The Voice Of Spring | နွေဦးအသံ |
29.5K subscribers
33.3K photos
1.46K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ရေဖြူမှာ စစ်တပ်စစ်ကြောင်းနဲ့ တပ်စခန်းကို KNLA နဲ့ ရေးဘီလူးတပ် တိုက်ခိုက်ရာ စကစ ၁ ဦးသေဆုံး

၃ စက်တင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီ‌ဒေသ၊ ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၃ ရက်မှာ တဆက်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကျွဲတလင်းကျေးရွာမှာ ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို မနက် ၅ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ သေဆုံးထိခိုက်မှုတွေ ရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ဖို့ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရာဖူးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်ကိုလည်း မနက် ၇ နာရီခန့်မှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ရေးဘီလူးတပ်ရင်းနဲ့ KNLA အမှတ် ၂၇ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ရေးဘီလူးတပ်ရင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | ရေးဘီလူးတပ်ရင်း

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
21👍14👏8