◼️တီးတိန်မြို့အနီး နောက်တန်းပြန် စစ်တပ်ယာဉ်တန်းကို PDF Zoland မိုင်းဆွဲတိုက်ခိုက်
၃ စက်တင်ဘာ ||| နွေဦးအသံ |||
ချင်းပြည်နယ်၊ တီးတိန်မြို့အနီးမှာ ထန်တလန် စစ်မျက်နှာမှ နောက်တန်းစခန်းသို့ ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို PDF Zoland က စက်တင်ဘာ ၂ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်မှာ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖလမ်း-သိုင်းငင်း လမ်းမှတဆင့် တီးတိန်မြို့အခြေစိုက် အမှတ် ၂၆၉ ခြေလျင်တပ်ရင်း - ခလရ (၂၆၉)သို့ ပြန်လာတဲ့ စစ်အုပ်စုရဲ့ Forland ကား ၃ စီးနဲ့ ၁၂ ဘီးကား ၁ စီး၊ စုစုပေါင်း ၄ စီးပါ ယာဉ်တန်းကို အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ လမ်းပိုင်းတနေရာမှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ PDF Zoland က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးသူ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထန်တလန်မြို့ကို စစ်အုပ်စုက ပြီးခဲ့တဲ့ ဇွန်လဆန်းကတည်းက လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇူလိုင်လထဲမှာ ချင်းတော်လှန်ရေးတွေအနေနဲ့ မြို့တွင်းနယ်မြေအများစုကို လက်လွှတ်ခဲ့ရပေမဲ့ မြို့ပေါ်နဲ့ မြို့နယ်အတွင်းရှိ နယ်မြေအချို့ကိုတော့ ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Video | PDF Zoland
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

❤23👏6👍3🔥1
◼️ရေဖြူမှာ စစ်တပ်စစ်ကြောင်းနဲ့ တပ်စခန်းကို KNLA နဲ့ ရေးဘီလူးတပ် တိုက်ခိုက်ရာ စကစ ၁ ဦးသေဆုံး
၃ စက်တင်ဘာ ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၃ ရက်မှာ တဆက်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကျွဲတလင်းကျေးရွာမှာ ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို မနက် ၅ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ သေဆုံးထိခိုက်မှုတွေ ရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ဖို့ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရာဖူးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်ကိုလည်း မနက် ၇ နာရီခန့်မှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို ရေးဘီလူးတပ်ရင်းနဲ့ KNLA အမှတ် ၂၇ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ရေးဘီလူးတပ်ရင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo | ရေးဘီလူးတပ်ရင်း

❤21👍14👏8