The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ရွှေဘို မဟာစည်ဘုန်းကြီးကျောင်းကို စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲ၊ သက်ကြီးရွယ်အိုနဲ့ စစ်ရှောင်များသေဆုံးထိခိုက်

၁၁ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ရွှေဘိုမြို့နယ်မှာ မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၁ ရက်၊ မနက် ၁၁ နာရီ ၄၄ မိနစ်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ စစ်ရှောင်ပြည်သူတွေထဲမှ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆိပ်ခွန်ကျေးရွာရှိ သမိုင်းဝင်မဟာစည်ဘုန်းတော်ကြီးကျောင်းကို အကြောင်းမဲ့ လေကြောင်းမှ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဥပုသ်သီလယူနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ စစ်ရှောင်ပြည်သူတွေထဲမှ ၂ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓမ္မာရုံ၊ ရိပ်သာဆောင်၊ ဇရပ်စောင်းတန်းတွေနဲ့ အဆောက်အဦး အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေနဲ့ ဘုရားကျောင်းကန်၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ လေယာဉ်နဲ့ လက်နက်ကြီးသံတွေ ကြားရပါက လုံခြုံရာသို့ အမြန်ဆုံးရှောင်ရှားကြဖို့နဲ့ မလိုအပ်ဘဲ လူစုလူဝေးမလုပ်ကြဖို့ ရွှေဘိုမြို့နယ် (ပကဖ)က သတိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬36❤2👍1