The Voice Of Spring | နွေဦးအသံ |
34.4K subscribers
31.3K photos
1.3K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ သြစတြေးလျနိုင်ငံ၊ အထက်လွှတ်တော်အမတ် Senator Paul Scarr လာရောက်၍ ရုံးအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့

တော်လှန်အနုပညာရှင် သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း လည်း တက်ရောက်ဆွေးနွေးခဲ့

သြဂုတ်(၅)ရက် | နွေဦးအသံ |

မြန်မာ့အရေးကို လွှတ်တော်အတွင်းက ၎င်းကူညီပေးနိုင်သည့် ကိစ္စရပ်များအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး
ဒုက္ခသည်များအရေး၊ လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့ပေးရေးကိစ္စများ ပါဝင်ပါတယ်။

စစ်အုပ်စုက အရပ်သားများအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအရေး၊ သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရသည့် နိုင်ငံကူးလက်မှတ်ဆိုင်ရာ အခက်အခဲများနဲ့ ပတ်သက်ပြီးလည်း ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါတယ်။

©လင်းယုန်နွေ
ဓာတ်ပုံ | NUG
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
4
ကင်းလှည့်စကစရဲကားကို လျှပ်တပြတ်တိုက်ခိုက်

စကစရဲ(၇)ဦးသေ၊ သေနတ်(၆)လက်ပါ သိမ်းယူနိုင်ခဲ့

သြဂုတ် (၇)ရက် ||| နွေဦးအသံ |||

စစ်ကိုင်း၊ တန့်ဆည်မြို့၊ တောင်ဘက်က စစ်ဆေးရေးဂိတ်အနီးမှာ ကင်းလှည့်ထွက်လာတဲ့ ရဲကားကို တိုက်ခိုက်ခဲ့ပါတယ်။

ကားပေါ်က အကြမ်းဖက် စကစလက်အောက်ခံ ရဲ(၇)ဦးလုံး သေဆုံးခဲ့ပြီး G3 သေနတ် (၆) လက်ကို သိမ်းယူနိုင်ခဲ့ပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း(၂၅ )(TPC)နှင့် မြို့နယ်ပကဖ ပူးပေါင်း အဖွဲ့တို့က သြဂုတ်(၇)ရက်၊မနက်(၅:၃၀)နာရီခန့်မှာ လျှပ်တပြတ် ပစ်ခတ်ချေမှုန်းခဲ့တာပါ။

ဒေသခံ PDF တွေဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ပါဘူး။

©လင်းယုန်နွေ
ဓာတ်ပုံ©PDF | သိမ်းဆည်းရမိတဲ့သေနတ်(၆)လက်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍2
This media is not supported in your browser
VIEW IN TELEGRAM
| မိုးကုတ်ဗျူဟာတပ်ရင်း(၁)က စကစ စခခန်းကို တိုက်ခိုက်ခဲ့ ||| နွေဦးအသံ |||
5
မလေးရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို NUG အစိုးရက အကာကွယ်ပေး

သြဂုတ် ၉ ရက် ||| နွေဦးအသံ |||

မလေးရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန က မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို မေတ္တာရပ်ခံစာပေးပို့ခဲ့ပါတယ်။

သြဂုတ်(၉)ရက်မှာ မလေး၊ ဆယ်လန်ဂေါပြည်နယ်၊ ကာဂျမ်းမြို့က အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၁၇၅)ဦးခန့်ကို တိုက်ခန်းတွေမှာ ဝင်ရောက်စီးနင်းပြီး မလေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။

မြန်မာဒုက္ခသည်များအရေးနှင့် ပတ်သက်၍လည်း အချိန်နှင့် တပြေးညီ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

#thevoiceofspring
👍54
This media is not supported in your browser
VIEW IN TELEGRAM
| မုံရွာကို ဆန်တက်လာတဲ့ စကစ ရေယာဥ်ကို လျှောတိုက်ဒုန်းနဲ့ တိုက်ခိုက် ||| နွေဦးအသံ |||
3👍3
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အကြမ်းဖက် စကစ လက်အောက်ခံ စုပေါင်းရုံး မီးလောင်နေတာကို တွေ့မြင်ရတာပါ။

ပေါက်ကွဲအားပြင်းတဲ့ဗုံးနဲ့ ဩဂုတ်(၁၀)ရက် မနက်(၁၁)နာရီမှာ ဖောက်ခွဲခံခဲ့ရပါတယ်။

"ကျနော်တို့တော်လှန်ရေးအင်အားစု(URF)မှဗန်းမော်သူ/သားများအား ရဲခွေး၊စစ်ခွေး များနဲ့ဝေးနိုင်သမျှဝေးနိုင်အောင်ရှောင်ရှားကြရန်သတိပေးပြောကြားလိုက်သည်။"

ဆိုပြီး Urban Revolutionary Force - Bhamo အဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

စကစဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။

©လင်းယုန်နွေ
ဓါတ်ပုံ©CJ | ဗုံးပေါက်ကွဲပြီး မြင်တွေ့ရသည့် စုပေါင်းရုံး
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
တရက်ထဲမှာ စကစ(၁၁)ဦးကို သုတ်သင်နိုင်ခဲ့တဲ့ စနိုက်ပါ အထူးတပ်ဖွဲ့

သြဂုတ် (၁၀)ရက် ||| နွေဦးအသံ |||

အကြမ်းဖက် စကစ တပ်တွေက ဖရူဆိုမြို့မှာ ပြန်ပြီး စစ်ကြောင်းထိုးလာပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုခရိုင်က ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ဆိုလားလူကျေးရွာမှာ ဩဂုတ်(၉)ရက်က တိုက်ပွဲဖြစ်ကြတာပါ။

PDF စနိုက်ပါတပ်ဖွဲ့တွေက စကစတပ်ဖွဲ့ဝင်(၁၁)ဦး တိတိကို သုတ်သင်နိုင်ခဲ့ပါတယ်။

အထူးစစ်ဆင်ရေး စနိုက်ပါတပ်ဖွဲ့ရဲ့ စနိုက်ပါသေနတ်တွေက မီတာ ၁,၀၀၀ ဝန်းကျင်က ပစ်မှတ်ကို အသေအချာ ပစ်ခတ်နိုင်စွမ်းရှိတာမို့ စကစ စစ်ကြောင်းဟာ ရှေ့ဆက်မတိုးနိုင်ဘဲ အကျအဆုံးများနေရတာပါ။

© နွေသူရ
ဓာတ်ပုံ | CJ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
10👍1