The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️သရက်ချောင်းမှာ အရပ်သားတဦးကို စစ်တပ်စစ်ကြောင်းက အကြောင်းမဲ့ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်

၉ အောက်တိုဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားပြည်သူ တဦးကို အကြမ်းဖက်စစ်တပ်စစ်ကြောင်းက အောက်တိုဘာ ၆ ရက်မှာ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကစယ်ဒို(သရက်ချောင်း)မြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ထီးမဲ့ဘော (သဲချောင်းကြီး) ကျေးရွာမှ အရပ်သားတဦးကို စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၄၀၃၊ ၄၀၄ နဲ့ ၄၀၉ ပူးပေါင်းစစ်ကြောင်းက အကြောင်းမဲ့ဖမ်းဆီးပြီး ရက်စက်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

အကြမ်းဖက်စစ်တပ်ဟာ တပ်စတင်တည်ထောင်စဉ်ကတည်းက ရရှိခဲ့တဲ့ ဖက်ဆစ်စနစ်ကို လက်ရှိအချိန်အထိ ဆက်လက်ကျင့်သုံးနေတာဖြစ်ပြီး သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အပြစ်မဲ့အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ညှင်းပန်း နှိပ်စက်သတ်ဖြတ်လျက်ရှိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူတဦးကို တွေ့ရစဉ်၊ စစ်ကောင်စီစစ်ကြောင်း(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬28👍2🔥2❤1
◼️မင်းတုန်းမှာ စစ်တပ် စက်တပ်လေထီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေး တဦးနဲ့ အဘိုးအိုတဦးသေဆုံး

၉ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းမှာ ပါရာမော်တာ(စက်တပ်လေထီး) ၃ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို ၁ ဦးနဲ့ ကလေး ၁ ဦးသေဆုံးပြီး ဒေသခံတွေရဲ့ နွားအများအပြားလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ချင်းနစ်ကျေးရွာကို သရက်မြို့အခြေစိုက် စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ-၁၂) မှတက်လာတဲ့ ပါရာမော်တာ(စက်တပ်လေထီး) ၃ စီးက ညနေ ၅ နာရီ ၂၅ မိနစ်မှာ ဗုံးသီး ၉ လုံး ကြဲချခဲ့ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုကြောင့် ဦးထွန်းတင် အသက် ၈၃ နှစ်နဲ့ မောင်ဝေယံဦး ၁၂ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရခဲ့တဲ့အပြင် ဒေသခံတွေရဲ့ နွား ၇ ကောင် သေဆုံးခဲ့သလို ကျေးလက် ဆေးခန်းနဲ့ နေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ ပြည်သူနေထိုင်ရာ နေရာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ ဂရုတစိုက်နေထိုင်ကြဖို့ PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းက သတိပေးထားတာ တွေ့ရပါတယ်။

Photo | သရက်ခရိုင် တပ်ရင်း ၄

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬28😢5❤1👍1🥰1
◼️ရန်ကုန်မြို့မှ စစ်တပ်လက်အောက်ခံ ဒုရဲအုပ် တဦး HOD-PDF ထံ အလင်းဝင်

၉ အောက်တိုဘာ ||| နွေဦးအသံ |||

ရန်ကုန်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တဦးက Harbinger Of Death - PDF (HOD - PDF)တပ်ဖွဲ့ထံသို့ အောက်တိုဘာ ၆ ရက်မှာ အလင်းဝင်ရောက် ပူးပေါင်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်ရဲ့ မတရားတဲ့အမိန့်တွေကို မနာခံတော့ဘဲ ပြည်သူဘက်မှာရပ်တည်ဖို့ HOD-PDF ထံ ဆက်သွယ်အလင်းဝင်လာတဲ့ ဒုရဲအုပ်ကို တပ်ဖွဲ့တာဝန်ခံ ရဲဘော် မင်းစွမ်းထက်က နွေးထွေးစွာကြိုဆိုလက်ခံခဲ့ပြီး သက်ဆိုင်ရာအဆင့်ဆင့်သို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ပေးခဲ့တယ်လို့ အောက်တိုဘာ ၈ ရက်မှာ အသိပေးထားတာပါ။

ပြည်သူတရပ်လုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ရေး တော်လှန်ရေးကြီးမှာ စစ်တပ်ယန္တရားကို စွန့်လွှတ်ပြီး ပြည်သူ့ဘက်ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရင်ခွင် အမြန်ဆုံးဘက်ပြောင်းခိုလှုံကြဖို့ HOD-PDF က ဖိတ်ခေါ်ထားပါတယ်။

ဘက်ပြောင်းလာသူတွေအနေနဲ့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်သလို ပြည်ပထွက်ပြီး ဘဝသစ် စတင်လိုပါကလည်း PDF တပ်ဖွဲ့တွေက တာဝန်ယူစီစဉ်ဆောင်ရွက်ပေးလျက်ရှိတာကြောင့် နီးစပ်ရာတပ်ဖွဲ့တွေထံ ဆက်သွယ်အလင်းဝင်ရောက်ကြဖို့ HOD-PDF က တိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | HOD - PDF (အလင်းဝင် ဒုရဲအုပ်တဦး)၊ ရန်ကုန်မြို့ရှိ စကစ ရဲများကိုတွေ့ရစဉ်(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31❤5👏4🔥1