◼️စက်တင်ဘာလအတွင်း စစ်တပ်ထံမှ စစ်သုံ့ပန်း ၁၆၉ ဦး တော်လှန်ရေးအင်အားစုများ အရှင်ဖမ်းမိ
၈ အောက်တိုဘာ ||| နွေဦးအသံ |||
နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်တပ်ထံမှ တပ်ဖွဲ့ဝင် ၁၆၉ ဦး စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာလအတွင်း အရှင်ဖမ်းမိခဲ့ပြီး အလင်းဝင်ပူးပေါင်းလာ ၁၂ ဦး၊ လက်နက်ချသူ ၃၅ ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အောက်တိုဘာ ၈ ရက် ဖော်ပြချက်အရ သိရပါတယ်။
စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၉ ဦးမှာ ရခိုင်ပြည်နယ်မှာ ၄ ဦး၊ ကချင်ပြည်နယ်မှာ ၁၅၈ ဦး၊ တနင်္သာရီဒေသမှာ ၃ ဦး၊ မန္တလေးဒေသမှာ ပြည်သူ့စစ် ၁ ဦးနဲ့ မကွေးဒေသမှာ ပြည်သူ့စစ် ၃ တို့ဖြစ်ကြပြီး ၃၄ ဦးမှာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြထားပါတယ်။
အလင်းဝင်လာသူ ၁၂ ဦးမှာလည်း မကွေးဒေသ ၃ ဦး၊ တနင်္သာရီဒေသ ၈ ဦးနဲ့ စစ်ကိုင်းဒေသမှ ပြည်သူ့စစ် ၁ ဦးတို့ဖြစ်သလို ၄ ဦးမှာ စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်ကြတဲ့အပြင် ကရင်ပြည်နယ်မှာ လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၄၀၃၇ ဦး အထိရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဖော်ပြထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👏26👍8❤5❤🔥1
◼️မလေးရှားမှာ မင်းအောင်လှိုင်နဲ့ စစ်အစိုးရကို မြန်မာပြည်သူများ အသိအမှတ်မပြုကြောင်း ဆန္ဒပြ
၈ အောက်တိုဘာ ||| နွေဦးအသံ |||
မလေးရှားနိုင်ငံမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အစိုးရကို တရားဝင်အသိအမှတ်မပြုရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ရေး အောက်တိုဘာ ၈ ရက်မှာ ဘန်နာများချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကွာလာလမ်ပူမြို့ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုတဲ့ Ampang Park ဟိုတယ်ရှေ့၊ Jalan Ampang 2၊ Kota Raya 2 နဲ့ Kampung Attap 1 အပါအဝင် လူစည်ကားရာနေရာ ၅ ခုမှာ ဘန်နာတွေ ချိတ်ဆွဲပြီး မလေးရှားရောက်မြန်မာနိုင်ငံသားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
“မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါ၊ စစ်အုပ်ချုပ်မှုဘက်မှာ မရပ်တည်ပါနဲ့” ၊ “မြန်မာပြည်သူတွေကိုယ်တိုင် ခေါင်းဆောင်ရွေးချယ်ခွင့်ပေးပါ” ၊ “တိုင်းပြည်ဆိုတာ လူတဦးတယောက်ရဲ့ ပိုင်ဆိုင်မှုမဟုတ်"၊ "ပြည်သူတွေနဲ့ တွေ့ဆုံပါ၊ သူတို့ကို ဖိနှိပ်သူတွေနဲ့ မတွေ့ဆုံပါနဲ့" စတဲ့ စာသားတွေပါတဲ့ ဘန်နာများချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာပြည်သူတွေရဲ့ တရားဝင် သမ္မတအဖြစ် အသိအမှတ်မပြုကြောင်းနဲ့ စစ်အုပ်စုကို တရားဝင်ဖြစ်စေမယ့် အသိအမှတ်ပြုမှုတွေ မပြုလုပ်ဖို့ ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ကိုလည်း ရည်ရွယ်ကြောင်း အသိပေးထားပါတယ်။
အဆိုပါ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မလေးရှားနိုင်ငံ အခြေစိုက် “မရှိခဏ” ထောက်ပို့အဖွဲ့နဲ့ ရန်ကုန်လူထုသပိတ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

❤35👍11🥰2👏2
◼️ဒီပဲယင်းမှာ စစ်တပ် ဗုံးကြဲခဲ့တာကြောင့် မိသားစုဝင် ၄ ဦး မီးလောင်သေဆုံး
၈ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၈ ရက်၊ နေ့လယ်ပိုင်းမှာ ပါရာမော်တာ(စက်တပ်လေထီး)နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ မိသားစုဝင် ၄ ဦး ပွဲချင်းပြီးမီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မူးကမ်းကြီးကျေးရွာအတွင်းကို မုံရွာအခြေစိုက် အကြမ်းဖက်စစ်တပ် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်လာတဲ့ ပါရာမော်တာ စက်တပ်လေထီးနဲ့ နေ့လယ် ၁ နာရီ ၁၈ မိနစ်မှာ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်ထားတာပါ။
အဆိုပါ လေကြောင်းဗုံးကြဲမှုဟာ မူးကမ်းကြီးကျေးရွာမှ ကိုစိုးနိုင်ရဲ့ နေအိမ်ပေါ် သို့ ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အိမ်မှာရှိနေတဲ့ ကိုစိုးနိုင်ရဲ့ ဇနီး၊ သမီး၊ ညီမနဲ့ အစ်ကိုဖြစ်သူ စုစုပေါင်း ၄ ယောက်စလုံး ပွဲချင်းပြီး မီးလောင်သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ လေကြောင်း သတင်း နားစွင့်ပြီး စစ်တပ်ရဲ့ လေယာဉ်တွေတက်လာပါက ပုန်းခိုရာနေရာတွေမှာ အထူးဂရုစိုက် ရှောင်တိမ်းကြဖို့လည်း ဒီပဲယင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က သတိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။
Photo | ဒီပဲယင်း ပအဖ၊ ပကဖ

🤬26😢12❤1👍1