The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️SCEF နဲ့ ULA/AA တို့ ထပ်မံတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး အခြေအနေများ ဆွေးနွေး

၁၀ အောက်တိုဘာ | နွေဦးအသံ |

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA တို့ အောက်တိုဘာ ၈ ရက်မှာ အွန်လိုင်းမှတဆင့် ထပ်မံတွေ့ဆုံခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး အခြေအနေများ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ SCEF အတွင်းရေးမှူးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာ ဇော်ဝေစိုးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သလို SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေများ ဆွေးနွေးခဲ့ကြတယ်လို့ SCEF က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားတာပါ။

၂ နာရီခန့်ကြာမြင့်ခဲ့တဲ့ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလကလည်း တွေ့ဆုံပွဲနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတချို့ကို အားဖြည့်ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အစည်းအဝေးကို ULA/AA မှ ဒု-ဥက္ကဋ္ဌ (၁) Dr ညိုထွန်းအောင်ဦးဆောင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့တက်ရောက်ခဲ့တာဖြစ်ပြီး အာရက္ခဒေသအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိထိုးစစ်အခြေအနေအပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း အသိပေးထားပါတယ်။

အရပ်သားပြည်သူ ၅၀ ဦး အစုအလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှုဖြစ်စဉ်အပေါ် SCEF က ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး တသွေးတသားတည်းရှိကြောင်း ပြသကန့်ကွက်ရှုတ်ချသွားမှာဖြစ်သလို ထပ်တူဝမ်းနည်းကြောင်းကိုလည်း အသိပေးခဲ့ပါတယ်။

ဒါ့အပြင် SCEF အနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ အကြောင်းအရာတွေထဲမှ ဖြစ်ပေါ်တိုးတက်မှု၊ လုပ်ငန်းစဉ်တချို့ နဲ့ နိုင်ငံရေးမျှော်မှန်းချက်တချို့ကို အသိပေးခဲ့ပြီး အာရက္ခပြည်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပြည်သူ့ကျန်းမာကိစ္စရပ်တွေကိုလည်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတဝှမ်းမှာ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျကျူးလွန်နေတာဖြစ်ပြီး ဒါဟာ ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်လာစေနိုင်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ထောက်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ULA/AA ကလည်း အဆိုပါအချက်အလက်တွေအပေါ် သဘောထားအမြင်၊ အကြံပြုချက်၊ အပြန်အလှန် မေးမြန်း-ဖြေဆိုချက်တွေနဲ့အတူ Dr ညိုထွန်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲကို အောင်မြင်စွာအဆုံးသတ်ခဲ့ကြတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | လူမှုကွန်ယက်(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤8🥰3
◼️‌သံဖြူဇရပ်မှာ ကင်းလှည့်လာတဲ့စစ်အုပ်စုကို PDF ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိဟုဆို

၁၀ အောက်တိုဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၇ ရက်၊ မနက် ၁၀ နာရီ ၃၅ မိနစ်မှာ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ရဲတခွန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းမှ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအရေအတွက်ကို စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ ချေမှုန်းရေးတပ်ဖွဲ့ TBZT က အသိပေးထားတာပါ။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဗျူဟာ ၃၃၊ အမှတ် ၈၀၀၁ ချေမှုန်းရေးတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၂၇၊ တပ်ခွဲ ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီးလို့ တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သတင်းရရှိပါတယ်။

Photo | ချေမှုန်းရေးတပ်ဖွဲ့

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍29❤4👏4🥰1
◼️‌လောင်းလုံးမှာ သဘာဝဘေးသင့်ပြည်သူများကို ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

၁၀ အောက်တိုဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ သဘာဝ ဘေးဒဏ်သင့်ပြည်သူတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ ကျန်းမာရေးအဖွဲ့တို့က အောက်တိုဘာ ၁၀ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ မြို့နယ် ပကဖ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ဘေးဒုက္ခကြုံခဲ့ရတဲ့ ကျေးရွာတွေထံသို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လောင်းလုံးမြို့နယ် ပကဖ နဲ့ မြို့နယ် ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

သဘာဝဘေးကြုံတွေ့နေစဉ် လောင်းလုံး ပကဖ ရဲဘော်တွေအနေနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပေမယ့် တဖက်မှာတော့ အကြမ်းဖက်စစ်တပ်က သဘာဝဘေးသင့်ဒေသတွေကို ကူညီတာမရှိတဲ့အပြင် လေကြောင်းတိုက်ခိုက်တာ၊ အခွင့်ကောင်းယူစိမ့်ဝင်ပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | လောင်းလုံး ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤30👍7🥰3
◼️‌နိုင်ကျဉ်း ၃၅ ဦးကို ထောင်ရက်စေ့ လွတ်မြောက်လာပြီးမှ စစ်တပ် ပြန်လည်ဖမ်းဆီးထောင်ချ

၁၀ အောက်တိုဘာ ||| နွေဦးအသံ |||

နိုင်ငံတဝှမ်းမှာ မတရားဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်စစ်တပ်က ထပ်မံဖမ်းဆီးထောင်ချခံရသူ ၂ နှစ်နီးပါးအတွင်း ၃၅ ဦး ရှိလာပြီဖြစ်တယ်လို့ PPNM ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာချိန်မှာ စစ်အုပ်စုက ထပ်မံဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ် ပြန်လည်တရားစွဲဆိုလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် အောက်တိုဘာအတွင်း နိုင်ငံရေးအကျဉ်းသား ၃၅ ဦးအထိ ရှိလာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြုစုထားတဲ့စာရင်းတွေအရ ထုတ်ပြန်ထားတာပါ။

ဖမ်းဆီးခံရသူတွေဟာ လွတ်မြောက်ပြီး မကြာမီအချိန်အတွင်း နေအိမ်တွေမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသလို အချို့ဟာ ထောင်တံခါးဝတွေမှာတင် ဖမ်းဆီးခံကြရပြီး အချို့ဟာ ထောင်ပြင်ပသို့ မလွတ်မြောက်ဘဲ ထောင်တွင်းမှာပဲ မတရားပုဒ်မအသစ်တွေနဲ့ ထောင်ဒဏ်ထပ်တိုးတာခံရသူတွေလည်း ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ပြန်လည်ဖမ်းဆီးခံရသူ ၃၅ ဦးအနက် စစ်တွေအကျဉ်းထောင်မှ ၁၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ကျောက်ဖြူမှ ၇ ဦး၊ လွိုင်ကော်မှ ၄ ဦး၊ မကွေးနဲ့ အိုးဘိုမှ ၃ ဦးစီ၊ အင်းစိန်နဲ့ ဒိုက်ဦးမှ ၂ ဦးစီအပြင် သာယာဝတီအကျဉ်းထောင်မှ ၁ ဦးပါဝင်ပြီး ဒီစာရင်းဟာ လက်လှမ်းမီသလောက် ကောက်ယူထားရတာကြောင့် မြေပြင်မှာ ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အမျိုးသမီး (၄) ဦး ပါဝင်ခဲ့သလို သူတို့ကို စစ်အုပ်စုက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀(ည)၊ ၅၂(က) စတဲ့ ပုဒ်အသစ်တွေမျိုးစုံနဲ့ ထပ်မံတရားစွဲ ထောင်ဒဏ်တိုးမြှင့်ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ အခြေခံလူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး စစ်အုပ်စုရဲ့ မတရားပြန်လည်ဖမ်းဆီးမှုနဲ့ ထောင်တွင်းဖိနှိပ်မှုတွေကို ဝိုင်းဝန်းစောင့်ကြည့်ကြဖို့နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး နည်းလမ်းပေါင်းစုံနဲ့ အတူတကွ ဆက်လက်တောင်းဆိုပေးကြဖို့လည်း PPNM က တိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | ပုံဟောင်း

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬40❤5👍1😢1
◼️ရေးမြို့နယ်၊ ခေါဇာမြို့ရှိ ခလရ ၃၁ စစ်တပ် အဝင်ဂိတ်ကို MSRF ဝင်ရောက်တိုက်ခိုက်

၁၁ အောက်တိုဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဂိတ်ကို မွန်ပြည်တော်လှန်ရေးတပ်(MSRF) ရဲဘော်တွေက အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီခွဲခန့်မှာ ပြောက်ကျားနည်းဗျူဟာနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၃၁ တပ်အဝင်ဂိတ်ကို MSRF တပ်ခွဲ ၁ ရဲဘော်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ အောက်တိုဘာ ၁၀ ရက်မှာ အသိပေးထားတာပါ။

အချိန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့တဲ့ အဆိုပါ တိုက်ပွဲအပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သလို MSRF အနေနဲ့ PDF ဗျူဟာ (၃၃) အပါအဝင် ဒေသတွင်း မဟာမိတ် တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤36👍8🥰5