The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌တော်လှန်ရေးခရီးရှည်အတွက် မနားတမ်း စုဖွဲ့လေ့ကျင့်တည်ဆောက်လျက်ရှိကြောင်း PDF ပဲခူးခရိုင် တပ်ရင်း ၂ အသိပေး

၁၁ အောက်တိုဘာ | နွေဦးအသံ |

ညောင်လေးပင်နဲ့ တောင်ငူခရိုင် စစ်တောင်းမြစ်ဝှမ်းဒေသတွေမှာ စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ PDF ၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းအနေနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပြီး အောင်ပွဲတွေရယူနိုင်ဖို့အတွက် မနားမနေ စနစ်တကျ စုဖွဲ့၊ လေ့ကျင့်၊ တည်ဆောက်လျက်ရှိတယ်လို့ အဆိုပါတပ်ရင်းရဲ့ အသိပေးဖော်ပြချက်အရ သိရပါတယ်။

"တရက်မှ မနားခဲ့၊ မိုးရွာရွာ နေပူပူ နားရက်မရှိပါ၊ စနစ်တကျ စုဖွဲ့၊ လေ့ကျင့် တည်ဆောက်ပြီး ဖြေးဖြေးမှန်မှန် ချီတက်နေကြပါတယ်၊ ရေရှည်ခရီးဖြစ်တာမို့ တော်လှန်သက်လုံကောင်းဖို့ လိုအပ်ပါတယ်၊ ခိုင်မာတဲ့စိတ်ဓာတ်၊ မလျော့သောဇွဲလုံ့လနဲ့ စည်းလုံးညီညွတ်စွာ တော်လှန်မယ်ဆိုလျှင် တော်လှန်ရေးက မအောင်မြင်နိုင်စရာမရှိပါဘူး"

- လို့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် PDF ၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက (၁/၂၀၂၆) တပ်တွင်း စုဖွဲ့၊ လေ့ကျင့်၊ မွမ်းမံသင်တန်းမှာ ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်းပုံရိပ်တွေနဲ့အတူ အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်အသိပေးထားတာပါ။

PDF တည်ထောင်ခြင်း ၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အသက်၊ ခန္ဓာနဲ့ ကိုယ်ကျိုးစီးပွားကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေကို ရဲဝံ့စွာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို NUG အစိုးရက စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်ရာမှာလည်း အဆိုပါတပ်ရင်းမှ ရဲဘော် ၅ ဦး ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ပဲခူးခရိုင် အမှတ်၂/ ၃၇၀၂ တပ်ရင်းဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာလုယူခဲ့ချိန်မှစပြီး ညောင်လေးပင်၊ ကျောက်ကြီး၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်အပါအဝင် နတ်သံကွင်းမြို့စတဲ့ စစ်တောင်းမြစ်ဝှမ်းဒေသတလျှောက်မှာ စစ်ဆင်ရေးတွေဖော်ဆောင်လျက်ရှိတာလည်း ဖြစ်ပါတယ်။

အဲဒီလို စစ်ဆင်ရေးတွေ ဆင်နွှဲရာမှာ အောင်မြေတွေနင်းပြီး အောင်ပွဲတွေရယူနိုင်ဖို့အတွက် တော်လှန်ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်မှ ဝန်းရံအားဖြည့်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | PDF ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤33👍14🥰4💯3
◼️ရွှေဘို မဟာစည်ဘုန်းကြီးကျောင်းကို စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲ၊ သက်ကြီးရွယ်အိုနဲ့ စစ်ရှောင်များသေဆုံးထိခိုက်

၁၁ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ရွှေဘိုမြို့နယ်မှာ မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၁ ရက်၊ မနက် ၁၁ နာရီ ၄၄ မိနစ်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ စစ်ရှောင်ပြည်သူတွေထဲမှ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆိပ်ခွန်ကျေးရွာရှိ သမိုင်းဝင်မဟာစည်ဘုန်းတော်ကြီးကျောင်းကို အကြောင်းမဲ့ လေကြောင်းမှ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဥပုသ်သီလယူနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ စစ်ရှောင်ပြည်သူတွေထဲမှ ၂ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓမ္မာရုံ၊ ရိပ်သာဆောင်၊ ဇရပ်စောင်းတန်းတွေနဲ့ အဆောက်အဦး အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေနဲ့ ဘုရားကျောင်းကန်၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ လေယာဉ်နဲ့ လက်နက်ကြီးသံတွေ ကြားရပါက လုံခြုံရာသို့ အမြန်ဆုံးရှောင်ရှားကြဖို့နဲ့ မလိုအပ်ဘဲ လူစုလူဝေးမလုပ်ကြဖို့ ရွှေဘိုမြို့နယ် (ပကဖ)က သတိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬36❤2👍1