The Voice Of Spring | နွေဦးအသံ |
29.6K subscribers
33.3K photos
1.46K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️နိုင်ငံအနှံ့စစ်ရှုံးပြီး စစ်တပ် အင်အားအဆမတန်ပြုန်းတီးနေသဖြင့် စစ်မှုထမ်း(ပစ)များနဲ့သာ စစ်ထွက်နေရ

၁ စက်တင်ဘာ ||| နွေဦးအသံ |||

နိုင်ငံအနှံ့စစ်မျက်နှာတွေမှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ စစ်အင်အားအဆမတန်ပြုန်းတီးလာနေတာကြောင့် အသက်ဆက်နိုင်ဖို့အတွက် စစ်မှုထမ်းတပ်သား(ပစ)တွေနဲ့သာ ရှေ့တန်းသို့စေလွှတ်နေရတယ်လို့ စစ်တပ်တွင်းသတင်းအချက်အလက်တွေမှတဆင့် သိရပါတယ်။

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၇ လက်အောက်ခံ အမှတ် ၄၂၁ ခြေမြန်တပ်ရင်း - ခမရ ၄၂၁ တပ်ရင်းအနေနဲ့ အင်အား ၁၅၀ ခန့်စုဖွဲ့ပြီး မိုးဗြဲမြို့အနီး စစ်မြေပြင်သို့ ဖြန့်ခွဲစစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းတပ်သားတွေ အယောက် ၁၀၀ ကျော် အများဆုံးပါဝင်နေပါတယ်။

စစ်တပ်ဟာ စစ်အင်အား အဆမတန်ပြုန်းတီးလာနေတာကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ မိုးဗြဲမြို့အနီးတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေ သိမ်းဆည်းရရှိခဲ့တဲ့ စာရွက်စာတမ်းတွေမှာအဆိုပါ ခမရ ၄၂၁ ရဲ့ စစ်ထွက်အင်အားဖွဲ့စည်းပုံ စာရင်းအချက်အလက်တွေအရ သိရတာပါ။

"ဖယ်ခုံဘက်က တပ်ပါ၊ ရှေ့တန်းထွက်တဲ့ လူ၊ လက်နက်၊ ခဲယမ်း စုဖွဲ့မှု စာရင်းပါဗျ၊ အဓိကက စစ်ထွက်အင်အား ၁၅၀ မှာ သန္ဓေအင်အားက ၃ ပုံ ၁ ပုံတောင်မပါဘူး၊ ဟုတ်ပါတယ်ဗျ ပစ နဲ့ အသက်ဆက်နေတာပဲလေ၊ ပစ ဆိုတာသာ မရှိခဲ့ရင် မင်းအောင်လှိုင်တောင် သမ္မတအတု ဆိုတာမျိုးအထိ ဖြစ်မလာဘူးဗျ" လို့ အမည်မဖော်လိုတဲ့ CDM ဗိုလ်ကြီး တဦးကလည်း မှတ်ချက်ပြုပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မိုးဗြဲမြို့အနီးမှာ ကာကင်းယူပြီး ထိုးစစ်ဆင်ဖို့အတွက် ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြီးခဲ့တဲ့လပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်အုပ်စု အများအပြားသေဆုံးထိခိုက်ခဲ့ကြောင်း မိုးဗြဲ PDF က အသိပေးထားပါတယ်။

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အပြင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကန့်သတ်ပိတ်ပင်ထားတဲ့ လမ်းကြောင်းတွေကို ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ကြဖို့ကိုလည်း မိုးဗြဲ PDF က သတိပေးနှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
26👍20👏3🥰2
◼️ခရီးသည်တင်ယာဉ်တွေပါနေသဖြင့် ပြည်သူမထိခိုက်စေဖို့ တစီးကိုသာ တိုက်ခိုက်နိုင်ပြီး ဆုတ်ခွာခဲ့ရဟုဆို

၂ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဗိုလ်မှူးအဆင့် လိုက်ပါလာတဲ့ ယာဉ် ၂ စီးကို PDF သရက်ခရိုင် အမှတ် ၂ တပ်ရင်းက ဩဂုတ် ၃၀ ရက်၊ မနက် ၉ နာရီခန့်မှာ ခြုံခို မိုင်းဆွဲတိုက်ခိုက်ခဲ့ခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်-အောင်လံလမ်းပိုင်း၊ ငါ့ပြင်းကျေးရွာ မြောက်ဘက်လမ်းပေါက်အနီးမှာ ခြုံခိုပြီး စစ်ကောင်စီတပ် ကကထုတ် - ကပစ ၇ မှ ဗိုလ်မှူးလိုက်ပါလာတဲ့ အိမ်စီးကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုရဲ့ ကားတစီး ထိခိုက်ပျက်စီးမှုရှိကြောင်း အသိပေးထားပါတယ်။

ခြုံခိုတိုက်ခိုက်စဉ် စစ်အုပ်စုယာဉ်တွေရဲ့ အနောက်မှာ အရပ်သားပြည်သူများလိုက်ပါလာတဲ့ ခရီးသည်တင်ယာဉ်တွေ ပါလာတဲ့အတွက် စစ်အုပ်စုရဲ့ ယာဉ်တစီးကိုသာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး တစီးမှာ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ခရီးသည်တင်ယာဉ်တွေဟာ ပစ်ကွင်းရှေ့မှာ ပိတ်မိနေတာကြောင့် ပြည်သူတွေထိခိုက်မှာစိုးရိမ်တဲ့အတွက် ဆက်လက်မိုင်းဆွဲတာ၊ ပစ်ခတ်တိုက်ခိုက်တာတွေကို မပြုလုပ်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ခြုံခိုတိုက်ခိုက်မှုကို သရက်ခရိုင် တပ်ရင်း ၂ ၊ BRAVO Fire Team က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်တပ်ယာဉ်တန်းတွေနဲ့ အနီးကပ်သွားလာတာတွေ မပြုလုပ်ကြဖို့ကိုလည်း အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | NUG - MOD (မင်းဘူးမြို့နယ်မှာ စစ်တပ်ယာဉ်တစီးကို ပကဖ ပူးပေါင်းတပ်ဖွဲ့က ၂၀၂၆ ခုနှစ်၊ မေလမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍3211👏3🔥2
◼️ရွှေကူမှာ KIA PDF တပ်များတိုက်ခိုက်မှုကြောင့် စစ်အုပ်စုသင်္ဘော ၄ စီးထပ်မံပျက်စီးပြီး တိုက်ခိုက်ရေးသင်္ဘောနစ်မြုပ်

🔹စကစ ၁၀၀ ကျော်အလံဖြူပြ လက်နက်ချအညံ့ခံပြီး ထွက်ပြေးသူများကို လိုက်လံရှင်းလင်းလျက်ရှိ

၂ စက်တင်ဘာ ||| နွေဦးအသံ |||

ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဆက်လက်ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ် သင်္ဘောတွေကို KIA ၊ PDF ပူးပေါင်တပ်တွေက စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၄ စီး ပျက်စီးခဲ့ပြီး တိုက်ခိုက်ရေးသင်္ဘောတစီး လုံးဝနစ်မြုပ်သွားတဲ့အပြင် စစ်သား ၁၀၀ ကျော် အလံဖြူပြ လက်နက်ချအညံ့ခံသူများစွာရှိတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် စင်းခန်းတံတားနဲ့ ဇင်းဘုံရွာအနီး စစ်အုပ်စုသင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက မနက်အစောပိုင်းမှစတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သင်္ဘော ၄ စီး လုံးဝပျက်စီးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပျက်စီးခဲ့တဲ့ သင်္ဘော ၄ စီးအနက် အမြောက်၊ စက်သေနတ်များပါတဲ့ တိုက်ခိုက်ရေးသင်္ဘောမှာ စစ်သားတွေနဲ့အတူ လုံးဝနစ်မြုပ်သွားခဲ့တဲ့အပြင် အခြားသင်္ဘောတွေမှ စစ်သားတွေ ရေထဲခုန်ချထွက်ပြေးသူများရှိတာကြောင့် လိုက်လံရှင်းလင်းလျက်ရှိသလို အလံဖြူပြပြီး အညံ့ခံသူ ၁၀၀ ကျော်ရှိကြောင်း ဖော်ပြထားပါတယ်။

မန္တလေး-စစ်ကိုင်းမှတဆင့် ကချင်ပြည်နယ်သို့ စစ်မြစ်ကြောင်းတလျှောက် စစ်အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်အုပ်စုသင်္ဘောတွေကို တိုက်ခိုက်မှုများအတွင်း သင်္ဘော ၆ စီးပျက်စီးခဲ့ပြီး အထိနာလျက်ရှိတာကြောင့် စစ်တပ်ကလည်း လေကြောင်းမှ လေယာဉ်အများအပြားအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | Social Media

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
30👍8👏8🥰1