◼️သင်္ဘောများပျက်စီးပြီး တပ်ဖွဲ့ဝင်ရာချီစစ်သုံ့ပန်းဖြစ်ပြီးနောက် စစ်တပ်က အစီး ၃၀ ကျော်ထပ်လွှတ်ပြန်
၅ စက်တင်ဘာ ||| နွေဦးအသံ |||
ရွှေကူနဲ့ ဗန်းမော်ကြား သင်္ဘော ၇ စီးထက်မနည်း KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးရေယာဉ်အပါအဝင် သင်္ဘော ၃၁ စီး ထပ်မံစေလွှတ်လိုက်ပြန်တယ်လို့ စက်တင်ဘာ ၅ ရက်၊ ဝက်လက်မြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧရာဝတီမြစ်အတိုင်း မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ စစ်တပ်ရဲ့ သင်္ဘောအုပ်စု ထပ်မံဆန်တက်လာတာကြောင့် မြစ်ကမ်းဘေးနဲ့ ကျွန်းပေါ်နေပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုအန္တရာယ်ကို သတိရှိကြဖို့ ဝက်လက်မြို့နယ် (ပကဖ) နှိုးဆော်ထားတာပါ။
စစ်အုပ်စုသင်္ဘော ၃၁ စီးအနက် ရှေ့ပြေး ၄ စီးဟာ စဉ့်ကူးမြို့နယ်အနောက်ခြမ်း၊ ကြာဥယျာဉ်ရွာအနီးသို့ ညနေ ၃ နာရီခွဲခန့်မှာ ရောက်ရှိနေပြီး ကျန် ၂၇ စီးအနက် ပထမတစီးဟာ အနောက်တောင်ခြမ်း၊ ကြက်တူရွေးရွာအနီး၊ နောက်ဆုံးအစီးဟာ မတ္တရာအနောက်ခြမ်းရှိ ခြမ်းဘိုးကြီးကျွန်းရွာနား ရောက်ရှိလာနေတယ်လို့ ဆိုပါတယ်။
ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ သင်္ဘောတွေကို KIA PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သင်္ဘော ၇ စီးထက်နည်းပျက်စီးခဲ့တဲ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ဦးခန့်အပါအဝင် စစ်သုံ့ပန်း ၁၉၀ ဦးခန့် ဖမ်းမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
Photo | ဝက်လက် ပကဖ၊ လူမှုကွန်ယက်
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🔥15❤4👏3👍2
◼️ဒီပဲယင်းမှာ စစ်အုပ်စုကို ပကဖ ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ် ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ
၅ စက်တင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ဒီပဲယင်းမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပကဖပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၂ ရက်၊ မနက် ၁၁ နာရီ ၄၅ မိနစ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။
မြို့ပေါ်မှ ရိက္ခာရှာထွက်လာတဲ့ စစ်အုပ်စုကို မြို့နယ်နဲ့ တိုက်နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက
အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် ၁ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ အသိပေးထားပါတယ်။
အဲဒီနောက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သွားရောက်နယ်မြေရှင်းလင်းရာ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းကို တွေ့ရှိခဲ့သလို MA1 ၁ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရုပ်သံနဲ့တကွ ဖော်ပြထားပါတယ်။
ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ တိုက်နယ် (၁ ၊ ၂) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဖြူရောင် ပကဖ (DPY) ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo | အဖြူရောင် D.P.Y (Screenshot)

❤20👏8
◼️ကလေး-တမူးလမ်းမှာ အကြမ်းဖက်စစ်တပ်ကို စနိုက်ပါတိုက်ခိုက်မှု မှတ်တမ်းအချို့ AIF ထုတ်ပြ
၅ စက်တင်ဘာ ||| နွေဦးအသံ |||
ကလေး - တမူး လမ်းပိုင်းမှာ ပြည်သူကို ဖမ်းဆီးနှိပ်စက်၊ ကျေးရွာတွေမီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို AIF နဲ့ စုန်းမအဖွဲ့တို့က စနိုက်ပါစစ်ဆင်ရေးများ ဖော်ဆောင် တိုက်ခိုက်ခဲ့တယ်လို့ AIF Myanmar ရဲ့ စက်တင်ဘာ ၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆုံးရှုံးနယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လအတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းတွေကို မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ AIF Myanmar က စနိုက်ပါစစ်ဆင်ရေး ရုပ်သံမှတ်တမ်းအချို့နဲ့အတူ အသိပေးထားတာပါ။
စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ အဆိုပါတပ်ဖွဲ့တွေမှ ရဲဘော်တွေက မီတာ ၅၀ မှ ၈၀၀ အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထင်မှတ်မထားတဲ့ အခြေအနေတွေမှာ အလစ်အငိုက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာ စစ်ကြောင်းထိုးရာမှာ ရွာသူရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ၊ ညှင်းပန်းနှိပ်စက်တာ၊ ပစ္စည်းတွေလုယက်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာအပြင် အရပ်သားတွေကို မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့အထိ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ AIF Myanmar က အသိပေးထားတာ တွေ့ရပါတယ်။
Video | AIF Myanmar
©The Voice of Spr

❤21👍3