The Voice Of Spring | နွေဦးအသံ |
29.5K subscribers
33.4K photos
1.46K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ထားဝယ်ခရိုင် PDF အမှတ် ၄ တပ်ရင်းရဲ့ အမှတ်စဉ် ၁/၂၀၂၆ အခြေခံစစ်သင်တန်းပြီးစီး

၂၃ ဩဂုတ် ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အမှတ်စဉ် ၁/၂၀၂၆ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ ဩဂုတ် ၂၃ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃၊ အမှတ် ၈၀၀၃ တပ်ရင်း / ထားဝယ်ခရိုင် တပ်ရင်း ၄ က ဩဂုတ် ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

ရဲဘော်တွေကို စစ်သားတယောက်အဖြစ်ခံယူတတ်ဖို့၊ အမိန့်နာခံတတ်ဖို့၊ ရှေ့တန်းစစ်မြေပြင်မှာ ရန်သူကို လက်ဦးမှုရယူတက်ဖို့တွေအပြင် ပြည်သူကို အသက်နဲ့ရင်းပြီး ကာကွယ်တက်ဖို့နဲ့ ပြည်သူကို ပြည်သူလိုမြင်တတ်ဖို့တွေကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း အဆိုပါတပ်က အသိပေးထားတာ တွေ့ရပါတယ်။

Video | ထားဝယ်ခရိုင်၊ အမှတ် (၈၀၀၃) တပ်ရင်း

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
42👏6🥰2👍1
◼️PDF ၉၉၂၅ တပ်ရင်းက စစ်တပ်စခန်းတွေအပြင် ဘန်ကာအတွင်းပုန်းနေသူပါမချန် ဒရုန်းနဲ့ တိုက်ခိုက်ချေမှုန်း

၂၄ ဩဂုတ် ||| နွေဦးအသံ |||

ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၉၉၂၅ တပ်ရင်းက အသေခံဒရုန်းတွေနဲ့ ထိရောက်စွာ လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ ဩဂုတ် ၂၃ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အုပ်စုရဲ့ အခိုင်အမာစခန်းတွေ၊ စခန်းဘန်ကာအတွင်း ပုန်းအောင်နေသူတွေအပြင် လူနေအိမ်တွေမှာ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ ဒရုန်းနဲ့ ဂျမ်မာတွေကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းခဲ့တာကို အမှတ် ၉၉၂၅ တပ်ရင်း - Rangoon Warriors PDF က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၇ ကွပ်ကဲမှုအောက်ရှိ Rangoon Warriors PDF ဟာ ဘီးလင်းမြို့နယ်အတွင်း စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ လေးကေစခန်းသိမ်းတိုက်ပွဲမှာလည်း KNLA ၊ KNDO ၊ ABSDF အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Video | Rangoon Warriors PDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
36👍7👏7
◼️မတ္တရာမှာ စစ်တပ်အထိုင်စခန်း ၂ ခုကို ပကဖ တိုက်ခိုက်၊ စကစ ၆ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

၂၄ ဩဂုတ် ||| နွေဦးအသံ |||

မန္တလေး၊ မတ္တရာမြို့နယ် အနောက်ခြမ်းမှာ အကြမ်းဖက်စစ်တပ် အထိုင်စခန်း ၂ ခုကို ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၁၃ ရက်၊ မနက် ၃ နာရီခွဲခန့်မှာ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကြိမ်တောရွာနဲ့ ကုန်းတန်းကြီး ကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စု အင်အား ၃၀ ခန့်ကို သွား‌ရောက်တိုက်ခိုက်ခဲ့ရာ လက်ဦးမှုရယူပစ်ခတ်နိုင်ခဲ့တာ‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်းသေဆုံးပြီး MA11 ၁ လက်၊ MA2 ၁ လက်၊ ခဲယမ်းများ၊ ဦးထုပ်၊ မှန်ဘီလူး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကစဉ့်ကလျားဖြစ်နေစဉ် စစ်အုပ်စုဘက်မှ ၆ ဦးခန့် ပြည်သူ့နေအိမ်တွေကြား ထွက်ပြေးသွားသလို တိုက်ပွဲနောက်တရက်မှာလည်း ခြုံတွေအတွင်း သေဆုံးနေတဲ့ စကစ ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး တပ်ခွဲ (၁)၊ (၂)၊ (၃) တို့မှ ထုတ်နှုတ်အင်အား‌တွေနဲ့အတူ မန်းခရိုင် ပကဖ မှ တပ်စိတ် (၁)စိတ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်မြင်စွာ ချေမှုန်းခဲ့ပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ မတ္တရာ ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | မတ္တရာ ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍3614🥰2👏1
◼️စစ်ကိုင်း ရဲတပ်ရင်း ၁၆ အနီး ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စကစ ၃ ဦးသေဆုံး

၂၅ ဩဂုတ် ||| နွေဦးအသံ |||

စစ်ကိုင်းမြို့ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း ၁၆ အနီးမှာ လမ်းသွားလမ်းလာ ပြည်သူဆီက ပိုက်ဆံတောင်းနေတဲ့ ရဲတွေကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ဩဂုတ် ၂၃ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှ စစ်ကိုင်းရှိ တပ်မ ၃၃ သို့ သွားတဲ့ ယာဉ်တန်းအတွက် လုံခြုံရေးယူပေးပြီး လမ်းသွားလမ်းလာ ပြည်သူတွေဆီက အတင်းအဓမ္မ ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီးနောက် ၄၀ မမ ဗုံးသီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦး နေရာမှာတင်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအနေနဲ့ CDM ပြုလုပ်ကြဖို့ တိုက်တွန်းထားသလို အဆိုပါရုံးတွေကို မကြာမီဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် တစုံတရာထိခိုက်မှုရှိခဲ့ပါက တာဝန်ယူမှာ မဟုတ်ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။

Photo | လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
32👍11🥰2👏2