The Voice Of Spring | နွေဦးအသံ |
29.5K subscribers
33.4K photos
1.46K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️တနင်္သာရီမှာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာ‌နေသဖြင့် ကျေးရွာနေပြည်သူများ တိမ်းရှောင်ကြဖို့ PDF သတိပေး

၂၆ ဩဂုတ် ||| နွေဦးအသံ |||

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာ‌နေသလို အကြမ်းဖက်စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ယူနေတာကြောင့် ကျေးရွာတွေမှ ဒေသခံပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ PDF မြိတ်ခရိုင် တပ်ရင်း ၃ က သတိပေးလိုက်ပါတယ်။

ဗောဓိကမ်း၊ ဘန်လင်၊ ဘန်လော၊ ငါးမိုင်၊ ခြောက်မိုင်၊ ကျွဲထိန်းကုန်း၊ ဆင်ခေါင်း၊ သကျက်နဲ့ တောင်ဘီး စတဲ့ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာပါက ဘေးလွတ်ရာနေရာတွေသို့ ရှောင်တိမ်းနေထိုင်ကြဖို့ မြိတ်ခရိုင် တပ်ရင်း ၃ က ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာနေပြည်သူတွေကို ခေါ်ယူပြီး လူသားဒိုင်းအဖြစ် ထားရှိနေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပါက ပြည်သူတွေထိခိုက်မှုမရှိစေရေး ရှောင်ရှားနေထိုင်ကြဖို့ အထူးသတိပေးထားပါတယ်။

အဲဒီလို လူသားဒိုင်းအဖြစ် ခေါ်ယူအသုံးပြုနေတဲ့အထဲမှာ သာမန်ပြည်သူအနည်းငယ်သာပါရှိပြီး စစ်တပ်လက်ပါးစေ သတင်းပေးတွေ ပိုမိုပါဝင်နေကြောင်းကိုလည်း အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုတွေ ဖြစ်ပေါ်လာပါက သတိပေးချက်တွေကို မလိုက်နာသူတွေနဲ့သာ သက်ဆိုင်မှာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၃ က ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | မြိတ်ခရိုင် တပ်ရင်း ၃ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33🥰43
◼️မင်းကင်းမှာ စစ်တပ်စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်၊ ဒရုန်းဖျက်လက်နက်နဲ့ ခဲယမ်းများသိမ်းဆည်းရရှိ

၂၇ ဩဂုတ် ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မင်းကင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ ဩဂုတ် ၂၆ ရက်ထုတ်ပြန်ချက် အရ သိရပါတယ်။

တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို PDF ၊ ပကဖ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ တိုက်ပွဲမှတ်တမ်းအချို့နဲ့အတူ မင်းကင်း (ပကဖ)က ဖော်ပြထားတာပါ။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ဒရုန်းဖျက်လက်နက် (Anti-Drone Gun) အပါအဝင် ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေ၊ ယာဉ်တစီးတို့ကို သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း သေဆုံးမှုများရှိခဲ့တယ်လို့ မင်းကင်း (ပကဖ)က အသိပေးထားပါတယ်။

မုံရွာ-မင်းကင်း-ကလေးဝ လမ်းတလျှောက် ပြီးခဲ့တဲ့ မေလမှစပြီး အင်အား ၂၅၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အဲဒီစစ်တပ်စစ်ကြောင်းဟာ လမ်းတလျှောက် ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်မှုတွေရှိသလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားတာ တွေ့ရပါတယ်။

Photo | မင်းကင်း ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍3610❤‍🔥1👏1
👏289🥰3❤‍🔥1
◼️‌မြင်းခြံ-နွားထိုးကြီးလမ်း စံပြရွာစစ်တပ်အထိုင်စခန်းကို တိုက်ခိုက်ရာ စခန်းရှိ စကစအားလုံးထွက်ပြေး

၂၇ ဩဂုတ် ||| နွေဦးအသံ |||

မန္တလေး၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စံပြရွာအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဩဂုတ် ၂၆ ရက်၊ မနက် ၄ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားခဲ့ပြီး စခန်းကိုသိမ်းပိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့အရှေ့မြောက်ဘက်၊ နွားထိုးကြီး-မြင်းခြံလမ်းပိုင်းရှိ စံပြရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်သားနဲ့ ပျူ တွေအားလုံး ထွက်ပြေးသွားတဲ့အတွက် စခန်းကို သိမ်းပိုက်ရှင်းလင်းခဲ့ကြတယ်လို့ ပကဖ အသံက ဖော်ပြထားတာပါ။

တော်လှန်ရေးတပ်တွေပြန်ဆုတ်ခဲ့ပြီးနောက် စစ်တပ်က အင်အားဖြည့်တင်းပြီး စံပြရွာထဲ ပြန်ဝင်လာခဲ့သလို အနီးပတ်ဝန်းကျင်ကိုလည်း ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းခြံမြို့နယ် ပကဖ၊ ဗိုလ်ဆားပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကြယ်တပွင့်၊ မြင်းခြံ 35 ပြောက်ကျားတပ်ဖွဲ့နဲ့ အညာဖက်ဒရယ် ထနောင်းစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | မြင်းခြံ ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
47👏8❤‍🔥1