◼️‌ဝက်လက်အနောက်ခြမ်းကျေးရွာတွေကို လူအိပ်မောကျချိန် စစ်တပ်လေယာဉ်နဲ့ဗုံးကြဲ၊ ဒေသခံပြည်သူ ၃ ဦးသေဆုံး

၁၃ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၂ ရက်၊ မနက် ၃ နာရီခန့်(ပြည်သူလူထုအိပ်မောကျနေချိန်)မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွာသာကြီးကျေးရွာ၊ လှတောကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို တံတားဦးလေတပ်မှတက်လာတဲ့ Y-12 ဗုံးကြဲလေယာဉ်တစီးနဲ့ ၁၃ ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စိစစ်နေဆဲဖြစ်တယ်လို့ ဝက်လက်မြို့နယ်(ပကဖ)က ထုတ်ပြန်ထားတာပါ။

အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်(ပကဖ)က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | ဝက်လက် ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬31😢6👍2
‎| ပုလောမှာ စစ်တပ်ကာကင်းစခန်းကို KNLA PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်မှုမှတ်တမ်း |
‎
‎◼️တနင်္သာရီဒေသ၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ခလရ ၂၈၅ ရဲ့ ကာကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတို့က အောက်တိုဘာ ၁၂ ရက်၊ မနက် ၇ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး စစ်တပ်ထံမှ လက်နက်ငယ် ၄ လက်၊ လက်နက်ကြီး ၁ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်တပ်စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။
‎
‎Video | KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့
‎
‎၁၂ အောက်တိုဘာ | နွေဦးအသံ |
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30❤6🥰2🤬1