◼️တောင်သာမှာ စစ်တပ်စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ၄ ရက်ဆက်တိုက်ခိုက်ရာ စကစ ၇ ဦးသေဆုံး
၃၁ ဩဂုတ် ||| နွေဦးအသံ |||
မန္တလေးဒေသ၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၄ ရက်ဆက်တိုက် ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ TTA-PDF ရဲ့ ဩဂုတ် ၃၁ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျောက်ပန်းတောင်းဘက်မှ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို တောင်သာမြို့နယ်၊ ဝဲလောင်ရွာမှာ အထိုင်ချရပ်နားနေစဉ် ဩဂုတ် ၂၅ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ ဒရုန်းနဲ့ ၂ ကြိမ်၊ ၈၀ မမ လက်နက်ကြီးနဲ့ ၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး ၂၆ ရက်၊ မနက် ၁၁ နာရီခန့်မှာ ၈၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်တပ်စစ်ကြောင်းကို ဩဂုတ် ၂၇ ရက်၊ နေ့လယ် ၂ နာရီခန့်မှာလည်း ၈၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ဩဂုတ် ၂၈ ရက်၊ နေ့လယ် ၁ နာရီခန့်မှာလည်း ၈၀ မမ လက်နက်ကြီး ၂ လုံး၊ ၆၀ မမ Drop Bomb ၂ လုံး တို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကိုလည်း ဝဲလောင်ရွာစခန်းအနီးရှိ ဓမ္မာရုံမှာ ကျေးရွာဆေးဆရာမတွေခေါ်ယူ ကုသနေတယ်လို့ တောင်သာ PDF က အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TTA-PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ နေအိမ်မီးလောင်ခဲ့တာကြောင့် စစ်အသုံးအဆောင်နဲ့ ခဲယမ်းအချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
Photo | TTA-PDF
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👏28❤8🔥1
◼️မြိတ်မှာ စစ်တပ်က စခန်းတိုက်ခိုက်ခံရပြီးနောက် အရပ်သား ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ်များမီးရှို့ဖျက်ဆီး
၃၁ ဩဂုတ် ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ မြိတ်မြို့နယ်မှာ စခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ဩဂုတ် ၂၇ ရက်မှာ အရပ်သား ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မဇောကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက ငါးရပ်အင်းကျေးရွာနေ အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် တုံးဗျောကျေးရွာရှိ နေအိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရေခမ်းချောင်းကျေးရွာရှိ နေအိမ် ၁ လုံးကို ဩဂုတ် ၂၈ ရက်မှာ ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
တုံးဗျောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို KNDO က ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပြီးနောက် စစ်တပ်က အခုလို အကြမ်းဖက်လုပ်ရပ်ကို ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ငါးရပ်အင်းကျေးရွာ၊ တုံးဗျောကျေးရွာ၊ ရေခမ်းချောင်းကျေးရွာ၊ ဒူးကျိုးကျေးရွာတွေကို စစ်တပ်က စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေငြာထားတာဖြစ်သလို နိုင်ငံတဝှမ်းမှာလည်း အရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို နေ့စဉ်ကျူးလွန်နေကြောင်း KNU က အသိပေးထားတာ တွေ့ရပါတယ်။
Photo | KNU (စစ်တပ်ရဲ့ အကြမ်းဖက်မှုများနဲ့ ဩဂုတ် ၂၄ ရက်မှာ စစ်တပ်ထံမှ သိမ်းဆည်းရရှိ လက်နက်များ)

👍23🤬4
◼️နတ်မောက်မှာ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၁၀ ဦးသေဆုံး
၃၁ ဩဂုတ် ||| နွေဦးအသံ |||
မကွေးဒေသ၊ နတ်မောက်မြို့နယ်မှာ ပြည်သူတွေကို မတရားဖမ်းဆီးရိုက်နှက်နှိပ်စက်လာခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က ဩဂုတ် ၃၁ ရက်၊ မနက် ၆ နာရီ ၄၆ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လဲဘူးရွာသို့ ဝင်ရောက်စဉ် ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့တဲ့ အင်အား ၁၂၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို လဲဘူရွာ၊ လျှော်ချောင်းလေးရွာမှတဆင့် ဆက်လက်ထွက်ခွာလာစဉ် မိုင်းကွင်းအတွင်းအရောက် ပဒေသာမိုင်း ၄ လုံးနဲ့ ထိရောက်စွာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ဦးစီးတပ်က ထုတ်ပြန်ထားတာပါ။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း နေရာမှာတင် သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့အတွက် စစ်ကြောင်းရှေ့ဆက်မတိုးနိုင်ဘဲ သေဆုံးဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ လျှော်ချောင်းလေးရွာသို့ ပြန်လည်သယ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် လျှော်ချောင်းလေးရွာမှ ဒေသခံပြည်သူပိုင် နွားလှည်း ၁၃ စီးကို အတင်းအဓမ္မခေါ်ဆောင်ပြီး သေဆုံးဒဏ်ရာရသူတွေကို နွားလှည်းတွေအပြင် ထမ်းစင် ၅ ခု၊ လူချင်းကျောပိုးသယ်ဆောင်မှု ၂ ခု တို့နဲ့ ကမ်းပြိုရွာလမ်းပေါက်သို့ အလောတကြီးသယ်ဆောင်သွားသလို နတ်မောက်မြို့မှ ကား ၂ စီး၊ ၃ ဘီး ၁ စီးတို့နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်း လှုပ်ရှားရာ လမ်းကြောင်းတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ အထူးဂရုစိုက် သွားလာနေထိုင်ကြကြဖို့ကိုလည်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က သတိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။
Photo | စစ်ဦးစီးတပ်

👍34❤15👏2🥰1
| ထားဝယ်မှာ စကစ ၁၅ ဦးခန့်သေဆုံးခဲ့တဲ့ စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်မှုမှတ်တမ်း |
◼️တနင်္သာရီဒေသ၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု၊ ကိုမြတ်သူအဖွဲ့နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့က ဩဂုတ် ၂၉ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး သေနတ် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ DNLA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Video | ဒူရကစစ်ကြောင်း
၁ စက်တင်ဘာ ||| နွေဦးအသံ |||

❤40👍14👏3