The Voice Of Spring | နွေဦးအသံ |
29.5K subscribers
33.3K photos
1.46K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️နတ်မောက်မှာ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၁၀ ဦးသေဆုံး

၃၁ ဩဂုတ် ||| နွေဦးအသံ |||

မကွေးဒေသ၊ နတ်မောက်မြို့နယ်မှာ ပြည်သူတွေကို မတရားဖမ်းဆီးရိုက်နှက်နှိပ်စက်လာခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က ဩဂုတ် ၃၁ ရက်၊ မနက် ၆ နာရီ ၄၆ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လဲဘူးရွာသို့ ဝင်ရောက်စဉ် ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့တဲ့ အင်အား ၁၂၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို လဲဘူရွာ၊ လျှော်ချောင်းလေးရွာမှတဆင့် ဆက်လက်ထွက်ခွာလာစဉ် မိုင်းကွင်းအတွင်းအရောက် ပဒေသာမိုင်း ၄ လုံးနဲ့ ထိရောက်စွာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ဦးစီးတပ်က ထုတ်ပြန်ထားတာပါ။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း နေရာမှာတင် သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့အတွက် စစ်ကြောင်းရှေ့ဆက်မတိုးနိုင်ဘဲ သေဆုံးဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ လျှော်ချောင်းလေးရွာသို့ ပြန်လည်သယ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် လျှော်ချောင်းလေးရွာမှ ဒေသခံပြည်သူပိုင် နွားလှည်း ၁၃ စီးကို အတင်းအဓမ္မခေါ်ဆောင်ပြီး သေဆုံးဒဏ်ရာရသူတွေကို နွားလှည်းတွေအပြင် ထမ်းစင် ၅ ခု၊ လူချင်းကျောပိုးသယ်ဆောင်မှု ၂ ခု တို့နဲ့ ကမ်းပြိုရွာလမ်းပေါက်သို့ အလောတကြီးသယ်ဆောင်သွားသလို နတ်မောက်မြို့မှ ကား ၂ စီး၊ ၃ ဘီး ၁ စီးတို့နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်း လှုပ်ရှားရာ လမ်းကြောင်းတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ အထူးဂရုစိုက် သွားလာနေထိုင်ကြကြဖို့ကိုလည်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က သတိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | စစ်ဦးစီးတပ်

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍3415👏2🥰1
| ထားဝယ်မှာ စကစ ၁၅ ဦးခန့်သေဆုံးခဲ့တဲ့ စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်မှုမှတ်တမ်း |

◼️တနင်္သာရီဒေသ၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု၊ ကိုမြတ်သူအဖွဲ့နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့က ဩဂုတ် ၂၉ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး သေနတ် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ DNLA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Video | ဒူရကစစ်ကြောင်း

၁ စက်တင်ဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
40👍14👏3
◼️မကွေးမှာ စစ်တပ်ယာဉ်တန်းကို PDF ကြားဖြတ်တိုက်ခိုက်ရာ အရာခံဗိုလ်တဦးအပါ စကစ ၅ ဦးသေဆုံး

၁ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို PDF သရက်ခရိုင် အမှတ်(၃)တပ်ရင်းက ဩဂုတ် ၂၉ ရက်၊ ညနေ ၆ နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မကွေး-နတ်မောက်လမ်း၊ ကြာကန်နဲ့ ပုဂံမျှော်ကျေးရွာကြားမှာ စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာခံဗိုလ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး တပ်ကြပ်တဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့အပြင် စစ်ကားတစီးပျက်စီးခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၃ က အတည်ပြုထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ပုဂံမျှော်ကျေးရွာရှိ စစ်တပ်လက်ပါးစေ ပျူစောထီးဂိတ်ကိုလည်း ၆၀ မမ လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်အနီးမှာ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်အုပ်စုသေဆုံးထိခိုက်မှုကို စုံစမ်းဆဲဖြစ်တယ်လို့ ‌ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ သရက်ခရိုင် အမှတ် ၃ တပ်ရင်း - ငါးပြေမ ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ အနီးကပ်သွားလာနေထိုင်တာတွေ မပြုလုပ်ဖို့အပြင် တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုအခြေအနေတွေကို အထူးသတိထားစောင့်ထိန်းပေးဖို့ အဆိုပါတပ်ရင်းက သတိပေးထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုက​​ရေစီပြည်​ထောင်စုသစ် တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးတပ်တွေကို အရင်ကထက် ပိုမိုပါဝင်ထောက်ပံ့ကူညီပေးကြဖို့ကိုလည်း သရက်ခရိုင် တပ်ရင်း ၃ က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | သရက်ခရိုင် တပ်ရင်း ၃

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍3910👏6❤‍🔥4🥰1
◼️နိုင်ငံအနှံ့စစ်ရှုံးပြီး စစ်တပ် အင်အားအဆမတန်ပြုန်းတီးနေသဖြင့် စစ်မှုထမ်း(ပစ)များနဲ့သာ စစ်ထွက်နေရ

၁ စက်တင်ဘာ ||| နွေဦးအသံ |||

နိုင်ငံအနှံ့စစ်မျက်နှာတွေမှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ စစ်အင်အားအဆမတန်ပြုန်းတီးလာနေတာကြောင့် အသက်ဆက်နိုင်ဖို့အတွက် စစ်မှုထမ်းတပ်သား(ပစ)တွေနဲ့သာ ရှေ့တန်းသို့စေလွှတ်နေရတယ်လို့ စစ်တပ်တွင်းသတင်းအချက်အလက်တွေမှတဆင့် သိရပါတယ်။

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၇ လက်အောက်ခံ အမှတ် ၄၂၁ ခြေမြန်တပ်ရင်း - ခမရ ၄၂၁ တပ်ရင်းအနေနဲ့ အင်အား ၁၅၀ ခန့်စုဖွဲ့ပြီး မိုးဗြဲမြို့အနီး စစ်မြေပြင်သို့ ဖြန့်ခွဲစစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းတပ်သားတွေ အယောက် ၁၀၀ ကျော် အများဆုံးပါဝင်နေပါတယ်။

စစ်တပ်ဟာ စစ်အင်အား အဆမတန်ပြုန်းတီးလာနေတာကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ မိုးဗြဲမြို့အနီးတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေ သိမ်းဆည်းရရှိခဲ့တဲ့ စာရွက်စာတမ်းတွေမှာအဆိုပါ ခမရ ၄၂၁ ရဲ့ စစ်ထွက်အင်အားဖွဲ့စည်းပုံ စာရင်းအချက်အလက်တွေအရ သိရတာပါ။

"ဖယ်ခုံဘက်က တပ်ပါ၊ ရှေ့တန်းထွက်တဲ့ လူ၊ လက်နက်၊ ခဲယမ်း စုဖွဲ့မှု စာရင်းပါဗျ၊ အဓိကက စစ်ထွက်အင်အား ၁၅၀ မှာ သန္ဓေအင်အားက ၃ ပုံ ၁ ပုံတောင်မပါဘူး၊ ဟုတ်ပါတယ်ဗျ ပစ နဲ့ အသက်ဆက်နေတာပဲလေ၊ ပစ ဆိုတာသာ မရှိခဲ့ရင် မင်းအောင်လှိုင်တောင် သမ္မတအတု ဆိုတာမျိုးအထိ ဖြစ်မလာဘူးဗျ" လို့ အမည်မဖော်လိုတဲ့ CDM ဗိုလ်ကြီး တဦးကလည်း မှတ်ချက်ပြုပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မိုးဗြဲမြို့အနီးမှာ ကာကင်းယူပြီး ထိုးစစ်ဆင်ဖို့အတွက် ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြီးခဲ့တဲ့လပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်အုပ်စု အများအပြားသေဆုံးထိခိုက်ခဲ့ကြောင်း မိုးဗြဲ PDF က အသိပေးထားပါတယ်။

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အပြင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကန့်သတ်ပိတ်ပင်ထားတဲ့ လမ်းကြောင်းတွေကို ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ကြဖို့ကိုလည်း မိုးဗြဲ PDF က သတိပေးနှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
26👍21👏3🥰2
◼️ခရီးသည်တင်ယာဉ်တွေပါနေသဖြင့် ပြည်သူမထိခိုက်စေဖို့ တစီးကိုသာ တိုက်ခိုက်နိုင်ပြီး ဆုတ်ခွာခဲ့ရဟုဆို

၂ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဗိုလ်မှူးအဆင့် လိုက်ပါလာတဲ့ ယာဉ် ၂ စီးကို PDF သရက်ခရိုင် အမှတ် ၂ တပ်ရင်းက ဩဂုတ် ၃၀ ရက်၊ မနက် ၉ နာရီခန့်မှာ ခြုံခို မိုင်းဆွဲတိုက်ခိုက်ခဲ့ခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်-အောင်လံလမ်းပိုင်း၊ ငါ့ပြင်းကျေးရွာ မြောက်ဘက်လမ်းပေါက်အနီးမှာ ခြုံခိုပြီး စစ်ကောင်စီတပ် ကကထုတ် - ကပစ ၇ မှ ဗိုလ်မှူးလိုက်ပါလာတဲ့ အိမ်စီးကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုရဲ့ ကားတစီး ထိခိုက်ပျက်စီးမှုရှိကြောင်း အသိပေးထားပါတယ်။

ခြုံခိုတိုက်ခိုက်စဉ် စစ်အုပ်စုယာဉ်တွေရဲ့ အနောက်မှာ အရပ်သားပြည်သူများလိုက်ပါလာတဲ့ ခရီးသည်တင်ယာဉ်တွေ ပါလာတဲ့အတွက် စစ်အုပ်စုရဲ့ ယာဉ်တစီးကိုသာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး တစီးမှာ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ခရီးသည်တင်ယာဉ်တွေဟာ ပစ်ကွင်းရှေ့မှာ ပိတ်မိနေတာကြောင့် ပြည်သူတွေထိခိုက်မှာစိုးရိမ်တဲ့အတွက် ဆက်လက်မိုင်းဆွဲတာ၊ ပစ်ခတ်တိုက်ခိုက်တာတွေကို မပြုလုပ်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ခြုံခိုတိုက်ခိုက်မှုကို သရက်ခရိုင် တပ်ရင်း ၂ ၊ BRAVO Fire Team က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်တပ်ယာဉ်တန်းတွေနဲ့ အနီးကပ်သွားလာတာတွေ မပြုလုပ်ကြဖို့ကိုလည်း အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | NUG - MOD (မင်းဘူးမြို့နယ်မှာ စစ်တပ်ယာဉ်တစီးကို ပကဖ ပူးပေါင်းတပ်ဖွဲ့က ၂၀၂၆ ခုနှစ်၊ မေလမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍3311👏4🔥2