The Voice Of Spring | နွေဦးအသံ |
34.5K subscribers
31.3K photos
1.3K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
| ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပတဲ့ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ပွဲ ||| နွေဦးအသံ |||
3
This media is not supported in your browser
VIEW IN TELEGRAM
လက်နက်ငယ်(၅၀)နဲ့ မိုင်းအလုံး(၃၀၀)ကျော် စတင်ဖြန့်ဖြူး ||| နွေဦးအသံ |||
6👍3
This media is not supported in your browser
VIEW IN TELEGRAM
(၇၂)နှစ်မြောက်
ကရင့်အာဇာနည်နေ့ ကျင်းပပြုလုပ်ခဲ့ ||| နွေဦးအသံ |||
6
This media is not supported in your browser
VIEW IN TELEGRAM
| ဒုဦးစီးသေ၊ ဦးစီးမှူး သေနတ်ဒဏ်ရာရ ||| နွေဦးအသံ |||
9👍1
This media is not supported in your browser
VIEW IN TELEGRAM
အနောက်ပိုင်းတိုင်း တပ်ရင်းများ (၁)နှစ်ပြည့် အခမ်းအနားကျင်းပ ||| နွေဦးအသံ |||
5
This media is not supported in your browser
VIEW IN TELEGRAM
| စကစတပ်တွင်း သေဆုံးမှုရှိပြီး ပြန်လည်ပစ်ခတ် ||| နွေဦးအသံ |||
6
KNU ရဲ့ ကူညီမှုဖြင့် CDM မိသားစုပြန်လည်ဆုံစည်းခွင့်ရ

ဩဂုတ်(၁၃)ရက် | နွေဦးအသံ |

ဇူလိုင်(၂၀)ရက်မှာ အကြမ်းဖက်စကစတပ်ကို စွန့်ခွာပြီး CDM ပြုလုပ်ခဲ့တဲ့ ခမရ (၂၀၇)က ဒုတပ်ကြပ် ကျော်နိုင်စိုး ကို မှတ်မိကြဦးမှာပါ။

လွတ်မြောက်နယ်မြေကို ရောက်တယ်ဆိုရင်ပဲ ဟင်္သာတထွန်းရင် ရဲ့ "စိန်နားကပ်နဲ့ ပဲကြီးလှော်" သီချင်းကို ပျော်လွန်းလို့ တကြော်ကြော်အော်ဆိုခဲ့သူပါ။

KNU ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ သူ့ရဲ့ ဇနီးသည်အပါအဝင် မိသားစုဝင်တွေလွတ်မြောက်နယ်မြေကို ရောက်ကြပါပြီ။

"အများကြီး အများကြီး ကျေးဇူးတင်တယ်၊ စိတ်လွတ်လပ်တယ်၊ ချုပ်နှောင်မှုလည်း မရှိဘူး၊ သူများစိတ်နဲ့ ကိုယ့်ကိုယ်လည်း မလုပ်ရဘူး၊ ပိုပြီးတော့လည်း လွတ်လပ်သလို ပိုပြီးတော့လည်း စိတ်ချမ်းသာသွားတယ်၊ အခုမှပဲ ခေါင်းပြားအောင် အိပ်ရတယ်ဆိုပြီးတော့ ကလေးတွေက အခုထက်ထိအောင် အိပ်နေတုန်း"

ဇနီးဖြစ်သူ ဒေါ်အုန်းထွေး က မိသားစုတွေ တစုတစည်းပြန်ဆုံနိုင်အောင် လုပ်ပေးတဲ့ KNU နဲ့ ပြည်သူ့ရင်ခွင် အဖွဲ့အစည်းကို ကျေးဇူးတင်စကားဆိုပါတယ်။

တပ်ထဲမှာတော့ လက်ပြန်ကြိုးတုပ်ထားတဲ့ပုံကိုပြပြီး အသတ်ခံရတယ်ဆိုပြီး သတင်းဖြန့်ထားတယ်လို့ ဇနီးသည်က နွေဦးအသံကို ပြောပြပါတယ်။

လက်တွေ့မှာတော့ KNU နဲ့ ပြည်သူ့ရင်ခွင် အဖွဲ့အစည်းက မိသားစုနဲ့ပါ ပြန်ဆုံနိုင်ဖို့ ကူညီပေးတဲ့အတွက် CDM ဒုတပ်ကြပ်ကျော်နိုင်စိုးက ပီတိဖြစ်နေပါတယ်။

"ကျနော့်ဆီ မရောက်မချင်းတော့ လမ်းမှာ အခက်အခဲနဲ့ ကြုံမှာ စိုးလို့ဆိုပြီး ပူပင်သောကများနေရတာပေါ့၊ အခုကျနော့်ဆီ ရောက်လာကြတော့ အတိုင်းအတာထက်မက ပိုပြီး ဝမ်းသာသွားတာပေါ့"

"ကျနော့်လိုပဲ လွတ်လွတ်လပ်လပ်နဲ့ အခုလို စိတ်ချမ်းချမ်းသာသာနဲ့ပေါ့၊ မိသားစုနဲ့လည်း စည်းစည်းရုံးရုံးနေရမယ် မခွဲမခွာနေရမယ်၊ ကျနော့်လိုပဲ ပြည်သူလူထုဘက်ကို လာခိုလှုံချင်တယ်ဆိုရင်တော့ အချိန်မရွေး လက်ကမ်းပြီး ကြိုဆိုနေပါတယ်"

ဒါကတော့ ဘဝတူ ရဲဘော်ရဲဘက်တွေဆီ CDM ဒုတပ်ကြပ်ကျော်နိုင်စိုး ပါးချင်တဲ့ စကားပဲ ဖြစ်ပါတယ်။

©အောင်နွေထက်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
4👍2
အနည်းဆုံး (၇.၈) မီလံယံ ကျောင်းနေအရွယ် ကလေးများ၏ ပညာသင်ကြားမှု အခွင့်အရေးများ ဆုံးရှုံးအောင် အကြမ်းဖက်နေသည့် စစ်ကောင်စီကို ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှု ဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေး အဖွဲ့အစည်း ၁၂ ခု ကိုလည်း ဖိတ်ကြားစာပေးပို့ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အမြန်ဆုံးပြန်လည်ရုတ်သိမ်းပြီး လူသိရှင်ကြားတောင်းပန်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရတရပ်အနေဖြင့် အသိအမှတ်ပြုသည့် စာအပြည့်အစုံအား ရေးသားထုတ်ပြန်ရန် မျှော်လင့်ကြောင်း အသိပေးထားသည်။

ဩဂုတ်(၁၃)ရက် ||| နွေဦးအသံ |||

©လင်းယုန်နွေ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
Media is too big
VIEW IN TELEGRAM
မိသားစု နဲ့ ပြန်ဆုံရတဲ့အခါ အပျော်ကို မထိန်းနိုင်တော့ဘဲ သီချင်းတပုဒ်ကို သူဆိုမိပြန်ပါပြီ။

ဇနီးသည်ကို ​ကြည့်ပြီး ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့
CDM ဒုတပ်ကြပ် ကျော်နိုင်စိုး ရဲ့ သီချင်းကို မျှဝေလိုက်ပါတယ်။

KNU ရဲ့ ကူညီမှုနဲ့ သူတို့ မိသားစုတွေ လုံခြုံစွာ ပြန်ဆုံစည်းခွင့်ရကြတာပါ။

ရိုက်ကူးတင်ဆက်©အောင်နွေထက်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
6
| ဟိုတုန်းက စစ်သားမိန်းမက ခေါင်းမော့ရင်ကော့ပြီးတော့ သွားလို့ရတယ်၊ အခုစစ်သားမိန်းမက ထွီပြီး တံထွေးထွေးမယ့်သူတောင် မရှိတော့ဘူး၊ ခေါင်းငုံ့ပြီးတော့ နေရမယ့် ဘဝမျိုးနဲ့ ဆိုင်ရင်တော့ ဒီနေရာမျိုးကို ရောက်တာ အများကြီး ကျေးဇူးတင်ပါတယ် | ©ဒေါ်အုန်းထွေး ( CDM ဒုတပ်ကြပ်၏ ဇနီး )

ပြည်သူ့ရင်ခွင် နဲ့ စကစရဲ့ စစ်တပ်တွင်းမှာ နေရတာနဲ့ ဘယ်လိုကွာခြားသလဲ ဆိုတာကို CDM ဒုတပ်ကြပ် ကျော်နိုင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်အုန်းထွေးက နွေဦးအသံကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

အထူးရုပ်သံဆောင်းပါး
©The Voice Of Spring - နွေဦးအသံ
ရိုက်ကူး/တည်းဖြတ်©အောင်နွေထက်

https://fb.watch/eUFJdOwzvw/
4👍1
ကော့ကရိတ်မြို့တွင်း တိုက်ပွဲသတင်း KNU ထုတ်ပြန်

စကစ ရဲမှူး(၁)ဦး အပါအဝင် (၁၂)ဦး သေဆုံးပြီး သေနတ်(၆)လက် သိမ်းဆည်းရရှိ

ဩဂုတ်(၁၅)ရက် ||| နွေဦးအသံ |||

တရားဥပဒေအရာရှိ(၁)ဦးနဲ့ ရုံးလုပ်သား(၁)ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပါတယ်။

အကြမ်းဖက်စကစစစ်တပ်မှ လူနေကျေးရွာများသို့ လက်နက်ကြီး အချက် ၅၀ ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက်စကစ ရဲ့ မြို့နယ်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာပါ။

ယနေ့ ဩဂုတ်(၁၅)ရက်၊ မနက်(၁၀)နာရီခန့်က စတင် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်အကျအဆုံးမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

©လင်းယုန်နွေ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍5
မင်းအောင်လှိုင်သား ကုမ္ပဏီက ရုရှကနေ စက်သုံးဆီ တင်သွင်းမယ်။

စကစ ခေါင်းဆောင် မင်းအောင်လှိုင်သား ပိုင်ဆိုင်တဲ့ ရဲတံခွန် ကုမ္ပဏီကနေ တင်သွင်းမှာပါ။

ပြီးတော့ ကမ္ဘောဇ ဘဏ်အုပ်စုပိုင်ရှင် ဦးအောင်ကိုဝင်းရဲ့ ကုမ္ပဏီလည်း ပါဝင်ပါတယ်။

ဦးဆန်းနောင် က ကမ္ဘောဇဘဏ်အုပ်စု ပိုင်ရှင် ဦးအောင်ကိုဝင်း ရဲ့ တပည့်ဖြစ်ပြီးတော့ Brighter Energy ကုမ္ပဏီကိုလည်း ဦးအောင်ကိုဝင်းက ပိုင်ဆိုင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဆက်သွယ်ရေးနဲ့ စွမ်းအင် အစရှိတဲ့ အကျိုးအမြတ်ကြီးမားတဲ့ လုပ်ငန်းတွေမှာ အကြမ်းဖက် စကစ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေက အဓိက ရင်းနှီးမြှုပ်နှံ ပါဝင်နေတာကို တွေ့ရပါတယ်။

ရုရှကနေ စက်သုံးဆီတင်သွင်းမယ့် ကုမ္ပဏီ (၄) ခုမှာ ကျန်(၂)ခုကတော့ Star High ကုမ္ပဏီ နဲ့ BOC တို့ ဖြစ်ပါတယ်။

©The Voice Of Spring ( နွေဦးအသံ )
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
🤬5👍2