The Voice Of Spring | နွေဦးအသံ |
29.5K subscribers
33.4K photos
1.46K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ဝမ်းတွင်းမှာ လယ်ယာထဲအထိ စစ်တပ်က တွေ့သမျှပေါ်တာလိုက်ဆွဲနေပြီး လူငယ် ၂ ဦးဖမ်းဆီးခံရ

🔹စစ်မှုထမ်းအပတ်စဉ် ၂၇ အင်အားမပြည့်မီခဲ့သဖြင့် နောက်အပတ်စဉ်အတွက် စစ်တပ်က ခပ်စိပ်စိပ်ပေါ်တာဆွဲလာနေ

၂၉ ဩဂုတ် ||| နွေဦးအသံ |||

မန္တလေး၊ ဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အခုရက်ပိုင်းတွေမှာ လယ်ယာထဲအထိ လယ်စိုက်/ပျိုးနုတ်နေသူတွေပါမချန် တွေ့သမျှလူငယ်တွေ ပေါ်တာလိုက်ဆွဲနေပြီး ဩဂုတ် ၂၆ နဲ့ ၂၇ ရက်မှာ လူငယ် ၂ ဦး မတရားဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်း ရွာတွေဘက်ရှိ လယ်ကွင်းတွေထဲသို့ ပင်းတလဲဘက်မှ စစ်အုပ်စုက ဩဂုတ် ၂၇ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ ရောက်လာပြီး တွေ့သမျှလူငယ်တွေကို လိုက်လံပေါ်တာဆွဲနေကြောင်း ဒေသသတင်းများဖော်ပြနေတဲ့ Voice of Wundwin က ဩဂုတ် ၂၈ ရက်မှာ အသိပေးထားတာပါ။

"စစ်ခွေးအုပ်ရောက်လာပြီး လယ်စိုက်/ပျိုးနုတ်နေကြသူတွေအပါအဝင် လယ်ကွင်းတွေထဲ တွေ့သမျှလူငယ်များကိုပေါ်တာလိုက်ဆွဲသဖြင့် ကောက်စိုက်သမတွေနဲ့ လယ်ကွင်းထဲရှိတဲ့ လူတွေအကုန် ရုန်းရင်းဆန်ခတ် ကြောက်လန့်တကြားထွက်ပြေးခဲ့ကြရတယ်" လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် လယ်ယာထဲမှာ ပျိုးနုတ်နေသူတွေထဲမှ လူငယ်တဦးကို စစ်တပ်က ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ညနေပိုင်းမှာ ထပ်မံသိရကြောင်းနဲ့ လူငယ်တွေ သတိထားနိုင်စေဖို့အတွက် Voice of Wundwin က သတိပေးထားပါတယ်။

ဒါ့အပြင် မြောက်ဇချမ်းကုန်းရွာမှ အသက် ၂၀ ကျော်အရွယ် လူငယ်တဦးဟာလည်း ဩဂုတ် ၂၆ ရက်မှာ ဝမ်းတွင်းမြို့ပေါ်မှ သူငယ်ချင်းထံအလည်သွားစဉ် စစ်အုပ်စုရဲ့ ပေါ်တာဆွဲခြင်းခံလိုက်ရကြောင့် လူငယ်တွေ အခုရက်ပိုင်းအတွင်း ပိုမိုသတိရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စစ်အုပ်စုဟာ ဩဂုတ်လအတွင်းပြုလုပ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် (၂၇) မှာ လူအင်အား မပြည့်မီခဲ့တာကြောင့် လာမယ့်လမှာပြုလုပ်မယ့် အပတ်စဉ် (၂၈) အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာနေတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | စစ်တပ်လော်ဘီတယ်လီဂရမ် (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬313👍1
◼️‌ထားဝယ်မှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စကစ ၁၅ ဦးခန့် သေဆုံး

၂၉ ဩဂုတ် ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ထားဝယ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ် ၂၉ ရက်၊ မနက် ၆ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး သေနတ် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း MA1 ၆ လက်၊ MA3 ၂ လက်၊ ကျည်ဘောက် ၁၁ ခုနဲ့ ကျည် ၂၀၀ တောင့်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု၊ ကိုမြတ်သူအဖွဲ့နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ DNLA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | DNLA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍3110
◼️PDF တပ်ရင်းတပ်ဖွဲ့တွေအတွက် “ကြိုးနဲ့စွန်” ကမ်ပိန်းက ဒေါ်လာ ၁ သိန်း ၈ သောင်းကျော် ထောက်ပို့

၂၉ ဩဂုတ် ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် “ကြိုးနဲ့စွန်” ကမ်ပိန်းက အမေရိကန်ဒေါ်လာ တသိန်းရှစ်သောင်းကျော် ထောက်ပို့ခဲ့တယ်လို့ သိရပါတယ်။

“ကြိုးနဲ့စွန်” ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁၈၀,၆၉၃ (တစ်သိန်းရှစ်သောင်းခြောက်ရာကိုးဆယ်သုံး ဒေါ်လာ) ကို ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးနဲ့ မြေပြင် PDF တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ထောက်ပို့ကူညီခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို “ကြိုးနဲ့စွန်” ကမ်ပိန်းရဲ့ ထောက်ပို့ကူညီမှုအပေါ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကျေးဇူးတင်ရှိကြောင်းနဲ့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် လက်မှတ်ရေးထိုးပြီး ဩဂုတ် ၂၉ ရက်မှာ ပေးပို့ခဲ့တာပါ။

"ကြိုးနဲ့စွန်"ကမ်ပိန်းဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ အရေးကြီးတဲ့ မျက်နှာစာဖြစ်တဲ့ ဝေဟင်မှတိုက်ပွဲဝင်နိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလျက်ရှိတဲ့ PDF နဲ့ ပကဖ တွေကို ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေ ပြုလုပ်သွားနိုင်ဖို့ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | မြိုင်မှာ စစ်တပ်ရဟတ်ယာဉ်ကို PDF ပကဖ ပူးပေါင်းတပ်များ FPV ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့စဉ် (Screenshot)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
42👍4👏3
◼️‌မင်းတုန်းမှာ ရိက္ခာရှာထွက်တဲ့စစ်အုပ်စုကိုတိုက်ခိုက်ရာ အထိနာထွက်ပြေးပြီး အလောင်းလက်နက်များသိမ်းဆည်းရရှိ

🔹စစ်ကြောင်းမှထွက်ပြေးလာတဲ့ တပ်ကြပ် ၃ ဦးအပါ စကစ ၅ ဦးအရှင်မိပြီး စစ်သုံ့ပန်းအဖြစ်ထိန်းသိမ်းထား

၃၀ ဩဂုတ် ||| နွေဦးအသံ |||

မကွေးဒေသ၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ရိက္ခာရှာထွက်လာတဲ့ စစ်အုပ်စုကို PDF သရက်ခရိုင် တပ်ရင်း ၄ က ဩဂုတ် ၂၉ ရက်၊ ည ၇ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေ သေဆုံးထိခိုက်မှုများစွာနဲ့ ထွက်ပြေးသွားပြီး အလောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းများ ဖြန့်ခွဲဝင်ရောက်လျက်ရှိရာ မင်းတုန်းမြို့အနောက်ခြမ်းရောက်ရှိနေတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းမှ ရိက္ခာရှာထွက်လာတဲ့ အင်အား ၅၀ ဦးခန့်ကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားတာပါ။

တိုက်ပွဲ ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး‌နောက် စစ်အုပ်စုဟာ သေဆုံးထိခိုက်မှုများနဲ့ အထိနာ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအချို့နဲ့အတူ MA3 ၁ လက်၊ ၅.၅၆ ကျည် ၉၁ တောင့်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရက်တည်းမှာပဲ မင်းတုန်းမြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတခုမှ ထွက်ပြေးလာတဲ့ တပ်ကြပ် တဦး၊ ဒုတပ်ကြပ် ၂ ဦးနဲ့ စစ်မှုထမ်းတပ်သား(ပစ) ၂ ဦးတို့ကိုလည်း အရှင်ဖမ်းမိခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားတယ်လို့ အသိပေးထားပါတယ်။

စစ်မြေပြင်မှာအသာစီးရနိုင်ဖို့ စစ်တပ်ဟာ စစ်မှုထမ်း(ပစ)တွေကို ရှေ့တန်းတင်ပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အသုံးပြုနေသော်လည်း လက်တွေ့မြေပြင်မှာ အထိနာကျရှုံးလျက်ရှိတာကြောင့် တပ်ဖွဲ့ဝင်တွေ နေ့စဉ်နဲ့အမျှ စစ်ကြောင်းစွန့်ခွာထွက်ပြေးလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍318👏5🔥1🥰1
◼️ရွှေကူမှာ စစ်တပ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစီးသိမ်းပိုက်ရရှိပြီး တစီးမီး‌လောင်ပျက်စီး

၃၀ ဩဂုတ် | နွေဦးအသံ |

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်သို့တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဩဂုတ် ၂၇ နဲ့ ၂၉ ရက်တို့မှာ တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော တစီး မီးလောင်ပျက်စီးပြီး တစီး သိမ်းပိုက်ရရှိခဲ့တဲ့အပြင် အရာရှိတွေအပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်အတိုင်း ကသာမှ ရွှေကူသို့ ဆက်လက်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ဩဂုတ် ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးခဲ့တာကြောင့် အစောင့်တပ်စိတ်နဲ့စောင့်ခိုင်းပြီး ဘိုကုန်းမှာချန်ထားခဲ့တဲ့ စစ်သင်္ဘောတစီးကို ထပ်မံချဉ်းကပ်စဉ် အစောင့်များထွက်ပြေးသွားတဲ့အတွက် သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ရွှေကူမှ ဗန်းမော်သို့ ဆက်လက်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ဩဂုတ် ၂၉ ရက်မှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ သင်္ဘောတစီး မီးလောင်ပျက်စီးပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားကြပါတယ်။

မြစ်ကြောင်းတလျှောက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်သင်္ဘောတွေကို တိုက်ခိုက်မှုအပြင် မြေပြင်တိုက်ပွဲတွေမှာ တပ်မမှူး၊ တပ်ရင်းမှူး အဆင့်ရှိတဲ့ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုတွေ များပြားပြီး အထိနာနေသော်လည်း အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နဲ့ ရက်ပိုင်းတွေမှာလည်း စစ်မှုထမ်းတပ်သားများစွာသုံးပြီး အင်အားအလုံးအရင်းနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းတွေ၊ စစ်သင်္ဘောလုံခြုံရေး စက်လှေတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာလည်း စစ်အုပ်စု သေဆုံးထိခိုက်မှုများပြီး အထိနာခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | Social Media

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
26👍17👏5🔥1