The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ဒီပဲယင်းမှာ စစ်တပ် ဗုံးကြဲခဲ့တာကြောင့် မိသားစုဝင် ၄ ဦး မီးလောင်သေဆုံး

၈ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၈ ရက်၊ နေ့လယ်ပိုင်းမှာ ပါရာမော်တာ(စက်တပ်လေထီး)နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ မိသားစုဝင် ၄ ဦး ပွဲချင်းပြီးမီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မူးကမ်းကြီးကျေးရွာအတွင်းကို မုံရွာအခြေစိုက် အကြမ်းဖက်စစ်တပ် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်လာတဲ့ ပါရာမော်တာ စက်တပ်လေထီးနဲ့ နေ့လယ် ၁ နာရီ ၁၈ မိနစ်မှာ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်ထားတာပါ။

အဆိုပါ လေကြောင်းဗုံးကြဲမှုဟာ မူးကမ်းကြီးကျေးရွာမှ ကိုစိုးနိုင်ရဲ့ နေအိမ်ပေါ် သို့ ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အိမ်မှာရှိနေတဲ့ ကိုစိုးနိုင်ရဲ့ ဇနီး၊ သမီး၊ ညီမနဲ့ အစ်ကိုဖြစ်သူ စုစုပေါင်း ၄ ယောက်စလုံး ပွဲချင်းပြီး မီးလောင်သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ လေကြောင်း သတင်း နားစွင့်ပြီး စစ်တပ်ရဲ့ လေယာဉ်တွေတက်လာပါက ပုန်းခိုရာနေရာတွေမှာ အထူးဂရုစိုက် ရှောင်တိမ်းကြဖို့လည်း ဒီပဲယင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က သတိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | ဒီပဲယင်း ပအဖ၊ ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬26😢12❤1👍1
◼️‌ကျွန်းစုမှာ ပြည်သူရဲ့လှေတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကင်းစခန်း PDF လျှပ်တပြက်ဝင်တိုက်

၉ အောက်တိုဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ကျွန်းစုမြို့နယ်မှာ ဒေသခံတွေရဲ့ လှေတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေ ပျူစောထီး ကင်းစခန်းကို PDF နဲ့ မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၈ ရက်၊ မနက် ၅ နာရီခွဲခန့်မှာ လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းတွေးကျေးရွာရှိ တံတားထိပ်မှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်တပ်လက်ပါးစေ ပျူကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လျှပ်တပြက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲ မိနစ်အနည်းငယ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က အသိပေးထားတာပါ။

မိုင်းတွေးကျေးရွာ ပျူခေါင်းဆောင် ဂွေးမဲနဲ့ ပျူစောထီးတွေဟာ ဒေသခံတွေရဲ့ လှေတွေကို ဖမ်းဆီးတာ၊ အမျိုးမျိုးစွပ်စွဲပြီး ငွေညှစ်တာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ရိက္ခာဖြတ်တောက်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာတွေကို ပြည်သူတွေက အကြိမ်ကြိမ်တိုင်ကြားခဲ့ကြောင်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းနဲ့ ကျွန်းစုမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်သလို အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်အုပ်စုဘက်မှ သေဆုံးထိခိုက်မှုကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | ကျွန်းစု ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤27👍12👏4
◼️သရက်ချောင်းမှာ အရပ်သားတဦးကို စစ်တပ်စစ်ကြောင်းက အကြောင်းမဲ့ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်

၉ အောက်တိုဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားပြည်သူ တဦးကို အကြမ်းဖက်စစ်တပ်စစ်ကြောင်းက အောက်တိုဘာ ၆ ရက်မှာ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကစယ်ဒို(သရက်ချောင်း)မြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ထီးမဲ့ဘော (သဲချောင်းကြီး) ကျေးရွာမှ အရပ်သားတဦးကို စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၄၀၃၊ ၄၀၄ နဲ့ ၄၀၉ ပူးပေါင်းစစ်ကြောင်းက အကြောင်းမဲ့ဖမ်းဆီးပြီး ရက်စက်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

အကြမ်းဖက်စစ်တပ်ဟာ တပ်စတင်တည်ထောင်စဉ်ကတည်းက ရရှိခဲ့တဲ့ ဖက်ဆစ်စနစ်ကို လက်ရှိအချိန်အထိ ဆက်လက်ကျင့်သုံးနေတာဖြစ်ပြီး သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အပြစ်မဲ့အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ညှင်းပန်း နှိပ်စက်သတ်ဖြတ်လျက်ရှိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူတဦးကို တွေ့ရစဉ်၊ စစ်ကောင်စီစစ်ကြောင်း(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬28👍2🔥2❤1
◼️မင်းတုန်းမှာ စစ်တပ် စက်တပ်လေထီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေး တဦးနဲ့ အဘိုးအိုတဦးသေဆုံး

၉ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းမှာ ပါရာမော်တာ(စက်တပ်လေထီး) ၃ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို ၁ ဦးနဲ့ ကလေး ၁ ဦးသေဆုံးပြီး ဒေသခံတွေရဲ့ နွားအများအပြားလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ချင်းနစ်ကျေးရွာကို သရက်မြို့အခြေစိုက် စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ-၁၂) မှတက်လာတဲ့ ပါရာမော်တာ(စက်တပ်လေထီး) ၃ စီးက ညနေ ၅ နာရီ ၂၅ မိနစ်မှာ ဗုံးသီး ၉ လုံး ကြဲချခဲ့ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုကြောင့် ဦးထွန်းတင် အသက် ၈၃ နှစ်နဲ့ မောင်ဝေယံဦး ၁၂ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရခဲ့တဲ့အပြင် ဒေသခံတွေရဲ့ နွား ၇ ကောင် သေဆုံးခဲ့သလို ကျေးလက် ဆေးခန်းနဲ့ နေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ ပြည်သူနေထိုင်ရာ နေရာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ ဂရုတစိုက်နေထိုင်ကြဖို့ PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းက သတိပေးထားတာ တွေ့ရပါတယ်။

Photo | သရက်ခရိုင် တပ်ရင်း ၄

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬28😢5❤1👍1🥰1