◼️စစ်အာဏာသိမ်းပြီးနောက် ဆင်းရဲနွမ်းပါးမှု ၅၀ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး လူဦးရေ ၃ ပုံ ၁ ပုံ အစာရေစာမပြည့်ဝမှုရင်ဆိုင်နေရ
🔹ကလေးသူငယ် ၁ သန်းကျော် အရေးကြီးကာကွယ်ဆေးထိုးနှံမှုနဲ့ ကင်းကွာနေပြီး ၆ သန်းခွဲခန့် ကျောင်းမတက်နိုင်
၂၈ ဩဂုတ်| နွေဦးအသံ |
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် အာဏာလုယူခဲ့ပြီးနောက် ဆင်းရဲနွမ်းပါးမှု ၅၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့ပြီး လူဦးရေ ၃ ပုံ ၁ ပုံက လွန်စွာဆိုးရွားတဲ့ အစာရေစာမပြည့်ဝမှု ရင်ဆိုင်နေရသလို ကျောင်းနေအရွယ်ကလေး/လူငယ် ၆ သန်းခွဲခန့် ကျောင်းမတက်နိုင်ဘူးလို့ သိရပါတယ်။
"တရားမဝင်စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရင်က ကျားကုတ်ကျားခဲ ကြိုးပမ်းရရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုတွေဟာ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်၊ စစ်အုပ်စုရဲ့ မတရားစစ်အာဏာသိမ်းမှု စတင်ချိန်ကစလို့ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့ပါတယ်"
- လို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့ 'စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ အဆင့်မြင့်နိုင်ငံရေးဆိုင်ရာဖိုရမ် (၂၀၂၆ ခုနှစ်)' ရဲ့ ဝန်ကြီးများအဆင့် ဆွေးနွေးမှု၊ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။
နိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၁ ပုံဟာလည်း အလွန်အမင်းဆိုးရွားတဲ့ အစာရေစာ မပြည့်ဝမှုကို ရင်ဆိုင်နေရပြီး အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းကျော်ဟာ သောက်သုံးရေသန့် မရရှိကြဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကလေးသူငယ် ၁ သန်းကျော်ဟာ သူတို့အတွက် အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်တွေနဲ့ ကင်းကွာနေကြရသလို ကျောင်းနေအရွယ်ကလေးနဲ့ လူငယ်လူရွယ် ၆.၃ သန်းကျော်ဟာလည်း ကျောင်းတက်ရောက် ပညာသင်ကြားနိုင်ခြင်း မရှိကြကြောင်း အသိပေးခဲ့ပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူ (၈,၁၀၀) ကျော် သေဆုံးခဲ့ရတဲ့အပြင် ပြည်သူ ၃.၇ သန်းကျော်ဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာနေရပြီး စစ်တပ်ရဲ့ အဓမ္မတပ်သားစုဆောင်းမှုနဲ့ မလုံခြုံမှုတွေကြောင့် လူငယ်လူရွယ် ၅ သိန်းခန့်ဟာလည်း ပြည်တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုနဲ့ တိုးတက်မှု ကျဆင်းခြင်းတွေရဲ့ အဓိကတရားခံဟာ အမည်နာမ / ဖွဲ့စည်းပုံတွေ မျိုးစုံပြောင်းလဲပြင်ဆင် ခေါ်ဝေါ်သုံးစွဲနေတဲ့ စစ်အုပ်စုသာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အသိပေးထောက်ပြခဲ့တာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🔹ကလေးသူငယ် ၁ သန်းကျော် အရေးကြီးကာကွယ်ဆေးထိုးနှံမှုနဲ့ ကင်းကွာနေပြီး ၆ သန်းခွဲခန့် ကျောင်းမတက်နိုင်
၂၈ ဩဂုတ်

😢39❤4👍1
◼️နှစ်ပတ်အတွင်း စကစ ၁၃ ဦး အလင်းဝင်ပြီး စစ်သုံ့ပန်း ၇ ဦး ဖမ်းမိ
၂၉ ဩဂုတ် ||| နွေဦးအသံ |||
နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်တပ်ထံမှ တော်လှန်ရေးတပ်ဖွဲ့တွေထံသို့ သြဂုတ်လ ဒုတိယပတ်နဲ့ တတိယပတ် အတွင်း အလင်းဝင်လာသူ ၁၃ ဦး ရှိတယ်လို့ သြဂုတ် ၂၈ ရက်၊ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်တပ်ထံမှ အလင်းဝင်လာသူ ၁၃ ဦး ရှိခဲ့ရာ ကရင်ပြည်နယ် ၆ ဦး၊ ချင်းပြည်နယ် ၃ ဦး၊ စစ်ကိုင်းတိုင်း ၃ ဦးနဲ့ မကွေးတိုင်း ၁ ဦးတို့ဖြစ်ကြပြီး စစ်တပ်လက်ပါးစေ ပြည်သူ့စစ်တွေ ၃ ဦးနဲ့ စစ်မှုထမ်းတပ်သားသစ် ၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၇ ဦး ရှိခဲ့ပြီး ကရင်နီပြည်နယ် ၄ ဦးနဲ့ မကွေးတိုင်း ၃ ဦး တို့ဖြစ်သလို ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်နဲ့ တတိယပတ်အထိ အလင်းဝင်ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်း ၃၈၁၅ ဦးထိရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က မှတ်တမ်းကောက်ယူ ဖော်ပြထားတာ တွေ့ရပါတယ်။

👍30❤6👏4🔥2🥰1
◼️ဝမ်းတွင်းမှာ လယ်ယာထဲအထိ စစ်တပ်က တွေ့သမျှပေါ်တာလိုက်ဆွဲနေပြီး လူငယ် ၂ ဦးဖမ်းဆီးခံရ
🔹စစ်မှုထမ်းအပတ်စဉ် ၂၇ အင်အားမပြည့်မီခဲ့သဖြင့် နောက်အပတ်စဉ်အတွက် စစ်တပ်က ခပ်စိပ်စိပ်ပေါ်တာဆွဲလာနေ
၂၉ ဩဂုတ် ||| နွေဦးအသံ |||
မန္တလေး၊ ဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အခုရက်ပိုင်းတွေမှာ လယ်ယာထဲအထိ လယ်စိုက်/ပျိုးနုတ်နေသူတွေပါမချန် တွေ့သမျှလူငယ်တွေ ပေါ်တာလိုက်ဆွဲနေပြီး ဩဂုတ် ၂၆ နဲ့ ၂၇ ရက်မှာ လူငယ် ၂ ဦး မတရားဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်း ရွာတွေဘက်ရှိ လယ်ကွင်းတွေထဲသို့ ပင်းတလဲဘက်မှ စစ်အုပ်စုက ဩဂုတ် ၂၇ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ ရောက်လာပြီး တွေ့သမျှလူငယ်တွေကို လိုက်လံပေါ်တာဆွဲနေကြောင်း ဒေသသတင်းများဖော်ပြနေတဲ့ Voice of Wundwin က ဩဂုတ် ၂၈ ရက်မှာ အသိပေးထားတာပါ။
"စစ်ခွေးအုပ်ရောက်လာပြီး လယ်စိုက်/ပျိုးနုတ်နေကြသူတွေအပါအဝင် လယ်ကွင်းတွေထဲ တွေ့သမျှလူငယ်များကိုပေါ်တာလိုက်ဆွဲသဖြင့် ကောက်စိုက်သမတွေနဲ့ လယ်ကွင်းထဲရှိတဲ့ လူတွေအကုန် ရုန်းရင်းဆန်ခတ် ကြောက်လန့်တကြားထွက်ပြေးခဲ့ကြရတယ်" လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် လယ်ယာထဲမှာ ပျိုးနုတ်နေသူတွေထဲမှ လူငယ်တဦးကို စစ်တပ်က ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ညနေပိုင်းမှာ ထပ်မံသိရကြောင်းနဲ့ လူငယ်တွေ သတိထားနိုင်စေဖို့အတွက် Voice of Wundwin က သတိပေးထားပါတယ်။
ဒါ့အပြင် မြောက်ဇချမ်းကုန်းရွာမှ အသက် ၂၀ ကျော်အရွယ် လူငယ်တဦးဟာလည်း ဩဂုတ် ၂၆ ရက်မှာ ဝမ်းတွင်းမြို့ပေါ်မှ သူငယ်ချင်းထံအလည်သွားစဉ် စစ်အုပ်စုရဲ့ ပေါ်တာဆွဲခြင်းခံလိုက်ရကြောင့် လူငယ်တွေ အခုရက်ပိုင်းအတွင်း ပိုမိုသတိရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်အုပ်စုဟာ ဩဂုတ်လအတွင်းပြုလုပ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် (၂၇) မှာ လူအင်အား မပြည့်မီခဲ့တာကြောင့် လာမယ့်လမှာပြုလုပ်မယ့် အပတ်စဉ် (၂၈) အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာနေတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Photo | စစ်တပ်လော်ဘီတယ်လီဂရမ် (ပုံဟောင်း)

🤬31❤3👍1
◼️ထားဝယ်မှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စကစ ၁၅ ဦးခန့် သေဆုံး
၂၉ ဩဂုတ် ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ ထားဝယ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ် ၂၉ ရက်၊ မနက် ၆ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး သေနတ် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း MA1 ၆ လက်၊ MA3 ၂ လက်၊ ကျည်ဘောက် ၁၁ ခုနဲ့ ကျည် ၂၀၀ တောင့်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု၊ ကိုမြတ်သူအဖွဲ့နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ DNLA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo | DNLA

👍31❤10
◼️PDF တပ်ရင်းတပ်ဖွဲ့တွေအတွက် “ကြိုးနဲ့စွန်” ကမ်ပိန်းက ဒေါ်လာ ၁ သိန်း ၈ သောင်းကျော် ထောက်ပို့
၂၉ ဩဂုတ် ||| နွေဦးအသံ |||
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် “ကြိုးနဲ့စွန်” ကမ်ပိန်းက အမေရိကန်ဒေါ်လာ တသိန်းရှစ်သောင်းကျော် ထောက်ပို့ခဲ့တယ်လို့ သိရပါတယ်။
“ကြိုးနဲ့စွန်” ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁၈၀,၆၉၃ (တစ်သိန်းရှစ်သောင်းခြောက်ရာကိုးဆယ်သုံး ဒေါ်လာ) ကို ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးနဲ့ မြေပြင် PDF တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ထောက်ပို့ကူညီခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို “ကြိုးနဲ့စွန်” ကမ်ပိန်းရဲ့ ထောက်ပို့ကူညီမှုအပေါ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကျေးဇူးတင်ရှိကြောင်းနဲ့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် လက်မှတ်ရေးထိုးပြီး ဩဂုတ် ၂၉ ရက်မှာ ပေးပို့ခဲ့တာပါ။
"ကြိုးနဲ့စွန်"ကမ်ပိန်းဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ အရေးကြီးတဲ့ မျက်နှာစာဖြစ်တဲ့ ဝေဟင်မှတိုက်ပွဲဝင်နိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလျက်ရှိတဲ့ PDF နဲ့ ပကဖ တွေကို ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေ ပြုလုပ်သွားနိုင်ဖို့ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Photo | မြိုင်မှာ စစ်တပ်ရဟတ်ယာဉ်ကို PDF ပကဖ ပူးပေါင်းတပ်များ FPV ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့စဉ် (Screenshot)

❤42👍4👏3