The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌တမူးခရိုင်တပ်ရင်း ၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ ရှေ့လုပ်ငန်းစဉ်နဲ့ ရဲဘော်တွေရဲ့ လိုအပ်ချက်များဆွေးနွေး

၁၂ အောက်တိုဘာ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် တပ်ရင်း ၂ ရဲ့ စစ်မြေပြင်တပ်မှူးတွေပါ တက်ရောက်ခဲ့တဲ့ တပ်ရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေ၊ ရှေ့တန်းရဲဘော်တွေရဲ့ လိုအပ်ချက်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးကို ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မြေပြင်တပ်မှူးတွေ၊ လက်ရုံးတပ်ဖွဲ့၊ တပ်ရင်းဆေးတပ်ဖွဲ့၊ တပ်ရင်းရုံးအဖွဲ့၊ အရံတပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာအရာရှိတွေ တက်ရောက်ခဲ့ကြပြီး မနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အစည်းအဝေးမှာ ရှေ့ဆက်ဆောင်ရွက်မယ့် တပ်ရင်းလုပ်ငန်းစဉ်တွေအပြင် အုပ်ချုပ်ရေးနဲ့ စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး၊ ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ဆေးတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေနဲ့ ရှေ့တန်းရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူကို ဗဟိုပြုပြီး ပြည်သူတွေ ယုံကြည်အားကိုးထိုက်တဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော်ဖြစ်လာစေဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကတိသစ္စာပြုကြောင်း တမူးခရိုင် အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍34❤5🥰3👏1
◼️‌ရေးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို KNLA နဲ့ ရေးဘီလူးတပ် ကြားဖြတ်တိုက်ခိုက် စကစ ၃ ဦးသေဆုံး

၁၂ အောက်တိုဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၁၀ ရက်၊ မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကျွဲတလင်းနဲ့ လော့သိုင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မနက် ၈ နာရီခွဲခန့်မှာ အသင့်စောင့်ကြိုပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁ နာရီခန့်ကြာ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းက ထုတ်ပြန်ထားတာပါ။

စစ်တပ်စစ်ကြောင်းဟာ တပ်ရင်း/တပ်ဖွဲ့ ၆ ခု ပူးပေါင်းလာတာဖြစ်သလို အင်အား ၂၀၀ ကျော်ပါဝင်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ နဲ့ ရေးဘီလူးတပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Video | ရေးဘီလူးတပ်ရင်း

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤25👍10👏5
◼️‌ပုလောမြို့နယ်မှာ စစ်တပ်ကာကင်းစခန်းကို KNLA PDF ပူးပေါင်းတပ်တိုက်ခိုက်၊ လက်နက်များသိမ်းဆည်းရရှိ

၁၂ အောက်တိုဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ခလရ ၂၈၅ ရဲ့ ကာကင်းစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၂ ရက်၊ မနက် ၇ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပုလောကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာအနီး စစ်ကောင်စီတပ် ခလရ ၂၈၅ တပ်စွဲထားတဲ့ ကာကင်းစခန်းကို KNLA နဲ့ PDF ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုအတွင်း စစ်တပ်ထံမှ MA1 ၁ လက်၊ MA3 ၁ လက်၊ OG ၁ လက်၊ AK ၁ လက်၊ ၆၀ မမ ၁ လက်နက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Photo | KNU (သိမ်းဆည်းရရှိလက်နက်များ)၊ မြိတ်ခရိုင် တပ်ရင်း ၁ (၂၀၂၅ စက်တင်ဘာလအတွင်း ထမင်းမစားရွာစစ်တပ်စခန်းသိမ်းပိုက်ခဲ့စဉ် - ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤23👏11👍3🔥2❤‍🔥1