◼️ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပပြုလုပ်
၃ စက်တင်ဘာ ||| နွေဦးအသံ |||
ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF ရဲ့ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို စက်တင်ဘာ ၂ ရက်မှာ အောင်မြင်စွာကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂၀၂၆) ကို PLF ဌာနချုပ်မှာ ၃ လတာဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းကာလမှတ်တမ်း ဓာတ်ပုံတွေနဲ့တကွ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF က ထုတ်ပြန်ထားတာပါ။
အခမ်းအနားကို PLF တာဝန်ရှိသူတွေနဲ့ ဧည့်သည်တော်တွေ တက်ရောက်ပြီး ထူးချွန်သူတွေကို ဆုချီးမြှင့်ခဲ့တဲ့အပြင် သင်တန်း ဖြစ်မြောက်ရေး ကူညီပေးခဲ့တဲ့ မဟာမိတ်တွေနဲ့ ပြည်သူလူထုကိုလည်း PLF က ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
PLF အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေးအတွက် ခရီးဆုံးအထိ မဆုတ်မနစ် ဆက်လက် ချီတက်သွားမယ်လို့ ကတိပြုကြောင်း အသိပေးထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

❤28👍11🥰4
◼️KIA ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်တပ်သင်္ဘော ၇ စီးထက်မနည်းပျက်စီးပြီး စစ်သုံ့ပန်း ၁၉၀ ဦးဖမ်းမိ
၄ စက်တင်ဘာ ||| နွေဦးအသံ |||
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ သင်္ဘောတွေကို KIA PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် သင်္ဘော ၇ စီးထက်နည်းပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ဦးခန့်အပါအဝင် စစ်သုံ့ပန်း ၁၉၀ ဦးဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမှ ဩဂုတ် ၂၁ ရက်မှ စတင်ထွက်ခွာလာတဲ့ တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ဖလပ်သံကွန် ၄ စီး၊ သဲစုပ်သင်္ဘော ၁ စီးနဲ့ ကုန်တင်တွဲတွန်းသင်္ဘော ၈ စီး တို့ကို တော်လှန်ရေးအင်အားစုတွေက မြစ်ကြောင်းတလျှောက် တိုက်ခိုက်ခဲ့ကြသလို ရွှေကူမြို့နယ်အတွင်း၊ ဇင်းဘုံ-စင်းခန်း အနီးမှာ KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာပါ။
KIA၊ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် သင်္ဘော ၇ စီးထက်နည်းပျက်စီးခဲ့ပြီး ဗန်းမော်မြို့သို သင်္ဘော ၆ စီးသာ စက်တင်ဘာ ၂ ရက်၊ ညပိုင်းမှာ ရောက်ရှိခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ကချင်ဒေသသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။
ဒါ့အပြင် အဓမ္မစစ်မှုထမ်း တပ်သားသစ်တွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်(အဆင့်ပေါင်းစုံ) ၁၅၁ ဦး၊ ရဲ ၁၇ ဦးနဲ့ အမျိုးသမီး ၁၆ ဦး၊ ကလေး ၆ ဦး၊ စုစုပေါင်း ၁၉၀ ဦးတို့ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုထံမှ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကိုလည်း KIA ပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့တာဖြစ်ပြီး အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို လုံခြုံတဲ့နေရာသို့ ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ KIA က အသိပေးထားတာ တွေ့ရပါတယ်။
Photo | လူမှုကွန်ယက်

👍24❤9🥰3👏3