The Voice Of Spring | နွေဦးအသံ |
34.5K subscribers
31.3K photos
1.3K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
| ဟိုတုန်းက စစ်သားမိန်းမက ခေါင်းမော့ရင်ကော့ပြီးတော့ သွားလို့ရတယ်၊ အခုစစ်သားမိန်းမက ထွီပြီး တံထွေးထွေးမယ့်သူတောင် မရှိတော့ဘူး၊ ခေါင်းငုံ့ပြီးတော့ နေရမယ့် ဘဝမျိုးနဲ့ ဆိုင်ရင်တော့ ဒီနေရာမျိုးကို ရောက်တာ အများကြီး ကျေးဇူးတင်ပါတယ် | ©ဒေါ်အုန်းထွေး ( CDM ဒုတပ်ကြပ်၏ ဇနီး )

ပြည်သူ့ရင်ခွင် နဲ့ စကစရဲ့ စစ်တပ်တွင်းမှာ နေရတာနဲ့ ဘယ်လိုကွာခြားသလဲ ဆိုတာကို CDM ဒုတပ်ကြပ် ကျော်နိုင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်အုန်းထွေးက နွေဦးအသံကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

အထူးရုပ်သံဆောင်းပါး
©The Voice Of Spring - နွေဦးအသံ
ရိုက်ကူး/တည်းဖြတ်©အောင်နွေထက်

https://fb.watch/eUFJdOwzvw/
4👍1
ကော့ကရိတ်မြို့တွင်း တိုက်ပွဲသတင်း KNU ထုတ်ပြန်

စကစ ရဲမှူး(၁)ဦး အပါအဝင် (၁၂)ဦး သေဆုံးပြီး သေနတ်(၆)လက် သိမ်းဆည်းရရှိ

ဩဂုတ်(၁၅)ရက် ||| နွေဦးအသံ |||

တရားဥပဒေအရာရှိ(၁)ဦးနဲ့ ရုံးလုပ်သား(၁)ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပါတယ်။

အကြမ်းဖက်စကစစစ်တပ်မှ လူနေကျေးရွာများသို့ လက်နက်ကြီး အချက် ၅၀ ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက်စကစ ရဲ့ မြို့နယ်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာပါ။

ယနေ့ ဩဂုတ်(၁၅)ရက်၊ မနက်(၁၀)နာရီခန့်က စတင် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်အကျအဆုံးမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

©လင်းယုန်နွေ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍5
မင်းအောင်လှိုင်သား ကုမ္ပဏီက ရုရှကနေ စက်သုံးဆီ တင်သွင်းမယ်။

စကစ ခေါင်းဆောင် မင်းအောင်လှိုင်သား ပိုင်ဆိုင်တဲ့ ရဲတံခွန် ကုမ္ပဏီကနေ တင်သွင်းမှာပါ။

ပြီးတော့ ကမ္ဘောဇ ဘဏ်အုပ်စုပိုင်ရှင် ဦးအောင်ကိုဝင်းရဲ့ ကုမ္ပဏီလည်း ပါဝင်ပါတယ်။

ဦးဆန်းနောင် က ကမ္ဘောဇဘဏ်အုပ်စု ပိုင်ရှင် ဦးအောင်ကိုဝင်း ရဲ့ တပည့်ဖြစ်ပြီးတော့ Brighter Energy ကုမ္ပဏီကိုလည်း ဦးအောင်ကိုဝင်းက ပိုင်ဆိုင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဆက်သွယ်ရေးနဲ့ စွမ်းအင် အစရှိတဲ့ အကျိုးအမြတ်ကြီးမားတဲ့ လုပ်ငန်းတွေမှာ အကြမ်းဖက် စကစ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေက အဓိက ရင်းနှီးမြှုပ်နှံ ပါဝင်နေတာကို တွေ့ရပါတယ်။

ရုရှကနေ စက်သုံးဆီတင်သွင်းမယ့် ကုမ္ပဏီ (၄) ခုမှာ ကျန်(၂)ခုကတော့ Star High ကုမ္ပဏီ နဲ့ BOC တို့ ဖြစ်ပါတယ်။

©The Voice Of Spring ( နွေဦးအသံ )
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
🤬5👍2
မင်းအောင်လှိုင်က ရုရှဖက်ဒရေးရှင်းခြေဥပုံစံပြောင်းပြီး တိုင်းရင်းသားအချို့ကို ဘယ်လိုစည်းရုံးနိုင်ပါသလဲ။

ကြားကာလမှာ NUG အစိုးရအနေနဲ့ ခြေဥအသစ်ရေးဆွဲဖို့ ဘာကြောင့် မလိုအပ်တာပါလဲ။

နယ်မြေစိုးမိုးမှုအားကောင်းလာတဲ့ NUG အစိုးရက နိုင်ငံတကာမှာရော ဒေသတွင်းမှာပါ အဓိက ဘာကို သတိထားဆောင်ရွက်သင့်ပါသလဲ။

အစရှိတဲ့ မျက်မှောက်နိုင်ငံရေးရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာထွန်းမြင့် (တွဲဘက်ပါမောက္ခ၊ နိုင်ငံရေးသိပ္ပံဌာန၊ Carleton College, US ) ကို နွေဦးအသံ ( The Voice Of Spring ) က တွေ့ဆုံမေးမြန်းထားပါတယ်။

Exclusive Interview
©The Voice Of Spring - နွေဦးအသံ
ရိုက်ကူး/တည်းဖြတ်©အောင်နွေထက်

https://fb.watch/eX9OlEqoSm/
👍4
မိုးကုတ်ကျောက်စုံဆွဲကြိုးနဲ့ နိုလင်းဟေဇာ

နိုလင်းဟေဇာ ရဲ့ ပုံတွေကို ရှာကြည့်ရင် သူ့ရဲ့ လည်ပင်းမှာ ဆင်မြန်းထားတဲ့ ဆွဲကြိုးတကုံးကိုပါ လှပစွာ တွေ့မြင်ရမှာပါ။

အမျိုးသမီးတဦး ဆွဲကြိုးဆင်မြန်းတာက အထူးအဆန်းကိစ္စတော့ မဟုတ်ပါဘူး။

သတိပြုမိစရာ ဖြစ်လာတာက ဆွဲကြိုးလေးတကုံးကိုတော့ နိုလင်းဟေဇာရဲ့ ပုံအတော်များများမှာ တွေ့ရတာပါ။

အဲဒီ ဆွဲကြိုးလေးကို နိုလင်းဟေဇာက အမြဲလိုလို ဝတ်ဆင်လေ့ရှိပါတယ်။

ပြည်ပက ကျောက်မျက်ရတနာကုန်သည်တဦးကတော့ သူ့ရဲ့ ကျွမ်းကျင်မှုအရ အကဲဖြတ်ပါတယ်။

ဘယ်လိုကျောက်အမျိုးအစားဖြစ်တယ်။ ဘယ်လောက်တန်ကြေးရှိတယ်။

အဲဒါတွေထက် ဘယ်နေရာကထွက်တဲ့ကျောက်ဖြစ်ပြီး ဘယ်လို အရည်အသွေး ရှိတယ်ဆိုက စိတ်ဝင်စားစရာပါ။

နိုလင်းဟေဇာ တမြတ်တနိုး ဝတ်ဆင်လေ့ရှိတဲ့ ဆွဲကြိုးက ကျောက်စုံကြိုးလို့ ခေါ်ပါတယ်။

မြန်မာပြည်ရဲ့ မိုးကုတ်ဒေသထွက် ကျောက်အမျိုးအစား ဖြစ်ပါတယ်။

အင်္ဂလိပ်လို့ Spinel လို့ခေါ်တာပါ။

နိုလင်းဟေဇာ ဝတ်ဆင်ထားတဲ့ဆွဲကြိုးမှာပါတဲ့ ကျောက်တွေက (၅)ကာရက်ရှိပါတယ်။

(၅)ကာရက် ရှိတဲ့ကျောက်တလုံးရဲ့ တန်ဖိုးက မြန်မာကျပ်ငွေနဲ့ဆို ကျပ်သိန်းရာဂဏန်း ပေးရတတ်ပါတယ်။

အဲဒီလို ကျောက်မျိုးတွေကို လည်တပတ်စာ စီပြီး ဆွဲကြိုးလုပ်ထားတာပါ။

ဒါ့အပြင် ကျောက်စုံဆွဲကြိုးတွေမှာ အနီရောင်၊ အပြာရောင်၊ အဖြူရောင် ရှိပြီး အနီရောင်က စျေးအကြီးဆုံးလို့လည်း သိရပါတယ်။

မြန်မာပြည်တွင်းထွက်ကျောက်နဲ့ နိုလင်းဟေဇာရဲ့ အတိတ်ကို ပြန်ကြည့်ရင် အမှတ်ရစရာအချို့လည်း ရှိပါတယ်။

နိုလင်းဟေဇာ ဟာ နအဖအစိုးရကို အကူအညီတွေ ထိထိရောက်ရောက်ပေးခဲ့ဖူးသူပါ။

သံတမန်အသိုင်းအဝိုင်းမှာလည်း မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ တရင်းတနှီးရှိလှသူလို့လည်း ထင်ရှားပါတယ်။

(၂၀၀၈) နာဂစ်မှာ နိုင်ငံတကာအကူအညီတွေနဲ့ စစ်ဗိုလ်ချုပ်တွေ အိတ်ဖောင်းခဲ့ကြဖူးပါတယ်။

ဒီလို တန်ကြေးမသေးတဲ့ မိုးကုတ်တွင်းထွက်ဆွဲကြိုးကို နိုလင်းဟေဇာကို ပြန်ပြီး စစ်ဗိုလ်ချုပ်တွေက ကျေးဇူးပြုထားတာ ဖြစ်နိုင်တယ်လို့ ကျောက်ကုန်သည်က မှတ်ချက်ပြုပါတယ်။

သူ့ရဲ့ ဆိုင်းမဆင့် ဗုံမဆင့် မြန်မာပြည်ခရီးစဉ်မှာလည်း ကျောက်စုံဆွဲကြိုးလေးကို နိုလင်းဟေဇာက ဆင်မြန်းထားတာ တွေ့ရပါတယ်။

ဒီခရီးစဉ်ကို မြန်မာပြည်သူတွေက အထူးတလည် ဘာမှ မျှော်လင့်ချက်ထားတာ မတွေ့ရပါဘူး။

ဒါပေမဲ့ မြန်မာပြည်တွင်းထွက်ကျောက်နဲ့ ဆွဲကြိုးအသစ်များ နိုလင်းဟေဇာ ဆင်မြန်းထားတာကို အနာဂတ်မှာ တွေ့ရလေဦးမလား။

ဒါကတော့ ကျောက်ကုန်သည်တွေတင်မကပါဘူး။

မြန်မာပြည်သူတွေအတွက်ပါ စိတ်ဝင်စားစရာ ဖြစ်နိုင်ပါတယ်။

©The Voice Of Spring - နွေဦးအသံ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍1🥰1
This media is not supported in your browser
VIEW IN TELEGRAM
ရင်ပေါင်တိုင်ရွာကို မီးရှို့ဖျက်ဆီးပြီး​ ဒေသခံတွေကို စကစ က ဓားစာခံဖမ်းဆီးထား
👍2🤬2
This media is not supported in your browser
VIEW IN TELEGRAM
တဲတလုံးနဲ့ စကစ (၁၅)ဦးသေဆုံး ||| နွေဦးအသံ |||
👍6
This media is not supported in your browser
VIEW IN TELEGRAM
စကစ (၄)ဦး ကို သုတ်သင်နိုင်ခဲ့ ||| နွေဦးအသံ |||
11
This media is not supported in your browser
VIEW IN TELEGRAM
PDF အဖွဲ့(၉)ဖွဲ့ တိုက်ခိုက်၊ စကစ(၆)ဦး
ထက်မနည်းသေဆုံး ||| နွေဦးအသံ |||
13
This media is not supported in your browser
VIEW IN TELEGRAM
စကစ မြှုပ်ထားတဲ့မိုင်း ၇၈ လုံးခန့် PDF ရှာဖွေသိမ်းဆည်းနိုင်ခဲ့
7👍5