The Voice Of Spring | နွေဦးအသံ |
29.5K subscribers
33.4K photos
1.46K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မတ္တရာမှာ စစ်တပ်အထိုင်စခန်း ၂ ခုကို ပကဖ တိုက်ခိုက်၊ စကစ ၆ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

၂၄ ဩဂုတ် ||| နွေဦးအသံ |||

မန္တလေး၊ မတ္တရာမြို့နယ် အနောက်ခြမ်းမှာ အကြမ်းဖက်စစ်တပ် အထိုင်စခန်း ၂ ခုကို ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၁၃ ရက်၊ မနက် ၃ နာရီခွဲခန့်မှာ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကြိမ်တောရွာနဲ့ ကုန်းတန်းကြီး ကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စု အင်အား ၃၀ ခန့်ကို သွား‌ရောက်တိုက်ခိုက်ခဲ့ရာ လက်ဦးမှုရယူပစ်ခတ်နိုင်ခဲ့တာ‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်းသေဆုံးပြီး MA11 ၁ လက်၊ MA2 ၁ လက်၊ ခဲယမ်းများ၊ ဦးထုပ်၊ မှန်ဘီလူး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကစဉ့်ကလျားဖြစ်နေစဉ် စစ်အုပ်စုဘက်မှ ၆ ဦးခန့် ပြည်သူ့နေအိမ်တွေကြား ထွက်ပြေးသွားသလို တိုက်ပွဲနောက်တရက်မှာလည်း ခြုံတွေအတွင်း သေဆုံးနေတဲ့ စကစ ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး တပ်ခွဲ (၁)၊ (၂)၊ (၃) တို့မှ ထုတ်နှုတ်အင်အား‌တွေနဲ့အတူ မန်းခရိုင် ပကဖ မှ တပ်စိတ် (၁)စိတ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်မြင်စွာ ချေမှုန်းခဲ့ပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ မတ္တရာ ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | မတ္တရာ ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍3614🥰2👏1
◼️စစ်ကိုင်း ရဲတပ်ရင်း ၁၆ အနီး ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စကစ ၃ ဦးသေဆုံး

၂၅ ဩဂုတ် ||| နွေဦးအသံ |||

စစ်ကိုင်းမြို့ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း ၁၆ အနီးမှာ လမ်းသွားလမ်းလာ ပြည်သူဆီက ပိုက်ဆံတောင်းနေတဲ့ ရဲတွေကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ဩဂုတ် ၂၃ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှ စစ်ကိုင်းရှိ တပ်မ ၃၃ သို့ သွားတဲ့ ယာဉ်တန်းအတွက် လုံခြုံရေးယူပေးပြီး လမ်းသွားလမ်းလာ ပြည်သူတွေဆီက အတင်းအဓမ္မ ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီးနောက် ၄၀ မမ ဗုံးသီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦး နေရာမှာတင်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအနေနဲ့ CDM ပြုလုပ်ကြဖို့ တိုက်တွန်းထားသလို အဆိုပါရုံးတွေကို မကြာမီဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် တစုံတရာထိခိုက်မှုရှိခဲ့ပါက တာဝန်ယူမှာ မဟုတ်ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။

Photo | လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
32👍11🥰2👏2
◼️ရွှေကူသို့လာတဲ့ စစ်တပ်ကို KIA PDF ပူးပေါင်းတပ်တိုက်ခိုက်ရာ စကစအများအပြားသေဆုံးအထိနာ

၂၅ ဩဂုတ် ||| နွေဦးအသံ |||

ကချင်ပြည်နယ်၊ ‌ရွှေကူမြို့သို့ ကုန်းလမ်း၊ ရေလမ်းတွေမှ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ကို KIA ၊ PDF ပူးပေါင်းတပ်တွေက ဩဂုတ် ၂၄ ရက်မှာ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သေဆုံးထိခိုက်မှုများပြီး အထိနာထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းတပ်သားတွေကို ရှေ့ကထားပြီး အင်အားအလုံးအရင်းနဲ့ ရွှေကူသို့ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိနာပြီး သွေးရူးသွေးတန်း ထွက်ပြေးကြတယ်လို့ ကချင်ဒေသသတင်းမီဒီယာအချို့မှာ ဖော်ပြထားတာပါ။

ဒါ့အပြင် ဧရာဝတီမြစ်ကြောင်းမှာ စစ်သင်္ဘောအုပ်စုကို လုံခြုံရေးယူပေးဖို့လာတဲ့ စက်လှေတွေကို သင်္ဘောအင်းရွာအနီး အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စက်လှေအချို့ နစ်မြုပ်သွားတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးပြီး အထိနာသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရွှေကူမြို့နယ်သို့ စစ်တပ်က စစ်မှုထမ်းတပ်သားတွေ အများအပြားနဲ့ အင်အားဖြည့်တင်းနေသလို မြစ်ကြောင်းတလျှောက်မှာလည်း စစ်သင်္ဘောတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | လူမှုကွန်ယက် (Screenshot)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
35👍11👏4🥰3
◼️သေနတ် ၄ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိ

၂၅ ဩဂုတ် ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို KNDO က ဩဂုတ် ၂၄ ရက်၊ ညနေ ၂ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး MA1 ၁ လက်၊ MA2 ၂ လက်၊ MA11 ၁ လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါစစ်ဆင်ရေးကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၃ က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က အသိပေးထားတာ တွေ့ရပါတယ်။

Photo | KNU

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
30👏11