◼️PDF ၅ နှစ်ပြည့် ရဲဘော် ၁၇၉၂ ဦးကို NUG အစိုးရက စစ်ဘက်ဆိုင်ရာသူရဲကောင်း ဘွဲ့တံဆိပ်များချီးမြှင့်
၇ စက်တင်ဘာ ||| နွေဦးအသံ |||
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အသက်၊ ခန္ဓာနဲ့ ကိုယ်ကျိုးစီးပွာ မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များ ရဲဝံ့စွာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ ရဲဘော် ၁၇၉၂ ဦးကို NUG အစိုးရက စက်တင်ဘာ ၇ ရက်မှာ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့တံဆိပ်များ ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။
ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ၁ ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု ၈၁ ဦးနဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် ၄၂ ဦး စုစုပေါင်း ဘွဲ့၊ ဆု၊ တံဆိပ် ၅ မျိုး ချီးမြှင့်အပ်နှင်းခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားတာပါ။
အခမ်းအနားကို အွန်လိုင်းနဲ့ မြေပြင်ပေါင်းစပ်ပြုလုပ်ခဲ့တာဖြစ်ပြီး NUG အစိုးရ၊ ယာယီသမ္မတ၊ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူများ၊ CRPH အဖွဲ့ဝင်များ၊ NUCC ခေါင်းဆောင်များ၊ ဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဖက်ဒရယ်လွှတ်တော်များမှ တာဝန်ရှိသူများ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၊ မဟာမိတ်တပ်ဖွဲ့ဝင်များနဲ့ PDF ၊ ပကဖ တပ်မှူး/ရဲဘော်များ စုစုပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို ယာယီသမ္မတ ဒူဝါလရှီးလက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်သူ့သားကောင်းဆုကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးအပ်ချီးမြှင့်ခဲ့သလို ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ကို ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခြား ဆု၊ တံဆိပ်တွေကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နဲ့ ကာကွယ်ရေးဒုဝန်ကြီ နိုင်ကောင်းရွက်တို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူတွေက ကျေးဇူးတင်စကား၊ အားပေးစကား၊ ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့ကြာတယ်လို့ အသိပေးထားပါတယ်။
အဆိုပါ ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေဟာ NUG ရဲ့ အမြင့်ဆုံး ဂုဏ်ပြုချီးမြှင့်မှုဖြစ်ပြီး သက်ဆိုင်ရာ ကွပ်ကဲမှုအဆင့်ဆင့် စိစစ်ရွေးချယ် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်သလို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်စဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG အစိုးရက တရားဝင်ကြေညာတာ တွေ့ရပါတယ်။
Photo | NUG
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍20❤8🥰5👏2
◼️ပုလောမြို့နယ် မင်းပြင်ရွာရှိ စစ်အုပ်စုကို KNU/KNDO တိုက်ခိုက်၊ စကစ ၃ ဦး သေဆုံး
၇ စက်တင်ဘာ ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာနေရာကို KNU/KNDO ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၃ ရက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDO Drone Forces ထံမှ သိရပါတယ်။
မင်းပြင်ရွာအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတဲ့အပြင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDO Drone Forces က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားတာပါ။
အဲဒီတိုက်ခိုက်မှုကို KNU တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထပ်မံအတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဆက်လက် ထုတ်ပြန်သွားမယ်လို့ KNDO Drone Forces က အသိပေးထားတာ တွေ့ရပါတယ်။
Video | KNDO Drone Forces

❤25👍9👏2
◼️ဩဂုတ်လအတွင်း စစ်အုပ်စုထံမှ ၂၀ ဦး အလင်းဝင်ပြီး စစ်သုံ့ပန်း ၃၃ ဦး အရှင်ဖမ်းမိ
၈ စက်တင်ဘာ ||| နွေဦးအသံ |||
နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်ကောင်စီထံမှ တော်လှန်ရေးတပ်ဖွဲ့တွေထံသို့ သြဂုတ်လအတွင်း အလင်းဝင်လာသူ ၂၀ ဦးနဲ့ စစ်သုံ့ပန်း ၃၃ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ စက်တင်ဘာ ၇ ရက် ဖော်ပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ထံမှ အလင်းဝင်လာသူ ၂၀ ဦး ရှိခဲ့ရာ မကွေးတိုင်း ၁ ဦး၊ ချင်းပြည်နယ် ၃ ဦး၊ ကရင်ပြည်နယ် ၇ ဦး၊ ရှမ်းပြည်နယ် ၆ ဦးနဲ့ စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ် ၃ ဦးတို့ဖြစ်ကြပြီး ၉ ဦးမှာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံပန်း ၃၃ ဦးမှာလည်း တနင်္သာရီတိုင်းမှာ စစ်သား ၄ ဦးနဲ့ ရဲ ၁ ဦး၊ ရှမ်းပြည်နယ် ၁ ဦး၊ ချင်းပြည်နယ် ၆ ဦး၊ ကရင်နီပြည်နယ် ၄ ဦး၊ မကွေးတိုင်း ၁၇ ဦးတို့ဖြစ်ကြပြီး ၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၈၂၁ ဦးထိရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဖော်ပြထားတာ တွေ့ရပါတယ်။

👏18👍5🔥1
◼️လောင်းလုံးမှာ လက်နက်ကိုင်ဆောင်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်သူတဦးကို မြို့နယ် ပလဖ ဖမ်းမိ
၈ စက်တင်ဘာ ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ လောင်းလုံးမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ တဦးကို လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စက်တင်ဘာ ၆ ရက်၊ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပလဖ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆိုင်ကယ်ပြင်ဆိုင်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးကို ကြိုတင်သတင်းအရ မြို့နယ်လုံခြုံရေးမှူးနဲ့ ဒုတိယမြို့နယ်လုံခြုံရေးမှူးတို့ ဦးစီးတဲ့ ပလဖ အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ကြတာပါ။
အဲဒီအမျိုးသားကို WY မူးယစ်ဆေးဝါး ၁၆၈ လုံး၊ BA 94 သေနတ် ၁ လက် (မောင်းတုန်းနဲ့ကျည်အိမ်မပါ)၊ ငွေကျပ် ၁၁ သိန်းကျော်၊ ဖုန်း ၂ လုံး၊ လက်ပတ်နာရီ ၆ လုံး၊ မီးခြစ် ၈ လုံး၊ ပိုက်ထုပ် ၄ ထုပ်၊ ပိုက်ဆံထည့်ဗူး ၁ ဗူး၊ နားကြပ်ဗူးခွံ ၁ ဗူး၊ ဂက်စ်ဗူး ၁ ဗူးတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ အမျိုးသားကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပလဖ က အသိပေးထားတာ တွေ့ရပါတယ်။

👍22👏5❤3
◼️အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ ဆက်သွယ်တွေ့ဆုံခွင့်တို့အတွက် တောင်းဆိုပြီး ထပ်မံပါဝင်ပေးဖို့ပန်ကြား
၈ စက်တင်ဘာ ||| နွေဦးအသံ |||
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံလူ့အခွင့်အရေးတွေ၊ မိသားစုနဲ့ တွေ့ဆုံခွင့်အပြင် ခြွင်းချက်မရှိ လွတ်မြောက်ရေးတို့အတွက် "FREE HER" လှုပ်ရှားမှု စတင်လိုက်ကြောင်း သားဖြစ်သူ ကိုထိန်လင်းရဲ့ အသိပေးကြေညာချက်မှတဆင့် သိရပါတယ်။
All In One Peace Movement အဖွဲ့ကိုယ်စား "Proof of Life" campaign ကျေးဇူးတင်လွှာနဲ့အတူ "FREE HER" လှုပ်ရှားမှု စတင်လျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ် (Kim Aris) က စက်တင်ဘာ ၆ ရက်မှာ အသိပေးကြေညာလိုက်တာပါ။
မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ တွေ့ဆုံခွင့်ရခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်ထိ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ သူမကို ဘယ်နေရာမှာ ထိန်းသိမ်းခံထားရတယ်ဆိုတာ မသိရသေးဘဲ မိသားစုနဲ့လည်း တိုက်ရိုက် တွေ့ဆုံဆက်သွယ်ခွင့် မရသေးဘူးလို့ ကိုထိန်လင်းက ဆိုပါတယ်။
"ဒါကြောင့် အခုကျွန်တော် နောက်တဆင့် တက်ရပါမယ်၊ Proof of Life က အစပဲဖြစ်ပါတယ်၊ အခုတော့ အမေ့ရဲ့ လွတ်လပ်မှုအတွက် ကျွန်တော် တောင်းဆိုရပါမယ်၊ အမေ့ရဲ့ အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ ဆက်သွယ်တွေ့ဆုံခွင့်နဲ့ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် တောင်းဆိုမယ့် 'FREE HER' လှုပ်ရှားမှုကို စတင်နေပါတယ်" လို့ ကိုထိန်လင်းက အသိပေးထားပါတယ်။
မိခင်ဖြစ်သူ အသက်ရှင်နေသေးလားဆိုတာကိုတောင် မသေချာခဲ့တဲ့ အခြေအနေမှာ သူမဘက်မှ အမြဲရပ်တည်ပြီး ကမ္ဘာတဝန်းမှ အတူထောက်ခံအားပေးပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ကိုထိန်လင်းက ပြောကြားထားပါတယ်။
နောက်တဆင့်ဖြစ်တဲ့ "FREE HER" လှုပ်ရှားမှုမှာလည်း ဆက်လက်ရပ်တည် ပါဝင်ပေးကြဖို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပန်ကြားထားတာ တွေ့ရပါတယ်။

❤25👍10❤🔥1👏1
◼️အသင်း စီမံခန့်ခွဲသူတွေနဲ့ ကစားသမားတဦးချင်းစီထံ စာပေးပို့ထားတဲ့အပြင် လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်
၈ စက်တင်ဘာ ||| နွေဦးအသံ |||
မြန်မာနိုင်ငံလာမယ့် မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားတွေရဲ့ ဂုဏ်သတင်းနဲ့ ပုံရိပ်ကို အကျပ်အတည်းတွေအတွင်း အကြမ်းဖက်စစ်အုပ်စုက တည်ငြိမ်မှုနဲ့ တရားဝင်မှုရှိသလိုပြဖို့ အသုံးချနိုင်တာကြောင့် ခရီးစဉ်ဖျက်သိပ်မ်းပေးဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။
မန်ယူ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ Ryan Giggs ၊ Dimitar Berbatov ၊ Anderson နဲ့ Patrice Evra တို့ ရန်ကုန်သို့ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်ထိ လာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် မန်ချက်စတာမြို့ရှိ မြန်မာပြည်ဖွားတွေ ဦးဆောင်ပြီး ခရီးစဉ်ဖျက်သိမ်းပေးဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုနဲ့အတူ စာပေးပို့တောင်းဆိုထားတာပါ။
စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေဟာ နေ့စဉ် အကြမ်းဖက်မှုတွေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရတာကြောင်း ထောက်ပြထားပါတယ်။
ဒါကြောင့် ဂန္တဝင်ကစားသမားတွေ စီစဉ်ထားတဲ့ ခရီးစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့အတွက် မန်ယူအသင်း စီမံခန့်ခွဲသူတွေအပြင် ကစားသမားတဦးချင်းစီထံသို့လည်း စာရေးသားပေးပို့ တောင်းဆိုထားတယ်လို့ အသိပေးထားပါတယ်။
လက်မှတ်ရေးထိုးလှုပ်ရှားမှုဟာ ကစားသမားတွေကို မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသနိုင်ဖို့၊ စစ်အုပ်စုရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ပေးပြီး ကစားသမားတွေရဲ့ ဂုဏ်သတင်းနဲ့ ပုံရိပ်ကို စစ်အုပ်စု အသုံးချခြင်းမှ ကာကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။
မန်ယူကစားသမားတွေရဲ့ ခရီးစဉ်ဖျက်သိမ်းတာဟာ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့ အားကောင်းတဲ့ သတင်းစကားတရပ်ဖြစ်လာမှာဖြစ်သလို မန်ယူအသင်းနဲ့ ပရိသတ်တွေ တန်ဖိုးထားတဲ့ အခြေခံမူတွေကိုလည်း ထင်ဟတ်စေမှာဖြစ်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

👍24❤4