The Voice Of Spring | နွေဦးအသံ |
29.5K subscribers
33.4K photos
1.46K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌PDF ၅ နှစ်ပြည့် ရဲဘော် ၁၇၉၂ ဦးကို NUG အစိုးရက စစ်ဘက်ဆိုင်ရာသူရဲကောင်း ဘွဲ့တံဆိပ်များချီးမြှင့်

၇ စက်တင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အသက်၊ ခန္ဓာနဲ့ ကိုယ်ကျိုးစီးပွာ မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များ ရဲဝံ့စွာ စွမ်းစွမ်းတမံထမ်း‌‌ဆောင်ခဲ့တဲ့ ရဲဘော် ၁၇၉၂ ဦးကို NUG အစိုးရက စက်တင်ဘာ ၇ ရက်မှာ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့တံဆိပ်များ ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။

ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ၁ ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု ၈၁ ဦးနဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် ၄၂ ဦး စုစုပေါင်း ဘွဲ့၊ ဆု၊ တံဆိပ် ၅ မျိုး ချီးမြှင့်အပ်နှင်းခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားတာပါ။

အခမ်းအနားကို အွန်လိုင်းနဲ့ မြေပြင်ပေါင်းစပ်ပြုလုပ်ခဲ့တာဖြစ်ပြီး NUG အစိုးရ၊ ယာယီသမ္မတ၊ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူများ၊ CRPH အဖွဲ့ဝင်များ၊ NUCC ခေါင်းဆောင်များ၊ ဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဖက်ဒရယ်လွှတ်တော်များမှ တာဝန်ရှိသူများ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၊ မဟာမိတ်တပ်ဖွဲ့ဝင်များနဲ့ PDF ၊ ပကဖ တပ်မှူး/ရဲဘော်များ စုစုပေါင်း ၃၀၀ ကျော်တက်‌ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို ယာယီသမ္မတ ဒူဝါလရှီးလက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်သူ့သားကောင်းဆုကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးအပ်ချီးမြှင့်ခဲ့သလို ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ကို ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခြား ဆု၊ တံဆိပ်တွေကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နဲ့ ကာကွယ်ရေးဒုဝန်ကြီ နိုင်ကောင်းရွက်တို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူတွေက ကျေးဇူးတင်စကား၊ အားပေးစကား၊ ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့ကြာတယ်လို့ အသိပေးထားပါတယ်။

အဆိုပါ ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေဟာ NUG ရဲ့ အမြင့်ဆုံး ဂုဏ်ပြုချီးမြှင့်မှုဖြစ်ပြီး သက်ဆိုင်ရာ ကွပ်ကဲမှုအဆင့်ဆင့် စိစစ်ရွေးချယ် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်သလို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်စဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG အစိုးရက တရားဝင်ကြေညာတာ တွေ့ရပါတယ်။

Photo | NUG

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍167🥰5
◼️‌ပုလောမြို့နယ် မင်းပြင်ရွာရှိ စစ်အုပ်စုကို KNU/KNDO တိုက်ခိုက်၊ စကစ ၃ ဦး သေဆုံး

၇ စက်တင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာနေရာကို KNU/KNDO ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၃ ရက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDO Drone Forces ထံမှ သိရပါတယ်။

မင်းပြင်ရွာအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတဲ့အပြင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDO Drone Forces က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဲဒီတိုက်ခိုက်မှုကို KNU တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထပ်မံအတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဆက်လက် ထုတ်ပြန်သွားမယ်လို့ KNDO Drone Forces က အသိပေးထားတာ တွေ့ရပါတယ်။

Video | KNDO Drone Forces

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
19👍6