The Voice Of Spring | နွေဦးအသံ |
✔
29.1K subscribers
33.8K photos
1.48K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️အဓမ္မစစ်သားစုဆောင်းမှုကြောင့် တော်လှန်ရေးနယ်မြေလာရောက်လိုသူ၊ စစ်တပ်ကိုစွန့်ခွာထွက်ပြေးလိုသူများ QR နဲ့ဆက်သွယ်နိုင်ပြီ

၂၄ စက်တင်ဘာ ||| နွေဦးအသံ |||

နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းနေမှုကြောင့် တော်လှန်ရေးနယ်မြေသို့ လာရောက်လိုသူတွေနဲ့ စစ်တပ်ကို စွန့်ခွာထွက်ပြေးလိုသူတွေအနေနဲ့ QR ကုဒ်တွေကို Scan ဖတ်ပြီး လွယ်လင့်တကူ ဆက်သွယ်ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ရင်ခွင်(ခိုလှုံရေးအစီအစဉ်)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရုံးချုပ်နဲ့ ပြည်သူ့လုံခြုံရေးဌာန(စစ်ရုံးချုပ်)တို့ထံသို့ Telegram ၊ Signal နဲ့ Viber တွေမှတဆင့် ဆက်သွယ်နိုင်ဖို့အတွက် QR ကုဒ်တွေကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတာပါ။

နွေဦးတော်လှန်ရေးကာလ တော်လှန်ရေးအင်အားစုတွေရဲ့ တွန်းလှန်တိုက်ခိုက်မှုတွေအောက် သမိုင်းဝင်စစ်ရှုံးနေတဲ့ စစ်တပ်က စစ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းအသက်ဆက်နိုင်ဖို့ စစ်မှုထမ်းဥပဒေခေါင်းစဉ်တပ်ပြီး နည်းမျိုးစုံနဲ့ ပြည်သူကို နေ့စဉ် အဓမ္မပေါ်တာဆွဲဖမ်းဆီးလျက်ရှိပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ စစ်မှုထမ်း(ပစ)အဖြစ် စစ်ထဲထည့်ပြီးနောက် စစ်မြေပြင်တွေသို့ ပို့‌ဆောင်ကာ တိုက်ပွဲမှာ ရှေ့တန်းကနေတက်ခိုင်းပြီး အသက်တွေစတေးခံရခြင်းမှ ရှောင်ရှားနိုင်ဖို့အတွက် ဖော်ပြပါ QR ကုဒ်တွေကို Scan ပြုလုပ်ပြီး ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်တွင်းမှ စွန့်ခွာထွက်ပြေးလိုသူတွေအနေနဲ့လည်း တပ်တွင်းဖိနှိပ်မှုမျိုးစုံကြောင့် ဘယ်ကိုဆက်သွယ်ရမယ်ဆိုတာ မသိဘဲ ဆက်သွယ်ဖို့ ခက်ခဲမှုတွေအတွက် အလားတူ QR ကုဒ်တွေကို Scan ပြုလုပ်ပြီး ဆက်သွယ်ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | NUG - MOD ၊ စစ်တပ်ပေါ်တာဆွဲဖမ်းဆီးမှုများ (ပုံဟောင်း) social media ။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤36👍3🥰1
◼️‌စစ်ကောင်စီတပ်သားနဲ့ ပျူ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

၂၄ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၄ ရက်၊ မနက် ၂ နာရီခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပျဉ်းတော်ကျေးရွာလမ်းဆုံရှိ စစ်တပ် ဂိတ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၇ ဦး သေဆုံးပြီး ကာဘိုင်သေနတ် ၅ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ၊ ပအဖ တို့က အသိပေးထားတာပါ။

အဆိုပါစခန်းသိမ်း တိုက်ပွဲကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ပူးပေါင်းတပ်ဖွဲ့က ‌တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Photo | ကန့်ဘလူ ပအဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏30❤9👍1🥰1
◼️စစ်အင်အားဖြည့်ဖို့ လူငယ် ၂၀၀ နီးပါး စစ်တပ်က အဓမ္မဖမ်းဆီးခဲ့ပြီး ရွာစဉ်လှည့် ပေါ်တာဆွဲနေဟုဆို

၂၄ စက်တင်ဘာ ||| နွေဦးအသံ |||

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ လက်လွှတ်လိုက်ရတဲ့ တပ်စခန်းပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အင်အားဖြည့်တင်းဖို့ လူငယ် ၂၀၀ နီးပါးကို စစ်တပ်က အဓမ္မပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာ-တရုတ်နယ်စပ်၊ အမတ်ပေါ်ဒေသ၊ နယ်ခြားမှတ်တိုင် (၃၀) အနီးရှိ ရဟတ်ယာဉ်ကွင်း ပါရှိပြီး စစ်ဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းစခန်းကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၈ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဆိုပါ ဗျူဟာစခန်း လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းတပ်တွေက စခန်းပြန်လည်ရရှိရေး တန်ပြန်ထိုးစစ်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေး LAIZA TV က စက်တင်ဘာ ၂၃ ရက်၊ ညပိုင်းမှာ ကြေညာခဲ့တာပါ။

ဒါ့အပြင် ပူတာအို၊ မချမ်းဘော၊ နောင်မွန်း မြို့နယ်တွေနဲ့ အနီးဝန်းကျင် ကျေးရွာတွေမှ ဒေသခံလူငယ် ၁၉၀ ကျော်ကို စစ်အုပ်စုက စစ်အင်အားဖြည့်တင်းဖို့ အဓမ္မစစ်သားစုဆောင်းသွားသလို ပစ္စည်းသယ်ယူရာမှာ စေခိုင်းဖို့အတွက် ရွာစဉ်လှည့်ပြီး ပေါ်တာဆွဲလျက်ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬24🔥3❤1👍1
◼️အလင်းဝင်လာတဲ့ (ပစ)၃ ဦးကို စိုးမိုးနယ်မြေမှာ လုံခြုံစွာနေရာချပေးထားဟု မင်းဘူး PDF အသိပေး

၂၄ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ စလင်းမြို့နယ်အခြေစိုက် PDF မင်းဘူးခရိုင် တပ်ရင်း ၁ ထံ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား(ပစ) ၃ ဦး အလင်းဝင်ရောက်ခဲ့တာကြောင့် မိသားစုနဲ့အတူ လုံခြုံစွာနေရာချပေးထားတယ်လို့ စက်တင်ဘာ ၂၄ ရက်၊ အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အုပ်စုရဲ့ အဓမ္မပေါ်တာဆွဲခြင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ အပတ်စဉ် ၁၄ မှ တပ်သား ၁ ဦးနဲ့ အပတ်စဉ် ၂၆ မှ တပ်သားတဦးတို့ အလင်းဝင်ရောက်လာတဲ့အတွက် သူတို့ကို တပ်ရင်းစိုးမိုးနယ်မြေမှာ မိသားစုနဲ့အတူ အေးချမ်းလုံခြုံစွာနေရာချပေးထားတယ်လို့ အသိပေးထားတာပါ။

အလင်းဝင်ရောက်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာကြိုဆိုလျက်ရှိသလို လူအခွင့်အရေးအပြည့်အဝရရှိစေပြီး လက်နက်ခဲယမ်းတွေ ယူဆောင်လာပါက ထိုက်တန်စွာဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ အလင်းဝင်ရောက်ပူးပေါင်းလာကြဖို့ကိုလည်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | မင်းဘူးခရိုင်တပ်ရင်း ၁

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤23👍19👏3
◼️ဂန့်ဂေါမြို့နယ် ပကဖ တာဝန်ရှိသူတွေနဲ့ ရဲဘော်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

၂၅ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲ့ မြို့နယ်၊ တိုက်နယ် တာဝန်ခံတွေနဲ့ ရဲဘော်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါအဖွဲ့ရဲ့ စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု‌အောက်ရှိ ဂန့်ဂေါမြို့နယ် ပကဖ တပ်ခွဲ ၁၊ ၂၊ ၃၊ ၄ မှ ရဲဘော်တွေနဲ့ မြို့နယ် တာဝန်ခံ၊ တိုက်နယ်တာဝန်ခံတွေ မြေပြင်မှာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြတဲ့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဂန့်ဂေါမြို့နယ် ပကဖ တပ်ခွဲ ၂ (နဂါးညီနောင်)၊ တပ်ခွဲ ၃ (တောင်ပိုင်းတိုက်နယ်) မှ တို့မှ ပကဖ ရဲဘော်တွေကို မကွေးတိုင်း ပကဖ တာဝန်ခံ၊ ဂန့်ဂေါခရိုင် ပကဖ တာဝန်ခံနဲ့ အဖွဲ့ဝင်တွေက လာရောက်တွေ့ဆုံပြီး တော်လှန်ရေး ရှေ့လုပ်ငန်းစဉ်တွေနဲ့ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး အားပေးစကား ပြောကြားခဲ့ကြတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31❤7🥰2
◼️စစ်မှုထမ်းကင်းလွတ်နေတဲ့ အနုပညာရှင်၊ ခရိုနီတွေနဲ့ သားသမီးတွေလဲ အလှည့်ကျစစ်မှုထမ်းရမည်ဟု စစ်တပ်ပြော

၂၅ စက်တင်ဘာ ||| နွေဦးအသံ |||

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူကို အကြမ်းဖက်စစ်တပ်က နည်းမျိုးစုံနဲ့ အဓမ္မစစ်သားစုဆောင်းနေသော်လည်း ကင်းလွတ်ခွင့်ရနေသေးတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ အလှည့်ကျစစ်မှုထမ်းဆင့်ခေါ်သွားမယ်လို့ စစ်တပ်က သတိပေးလိုက်ပါတယ်။

လက်ရှိ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေပါ စစ်မှုထမ်းနိုင်သော်လည်း နိုင်ငံတကာနည်းတူ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ် ရှိမရှိ ကြံ့ဖွံ့အမတ် တဦးက မေးမြန်းရာမှာ စစ်အုပ်စု ကာကွယ်ရေးဒုဝန်ကြီးက ဖြေဆိုခဲ့တာပါ။

အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ အပါအဝင် "စစ်မှုထမ်းဥပဒေပါ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတိုင်း အလှည့်ကျပါက ဆင့်ခေါ်မှာဖြစ်သလို ကင်းလွတ်ခွင့်ရနိုင်သူတွေမှလွှဲပြီး ကျန်တဲ့သူတွေ အလှည့်ကျစစ်မှုထမ်းရမှာဖြစ်တယ်"

- လို့ စက်တင်ဘာ ၂၄ ရက်မှာ ပြုလုပ်တဲ့ စစ်အုပ်စုရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရပ်ဝတ်လဲထားတဲ့ ရွေးတုစစ်အစိုးရ၊ စစ်တပ်ခန့် ကာကွယ်ရေးဒုဝန်ကြီး အောင်မျိုးသန့်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

သို့သော်လည်း လက်တွေမှာတော့ စစ်ဗိုလ်ချုပ်များစွာနဲ့ သားသမီးတွေအပါအဝင် စစ်အုပ်စုနဲ့ နီးစပ်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ ခရိုနီလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေဟာ ပြည်သူများ အဓမ္မဖမ်းဆီး ပေါ်တာဆွဲခံရပြီး နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းခံနေရသော်လည်း စစ်တပ်အလိုကျ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပြီး စစ်မှုထမ်းကင်းလွတ်နေဆဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | စစ်တပ်ပြုလုပ်သည့် ရွေးကောက်ပွဲမဲဆွယ်မှု၊ သင်္ကြန်ပွဲတို့တွင်တွေ့ရသည့် သရုပ်‌ဆောင်၊ အဆိုတော်များ (ပုံဟောင်း/လူမှုကွန်ယက်)။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏35❤6👍6💯2😱1