The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မင်းတုန်းမှာ စစ်တပ် စက်တပ်လေထီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေး တဦးနဲ့ အဘိုးအိုတဦးသေဆုံး

၉ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းမှာ ပါရာမော်တာ(စက်တပ်လေထီး) ၃ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို ၁ ဦးနဲ့ ကလေး ၁ ဦးသေဆုံးပြီး ဒေသခံတွေရဲ့ နွားအများအပြားလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ချင်းနစ်ကျေးရွာကို သရက်မြို့အခြေစိုက် စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ-၁၂) မှတက်လာတဲ့ ပါရာမော်တာ(စက်တပ်လေထီး) ၃ စီးက ညနေ ၅ နာရီ ၂၅ မိနစ်မှာ ဗုံးသီး ၉ လုံး ကြဲချခဲ့ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုကြောင့် ဦးထွန်းတင် အသက် ၈၃ နှစ်နဲ့ မောင်ဝေယံဦး ၁၂ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရခဲ့တဲ့အပြင် ဒေသခံတွေရဲ့ နွား ၇ ကောင် သေဆုံးခဲ့သလို ကျေးလက် ဆေးခန်းနဲ့ နေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ ပြည်သူနေထိုင်ရာ နေရာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ ဂရုတစိုက်နေထိုင်ကြဖို့ PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းက သတိပေးထားတာ တွေ့ရပါတယ်။

Photo | သရက်ခရိုင် တပ်ရင်း ၄

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬28😢5❤1👍1🥰1
◼️ရန်ကုန်မြို့မှ စစ်တပ်လက်အောက်ခံ ဒုရဲအုပ် တဦး HOD-PDF ထံ အလင်းဝင်

၉ အောက်တိုဘာ ||| နွေဦးအသံ |||

ရန်ကုန်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တဦးက Harbinger Of Death - PDF (HOD - PDF)တပ်ဖွဲ့ထံသို့ အောက်တိုဘာ ၆ ရက်မှာ အလင်းဝင်ရောက် ပူးပေါင်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်ရဲ့ မတရားတဲ့အမိန့်တွေကို မနာခံတော့ဘဲ ပြည်သူဘက်မှာရပ်တည်ဖို့ HOD-PDF ထံ ဆက်သွယ်အလင်းဝင်လာတဲ့ ဒုရဲအုပ်ကို တပ်ဖွဲ့တာဝန်ခံ ရဲဘော် မင်းစွမ်းထက်က နွေးထွေးစွာကြိုဆိုလက်ခံခဲ့ပြီး သက်ဆိုင်ရာအဆင့်ဆင့်သို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ပေးခဲ့တယ်လို့ အောက်တိုဘာ ၈ ရက်မှာ အသိပေးထားတာပါ။

ပြည်သူတရပ်လုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ရေး တော်လှန်ရေးကြီးမှာ စစ်တပ်ယန္တရားကို စွန့်လွှတ်ပြီး ပြည်သူ့ဘက်ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရင်ခွင် အမြန်ဆုံးဘက်ပြောင်းခိုလှုံကြဖို့ HOD-PDF က ဖိတ်ခေါ်ထားပါတယ်။

ဘက်ပြောင်းလာသူတွေအနေနဲ့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်သလို ပြည်ပထွက်ပြီး ဘဝသစ် စတင်လိုပါကလည်း PDF တပ်ဖွဲ့တွေက တာဝန်ယူစီစဉ်ဆောင်ရွက်ပေးလျက်ရှိတာကြောင့် နီးစပ်ရာတပ်ဖွဲ့တွေထံ ဆက်သွယ်အလင်းဝင်ရောက်ကြဖို့ HOD-PDF က တိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | HOD - PDF (အလင်းဝင် ဒုရဲအုပ်တဦး)၊ ရန်ကုန်မြို့ရှိ စကစ ရဲများကိုတွေ့ရစဉ်(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31❤5👏4🔥1
◼️SRA တပ်ပေါင်းစု ဒုအကြိမ်ညီလာခံကျင်းပခဲ့ပြီး စစ်ဒေသ‌တွေရဲ့ ရှေ့လုပ်ငန်းစဉ်များချမှတ်

၉ အောက်တိုဘာ ||| နွေဦးအသံ |||

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA အနေနဲ့ ဒုတိယအကြိမ်ညီလာခံကို ၃ ရက်တာ ကျင်းပခဲ့ရာ စစ်ဒေသ ၃ ခုရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်များချမှတ်ခဲ့ပြီး ဦးဆောင်ကော်မတီအတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တဲ့အပြင် စစ်ရေးကော်မတီများဖွဲ့စည်းဖို့ ဖွဲ့စည်းပုံ၊ မူဝါဒတချို့ ပြင်ဆင်ခဲ့တယ်လို့ SRA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

SRA ရဲ့ ဒုတိယအကြိမ်ညီလာခံမှာ စစ်ဒေသ ၃ ခုနဲ့ ဌာနအသီးသီးက အစီရင်ခံစာတွေ ဖတ်ကြားတင်သွားခဲ့ကြရာ အစီရင်ခံစာ တခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးပြီးနောက် ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ ဆုံးဖြတ်ချမှတ်ခဲ့ကြောင်း SRA က အောက်တိုဘာ ၈ ရက်မှာ အသိပေးထားတာပါ။

အဲဒီနောက် တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်မြန်ဆန်စေဖို့နဲ့ စီမံခန့်ခွဲမှု အားကောင်းလာစေဖို့ အထွေထွေအတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဦးပါဝင်တဲ့ အတွင်းရေးမှူးအဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ စစ်ဒေသအလိုက် စစ်ရေးကော်မတီတွေ ဖွဲ့စည်းနိုင်ရေးနဲ့ အဖွဲ့ဝင်တွေ စစ်ဥပဒေချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်လာပါက ထိန်းကျောင်းအရေးယူနိုင်ရေးအတွက် ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ကိုလည်း ပြင်ဆင်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကိုယ်စား NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ WLB အထွေထွေအတွင်းရေးမှူး မော်ဘျားမာဦး၊ ABSDF ဥက္ကဌ ရဲဘော်သံခဲနဲ့

SRA ဦးဆောင်ကော်မတီဝင် KNDF ဥက္ကဌ ခွန်းဘီဒူးတို့က အသီးသီးအဖွင့်အမှာစကားပြောကြားခဲ့ကြသလို SRA ဦးဆောင်ကော်မတီဝင်၊ အဖွဲ့ဝင် အဖွဲ့အစည်းတွေမှ ကိုယ်စားလှယ်တပ်မှူးတွေနဲ့ လေ့လာသူတွေ စုစုပေါင်း ၉၅ ဦးတက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Photo | SRA အဖွဲ့ဝင် 96 Soldier PDF ၊ BA ၊ BLDF ၊ KNDF တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍24❤6👏3🥰2
◼️SCEF နဲ့ ULA/AA တို့ ထပ်မံတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး အခြေအနေများ ဆွေးနွေး

၁၀ အောက်တိုဘာ | နွေဦးအသံ |

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA တို့ အောက်တိုဘာ ၈ ရက်မှာ အွန်လိုင်းမှတဆင့် ထပ်မံတွေ့ဆုံခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး အခြေအနေများ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ SCEF အတွင်းရေးမှူးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာ ဇော်ဝေစိုးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သလို SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေများ ဆွေးနွေးခဲ့ကြတယ်လို့ SCEF က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားတာပါ။

၂ နာရီခန့်ကြာမြင့်ခဲ့တဲ့ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလကလည်း တွေ့ဆုံပွဲနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတချို့ကို အားဖြည့်ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အစည်းအဝေးကို ULA/AA မှ ဒု-ဥက္ကဋ္ဌ (၁) Dr ညိုထွန်းအောင်ဦးဆောင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့တက်ရောက်ခဲ့တာဖြစ်ပြီး အာရက္ခဒေသအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိထိုးစစ်အခြေအနေအပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း အသိပေးထားပါတယ်။

အရပ်သားပြည်သူ ၅၀ ဦး အစုအလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှုဖြစ်စဉ်အပေါ် SCEF က ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး တသွေးတသားတည်းရှိကြောင်း ပြသကန့်ကွက်ရှုတ်ချသွားမှာဖြစ်သလို ထပ်တူဝမ်းနည်းကြောင်းကိုလည်း အသိပေးခဲ့ပါတယ်။

ဒါ့အပြင် SCEF အနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ အကြောင်းအရာတွေထဲမှ ဖြစ်ပေါ်တိုးတက်မှု၊ လုပ်ငန်းစဉ်တချို့ နဲ့ နိုင်ငံရေးမျှော်မှန်းချက်တချို့ကို အသိပေးခဲ့ပြီး အာရက္ခပြည်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပြည်သူ့ကျန်းမာကိစ္စရပ်တွေကိုလည်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတဝှမ်းမှာ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျကျူးလွန်နေတာဖြစ်ပြီး ဒါဟာ ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်လာစေနိုင်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ထောက်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ULA/AA ကလည်း အဆိုပါအချက်အလက်တွေအပေါ် သဘောထားအမြင်၊ အကြံပြုချက်၊ အပြန်အလှန် မေးမြန်း-ဖြေဆိုချက်တွေနဲ့အတူ Dr ညိုထွန်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲကို အောင်မြင်စွာအဆုံးသတ်ခဲ့ကြတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | လူမှုကွန်ယက်(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤8🥰3
◼️‌သံဖြူဇရပ်မှာ ကင်းလှည့်လာတဲ့စစ်အုပ်စုကို PDF ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိဟုဆို

၁၀ အောက်တိုဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၇ ရက်၊ မနက် ၁၀ နာရီ ၃၅ မိနစ်မှာ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ရဲတခွန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းမှ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအရေအတွက်ကို စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ ချေမှုန်းရေးတပ်ဖွဲ့ TBZT က အသိပေးထားတာပါ။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဗျူဟာ ၃၃၊ အမှတ် ၈၀၀၁ ချေမှုန်းရေးတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၂၇၊ တပ်ခွဲ ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီးလို့ တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သတင်းရရှိပါတယ်။

Photo | ချေမှုန်းရေးတပ်ဖွဲ့

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍29❤4👏4🥰1