◼ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်ရမ်းကားမှု ပိုမိုမြင့်တက်လျက်ရှိ
ဇူလိုင်(၁)| နွေဦးအသံ |
ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းပေ ၅၀ လမ်းမပေါ်က စျေးသည်တွေကို အကြမ်းဖက် စစ်အုပ်စုက သေနတ်နဲ့ ချိန်ထွက်သွားခိုင်းပြီး ပစ္စည်းတွေကို လုယူကာ ကားပေါ်တင် ယူဆောင်သွားတဲ့အပြင် မီးရှို့ဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်ကို ဇွန်(၃၀)ရက် ည (၈)နာရီခွဲခန့်က ကျူးလွန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက စစ်ကား ၄စီး လောက်နဲ့ ရောက်လာတာဖြစ်ပြီး စစ်သား ၁၀ ဦးခန့်က စျေးရောင်းချသူတွေကို သေနတ်နဲ့ချိန် ထွက်သွားခိုင်းပြီး ဈေးသည်တွေရဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါလို့ ဒေသခံတွေက ပြောပါတယ်။
"ဈေးဆိုင်တွေကိုဖျက်ဆီးတယ်။ ဈေးသည်တွေကို သေနတ်နဲ့ချိန် ထွက်သွားခိုင်းတယ်။ ဆူညံနေတာပဲ။ ထွက်ပြေးတဲ့သူတွေက ပြေးတယ်။ တချို့ပစ္စည်းတွေကို မီးရှို့တယ်။ တချို့ဟာတွေကျ ကားပေါ်တင်ယူသွားတယ်"
လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။
ဒါ့အပြင် အသစ်ဖွင့်လှစ်ထားတဲ့ လျှပ်စစ်ပစ္စည်းဆိုင်က ပစ္စည်းတော်တော်များများကိုလည်း အကြမ်းဖက် စစ်အုပ်စုက လုယူသွားပြီး လှည်းတန်း ပေ ၅၀ လမ်းမပေါ်က ဈေးဆိုင်ပေါင်း တရာနီးပါးကို ဖျက်ဆီးထားတယ်လို့
မျက်မြင် တွေရှိသူတဦးရဲ့ အဆိုအရ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း လှည်းတန်းလမ်းမကြီးတလျှောက် ဈေးမရောင်းဖို့ အကြမ်းဖက်စစ်အုပ်စုက လိုက်လံကြေညာထားခဲ့တာပါ။
လှည်းတန်းပေ ၅၀ လမ်းပေါ်မှာ လူငယ်တချို့က လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပြီး စျေးသူစျေးသားတွေက လက်ခုပ်တီး အားပေးခဲ့တဲ့ အပြင် လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ပြသခဲ့ကြ တယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
https://t.me/VOStelegram
#thevoiceofspring
ဇူလိုင်(၁)

Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
◼ မြင်းမူတွင် အကြမ်းဖက် စစ်တပ်၏ ၁၂ ဘီးကား မိုင်းခွဲခံရ
ဇူလိုင်(၂)ရက်| နွေဦးအသံ |
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တော နှင့် ဘိုးမင်းကြီးအကြားတွင် အကြမ်းဖက် စစ်ကောင်စီ များ လိုက်ပါလာသည့် ၁၂ ဘီးကားကို PDF အဖွဲ့မှ ယနေ့ နံနက် ၇နာရီ ၄၀ခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခြင်း ကို မြင်းမူမြို့ပြ- တော်လှန်ရေးအဖွဲ့-CRF နှင့် မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ မိုင်း ၁၀ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းခွဲတိုက်ခိုက်ပြီးနော်က ပြည်သူ့ ကာကွယ်ရေး ရဲဘော်များသည် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
©အောင်နွေထက်
ကိုးကား |မြင်းမူမြို့ပြ- တော်လှန်ရေးအဖွဲ့-CRF
https://t.me/VOStelegram
#thevoiceofspring
ဇူလိုင်(၂)ရက်

◼ဖမ်းဆီးထားသူများကို မည်သည့်နေရာတွင် ထားရှိမှန်းမသိရ
ဇူလိုင်(၂)ရက်| နွေဦးအသံ |
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ထဲက အပြစ်မဲ့ ပြည်သူ ၁၄ဦးကို အကြမ်းဖက် စစ်အုပ်စုက တပတ်အတွင်း ဖမ်းဆီးထားတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
ကျေးရွာ ၃ ရွာက အမျိုးသမီးနှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ဦးကို စစ်အုပ်စုက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ရွာငံ ဒေသခံ တွေက ပြောပါတယ်။
ရွာငံမြို့နယ် ၊ဆင်ဆာပြားရွာက အမျိုးသား ၉ ဦး၊ အုတ်တွင်းရွာက အမျိုးသား ၃ ဦးနဲ့ ထန်းလျှောက်ရွာက အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၄ ဦး ကို စစ်အုပ်စုက ဖမ်းဆီးထားတာပါ။
ဒါ့အပြင် ရွာငံမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး NLD လွှတ်တော်အမတ်အပါအဝင် အပြစ်မဲ့ ပြည်သူ ၅၀ကျော်ကိုလည်း စစ်အုပ်စုက ဖမ်းဆီးထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးထားသူတွေကို ကလောအချုပ်ထောင်မှာ ခေါ်ယူစစ်ဆေးလေ့ရှိသော်လည်း အခု ဖမ်းဆီးခံထားရသူ ၁၄ ဦးကိုတော့ ဘယ်မှာထားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ ရွာငံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပြင် တောင်ကြီးနဲ့ ပင်းတယပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလည်း ပူးပေါင်းလှုပ်ရှားနေတယ်လို့ သိရပါတယ်။
©နွေသူရ
ကိုးကား | RFA

◼အကြမ်းဖက်စစ်အုပ်စုက လက်နက်အပြင် ရိက္ခါတွေပါ KNLA နှင့် BPLA ကို ဒါနပြု၍ တမလွန်ကုသိုလ်ယူ
ဇူလိုင်(၂)ရက်||| နွေဦးအသ ံ |||
ဖာပွန်မြို့အနီး နယ်ကျွံဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တို့က ဇူလိုင် ၁ ရက် မနက် ၁၁ နာရီခန့်က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲဟာ မိနစ်၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုဘက်က ကားပေါ်ပါတဲ့ ၅ ဦး စလုံး သေဆုံးပြီး ကားလည်း ပျက်ဆီး ဆုံးရှုံးခဲ့တာပါ။
ဒါ့အပြင် KNLA နဲ့ BPLA တပ်တွေက စစ်အုပ်စုရဲ့ ၄၀ မမ - ၁ လက်၊ AK - ၂ လက်၊ M4 carbine - ၁ လက်၊ G3 - ၁ လက်၊ လက်ပစ်ဗုံး - ၃ လုံး၊ ကျည်ဆံနဲ့ ရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က အားလုံးသေဆုံပြီး လက်နက်တွေပါ ဆုံးရှုံးခဲ့ပေမဲ့ KNLA နဲ့ BPLA တပ်တွေဘက်ကတော့ ထိခိုက်ဆုံးရှုံးမှု မရှိဘူးလို့ သိရပါတယ်။
©ကျော်ဇေယျ
ဓါတ်ပုံ | ရှေ့တန်းတစ်နေရာတွင်တွေ့ရှိရသော BPLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်း

◼မျက်နှာဖုံးချွတ်လိုက်ပါ ရန်ကုန်
ပုံမှန် အခြေအနေကို မသွားချင်ပေမဲ့
ပုံမှန်လို လည်ပေးနေရတဲ့... ရန်ကုန်
နာကျင်စရာတွေ များနေပေမဲ့
ပုံမှန်လို ကပြ ပေးနေရတဲ့... ရန်ကုန်
ဒဏ်ရာတွေ ပြန်ချုပ် မရအောင် ကားနေပေမဲ့
ပုံမှန်လို မိတ်ကပ် ဖို့ထားပေးနေရတဲ့... ရန်ကုန်
ဝေဒနာတွေ ပြည့်ကြပ်နေပေမဲ့...
ပုံမှန်လို နေရာတွေချန်ပေးနေရတဲ့.... ရန်ကုန်
အပြင်မှာ မုန်းတီးသူတွေ များနေပေမဲ့....
ပုံမှန်လို ပြုံးဖြီးပြပေးနေရတဲ့... ရန်ကုန်
တကိုယ်လုံးက ဒဏ်ရာတွေ ပြန်ဆေးနေရပေမဲ့....
ပုံမှန်လို အကုန်လုံးကို ခွင့်လွှတ်ချစ်ပေးနေရတဲ့... ရန်ကုန်
ဆာလောင်ခြင်းတွေ အချိန်တိုင်းပွားနေပေမဲ့ ....
ပုံမှန်လို မာန်ထောင်ပြီး ဟားပြနေရတဲ့... ရန်ကုန်
စီးပွားတွေ ပြားနေပေမဲ့...
ပုံမှန်လို ရင်တခုလုံး ကားပြီး
လာသမျှ နေစရာ ရှာပေးနေရတဲ့...ရန်ကုန်
မီးပြန်လာတာကို ဖီးလ်မလာပေမဲ့...
မီတာဖြုတ်ပြန် ဆီပါအသုပ်ခံနေရတဲ့... ရန်ကုန်
ပြည်သူ့ဗျောက်တွေ ကိုင်ထားပေမဲ့...
ဖောက်ပြီးရင် ပြေးစရာတောင် မြေမရှိတဲ့... ရန်ကုန်
ရန်ကုန်....
ရန်ကုန်.....
ရန်တွေ မကုန်သေးပေမဲ့
ပုံမှန်လို ဟန်ဆောင်ပေးနေရတဲ့.... ရန်ကုန်
©အယ်(လ်)ဒီ

◼တိကျမှန်ကန်မှုမရှိသော သတင်းများကို ဆိုရှယ်မီဒီယာများတွင် ဖြန့်ဝေခြင်းကြောင့် ရှေ့တန်းစစ်သည်များ၏ စစ်ဆင်ရေးလှုပ်ရှားမှုအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေဟု KNU ဗဟိုအသိပေး
ဇူလိုင်(၂)ရက်| နွေဦးအသံ |
တိကျမှန်ကန်မှုမရှိသော သတင်းများကို ဆိုရှယ်မီဒီယာများတွင် ဖြန့်ဝေခြင်းကြောင့် ရှေ့တန်းစစ်သည်များ၏ စစ်ဆင်ရေးလှုပ်ရှားမှုအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေသဖြင့် KNU သတင်းနှင့်ပြန်ကြားရေးမှ အတည်ပြု မထုတ်ပြန်ရသေးသော သတင်းများကို မမျှဝေကြရန် ဇူလိုင်(၂)ရက်တွင် KNU ဗဟိုက မေတ္တာရပ်ခံလိုက်ကြောင်း သိရပါသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုများကို Social media (On Line) Facebook အကောင့်များ၊ Pageများက တိကျမှန်ကန်မှု မရှိသေးသော တိုက်ပွဲသတင်းများကို စောလျှင်စွာ လိုင်းပေါ်တင်ခြင်း၊ တဆင့်ခံ ဝေမျှခြင်းများသည် ရှေ့တန်းစစ်သည်များ၏ စစ်ဆင်ရေးလှုပ်ရှားမှု အစီအစဥ်များအား အနှောင့်အယှက်ဖြစ်လျက်ရှိသည်။
ထို့ပြင် တိကျမှန်ကန်မှုမရှိသော သတင်းများသည် ဒေသခံလူထုအားထိတ်လန့်ကြောက်ရွံ့ရန် ခြိမ်းခြောက်နေသကဲ့သို့ဖြစ်စေသဖြင့် လူမှုကွန်ယက် Facebook အကောင့်များ ၊ page များမှ တိကျမှန် ကန်မှုမရှိသေးသောသတင်းများကို စောလျှင်စွာ မဖြန့်ဝေ ခြင်းဖြင့် တော်လှန်ရေးတွင် ကူညီပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။
ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များ၏ နယ်မြေကျူးကျော်မှုအပြင် ဒေသခံလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး ကျူးလွန်နေမှုများကြောင့် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်များနှင့် အမြဲတစေ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရပါသည်။
©လင်းယုန်နွေ
ဓါတ်ပုံ | KNU
https://t.me/VOStelegram
#thevoiceofspring
ဇူလိုင်(၂)ရက်
တိကျမှန်ကန်မှုမရှိသော သတင်းများကို ဆိုရှယ်မီဒီယာများတွင် ဖြန့်ဝေခြင်းကြောင့် ရှေ့တန်းစစ်သည်များ၏ စစ်ဆင်ရေးလှုပ်ရှားမှုအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေသဖြင့် KNU သတင်းနှင့်ပြန်ကြားရေးမှ အတည်ပြု မထုတ်ပြန်ရသေးသော သတင်းများကို မမျှဝေကြရန် ဇူလိုင်(၂)ရက်တွင် KNU ဗဟိုက မေတ္တာရပ်ခံလိုက်ကြောင်း သိရပါသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုများကို Social media (On Line) Facebook အကောင့်များ၊ Pageများက တိကျမှန်ကန်မှု မရှိသေးသော တိုက်ပွဲသတင်းများကို စောလျှင်စွာ လိုင်းပေါ်တင်ခြင်း၊ တဆင့်ခံ ဝေမျှခြင်းများသည် ရှေ့တန်းစစ်သည်များ၏ စစ်ဆင်ရေးလှုပ်ရှားမှု အစီအစဥ်များအား အနှောင့်အယှက်ဖြစ်လျက်ရှိသည်။
ထို့ပြင် တိကျမှန်ကန်မှုမရှိသော သတင်းများသည် ဒေသခံလူထုအားထိတ်လန့်ကြောက်ရွံ့ရန် ခြိမ်းခြောက်နေသကဲ့သို့ဖြစ်စေသဖြင့် လူမှုကွန်ယက် Facebook အကောင့်များ ၊ page များမှ တိကျမှန် ကန်မှုမရှိသေးသောသတင်းများကို စောလျှင်စွာ မဖြန့်ဝေ ခြင်းဖြင့် တော်လှန်ရေးတွင် ကူညီပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။
ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များ၏ နယ်မြေကျူးကျော်မှုအပြင် ဒေသခံလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး ကျူးလွန်နေမှုများကြောင့် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်များနှင့် အမြဲတစေ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရပါသည်။
©လင်းယုန်နွေ
ဓါတ်ပုံ | KNU
https://t.me/VOStelegram
#thevoiceofspring
Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
👍1
◼ PDF များကို ကြောက်လန့်ပြီး ရွာပြင် မထွက်ရဲသဖြင့် ရွာတွင်း၌ စစ်အုပ်စု ပိတ်မိနေ
ဇူလိုင်(၂)ရက်| နွေဦးအသံ |
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲမှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) တွေ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေပြီး စစ်အုပ်စုဘက်က ထိခိုက် သေဆုံးသူတွေ များနေတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇွန် ၂၉ ရက် ကလည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တပ်စွဲထားတဲ့ ကူလဲရွာအနီးက တိုက်ပွဲမှာ စစ်အုပ်စုဘက်က ငါးဦးသေဆုံးပြီး မင်းကင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်ဟာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်ပြီး စစ်အုပ်စုက လေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း တိုက်ခိုက်တာကို ခံထားရတာပါ။
ဇွန် ၃၀ ရက် ကလည်း ကျော်ရွာကထွက်လာတဲ့ စစ်သားတွေ ကျွန်းတောထဲမှာ တိုက်မိုင်းထိလို့ ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး သေဆုံးသူတွေကို ကျော်ရွာမှာပဲ မြေမြုပ်သွားတယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
ဓါတ်ပုံ | MK PDF
https://t.me/VOStelegram
#thevoiceofspring
ဇူလိုင်(၂)ရက်
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲမှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) တွေ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေပြီး စစ်အုပ်စုဘက်က ထိခိုက် သေဆုံးသူတွေ များနေတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇွန် ၂၉ ရက် ကလည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တပ်စွဲထားတဲ့ ကူလဲရွာအနီးက တိုက်ပွဲမှာ စစ်အုပ်စုဘက်က ငါးဦးသေဆုံးပြီး မင်းကင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်ဟာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်ပြီး စစ်အုပ်စုက လေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း တိုက်ခိုက်တာကို ခံထားရတာပါ။
ဇွန် ၃၀ ရက် ကလည်း ကျော်ရွာကထွက်လာတဲ့ စစ်သားတွေ ကျွန်းတောထဲမှာ တိုက်မိုင်းထိလို့ ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး သေဆုံးသူတွေကို ကျော်ရွာမှာပဲ မြေမြုပ်သွားတယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
ဓါတ်ပုံ | MK PDF
https://t.me/VOStelegram
#thevoiceofspring
Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
◼ဖမ်းဆီးခံ LGBT တွေရဲ့ လုံခြုံရေးကို လွန်စွာစိုးရိမ်ပူပန်လျက်ရှိ
ဇူလိုင်(၃)ရက်| နွေဦးအသံ |
မုံရွာထောင်ထဲမှာ ဇွန် ၃၀ ရက် နံနက် ၈ နာရီ ခွဲဝန်းကျင်က LGBT နိုင်ငံရေး အကျဥ်းသားတဦးကို ထောင်ဝန်ထမ်း အရာရှိက လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်လို့ လိင်စိတ်ခံယူမှုကွဲပြားသူများကွန်ယက်(LGBT Alliance-Myanmar )ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။
မုံရွာ အကျဉ်းထောင်အရာရှိက ဇွန် ၃၀ရက် နံနက် ၈ နာရီခွဲ ဝန်းကျင်မှာ ထောင်အလုပ်ခွင်ထဲကို အရက်သောက်စားပြီးမှ ရောက်ရှိလာကာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား LGBT တဦးကို လိင်အကြမ်းဖက်မှု ပြုလုပ်ခဲ့ပြီး အဓမ္မ ပြုကျင့်ဖို့ ကြံစည်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မုံရွာထောင်ဝန်ထမ်း အရာရှိက အကျဉ်းသားတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း လိင်စိတ်ခံယူမှုကွဲပြားသူများကွန်ယက်(LGBT Alliance-Myanmar) က ဇူလိုင်၂ရက်က တရားဝင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တာပါ။
အဲဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး LGBT Alliance-Myanmar အဖွဲ့ အနေနဲ့ ဖမ်းဆီးခံ LGBT တွေရဲ့ လုံခြုံရေးကို လွန်စွာစိုးရိမ်ပူပန်လျက်ရှိကြောင်း၊ အလားတူ ဖြစ်ရပ်များ ထပ်မံဖြစ်ပွားလာမှာကို စိတ်ပူမိကြောင်း၊ မုံရွာ အကျဥ်းထောင်ဝန်ထမ်း အရာရှိရဲ့ လုပ်ရပ်က လူမဆန်တဲ့ အပြုအမူဖြစ်ကြောင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
#thevoiceofspring
ဇူလိုင်(၃)ရက်

◼အကြမ်းဖက် စစ်အုပ်စုကို ထိုင်းအစိုးရက ကူညီအားပေးမှုမလုပ်ရန် ထိုင်းလူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်း
ဇူလိုင်(၃)ရက်| နွေဦးအသံ |
ထိုင်း-မြန်မာ နယ်စပ်မှာ လေယာဉ်မပျံသန်းရဇုံအဖြစ် သတ်မှတ်ပေးဖို့ ထိုင်းလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ Campaign for Popular Democracy (CPD) အတွင်းရေးမှူးချုပ် Metha Matkhao က ထိုင်းအစိုးရကို ဇူလိုင်၂ရက်မှာ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ကြုံရပြီးနောက် ထိုင်း-မြန်မာ နယ်စပ်မှာ လေယာဉ်ပျံသန်းမှုတွေ ကန့်သတ်ဖို့ ထိုင်းလူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာကို ထိုင်းအစိုးရဘက်က အားပေးတာတွေ မလုပ်ဖို့နဲ့ မြန်မာစစ်တပ်က ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ထိပါးတာမျိုးကို လက်မခံဖို့ အတွင်းရေးမှူးချုပ် Metha Matkhao က Facebook လူမှုကွန်ရက်မှာ ပြောဆိုထားတာပါ။
အကြမ်းဖက် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အပြစ်မဲ့ ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုက တိုက်လေယာဉ်တွေကို ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခဲ့ပြီး ကရင်ပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်ခဲ့တဲ့အပေါ် ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ကတော့ လေပိုင်နက်ကျုးကျော်မှုအတွက် မြန်မာစစ်တပ်ဖက်က တောင်းပန်ခဲ့ကြောင်း၊ သူ့အနေနဲ့ အလေးအနက်ကိစ္စအဖြစ် သဘောမထားကြောင်း ပြန်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
©နွေသူရ
ကိုးကား | VOA

◼ ညောင်လေးပင်ခရိုင်တွင်း အကြမ်းဖက် စစ်အုပ်စုနှင့် တိုက်ပွဲများ ပိုပြီးပြင်းထန်လာနိုင်ဟု KNU သတိပေး
ဇူလိုင်(၃)ရက်| နွေဦးအသံ |
ကရင်အမျိုးသားအစည်းအရုံး KNUထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်စခန်း ၅ ခုကို တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNUဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မုန်းမြို့နယ်ထဲက အကြမ်းစစ်အုပ်စုရဲ့ ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နဲ့ ကျောင်းစုစခန်းတို့ကို KNLAက ဇူလိုင်(၂)ရက် နံနက်ပိုင်းမှာ တပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့တာပါ။
KNLAတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်အုပ်စုရဲ့ စခန်းတွေက ဒေသခံပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ဟန့်တားနှောင့်ယှက်စစ်ဆေးတာတွေ ပြုလုပ်နေတဲ့ အပြင် စစ်အုပ်စုဘက်က နယ်မြေစိုးမိုးဖို့ လုပ်ဆောင်နေတဲ့ နေရာတွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နဲ့ ကျောင်းစုစခန်း တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်အုပ်စု ဘက်က (၄)ဦးသေဆုံးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးသူတွေ များခဲ့တာပါ။
ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာတော့ နှစ်ဖက်အထိအခိုက် အကျအဆုံး တွေရှိခဲ့ပြီး စစ်အုပ်စုဘက်က တပ်ရင်းမှူးသေဆုံးခဲ့ပါတယ်။ အပြီးသတ် စခန်းရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အချိန်မှာ စစ်အုပ်စုက လေကြောင်းပစ်ကူပေးခဲ့တဲ့အတွက် ကြောင်ပြာစခန်းကိုတော့ အပြီးသတ် ရှင်းလင်းနိုင်ခြင်း မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းတွေကို KNLAပူးပေါင်းတပ်တွေက သိမ်းဆည်း ရရှိခဲ့ပြီး စစ်အုပ်စုဘက်က လေကြောင်း ပစ်ကူတဲ့အပြင် လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။
ယနေ့မနက်ပိုင်းအထိ စစ်အုပ်စုဘက်က လက်နက်ကြီးနဲ့ ရွာတွေထဲကို ရမ်းသမ်း ပစ်ခတ်နေတဲ့အပြင် စစ်ကူတွေထပ်မံပို့ဆောင်ထားလို့ တိုက်ပွဲ ဆက်လက်ပြင်းထန် လာနိုင်တဲ့ အခြေအနေ ရှိတယ်လို့ KNUဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် KNUဗဟို သတင်းပြန်ကြားရေး အနေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက် တွေကို စစ်ရေး ၊လုံခြုံရေးအရ လိုအပ်သလို ထုတ်ပြန်ကြေငြာပေးသွားမှာ ဖြစ်တဲ့အတွက် သတင်းမီဒီယာတွေ အနေနဲ့ KNUရဲ့ ထုတ်ပြန်ချက် တွေကို လိုက်နာပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
ဓါတ်ပုံ | KNU ( သိမ်းဆည်းရမိသည့်လက်နက်များ )

◼ဇွန်လအတွင်း KNU တပ်မဟာ(၅) နယ်မြေ၌ တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အထိနာ
ဇူလိုင်(၃)ရက်| နွေဦးအသံ |
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေထဲမှာ ဇွန်လအတွင်း ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်အုပ်စု၊ နယ်ခြားစောင့်တပ်(BGF) တို့ အကြားတိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၅)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လအတွင်း KNU၊ တပ်မဟာ(၅)ထိန်းချုပ်နယ်မြေထဲ တိုက်ပွဲပေါင်း ၂၂၃ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်ကအရာရှိတဦး အပါအဝင် ၉၄ ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိကာ KNLAဘက်က ရဲဘော် ၁ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်ပို့မြင်းလား ၁၃ ကောင်ကို ပစ်သတ်ချေမှုန်းနိုင်ခဲ့ပြီး ထောက်ပို့ ယာဉ်တစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNUရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က အထိနာခဲ့လို့ အပြစ်မဲ့ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
©အောင်နွေထက်
ဓာတ်ပုံ| စခန်းသိမ်းတိုက်ပွဲတခု၌ KNU စစ်သားများအောင်ပွဲခံနေစဉ်

❤1
◼အပြစ်မဲ့ရွာသားတဦးကို အကြမ်းဖက်စစ်အုပ်စုက ပစ်သတ်၍ မြေမြှုပ်ပြီးနောက်အလောင်းအောက်၌ ဗုံးထောင်ပြီးထားခဲ့
ဇူလိုင်(၃)ရက်| နွေဦးအသံ |
ကရင်အမျိုးသားအစည်းအရုံးKNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက လော်မူပယ်ကျေးရွာကို အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ-၄၃၉၊ ခမရ-၃၅၁၊ ခလရ-၆၀ ပူးပေါင်းတပ်တွေက ဇူလိုင်(၂)ရက် ညနေ(၄)နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ ပြည်သူတဦးကို ပစ်သတ်ခဲ့တယ်လို့ KNUဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လော်မူပယ်ကျေးရွာမှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့ အသက်(၂၅)နှစ်အရွယ် စောမာနေထူးကို အကြမ်းဖက် စစ်အုပ်စုက သူရဲ့ ဆိုင်ထဲမှာပဲ ပစ်သတ်ခဲ့တာပါ။
ဒါ့အပြင် ဇူလိုင်(၁)ရက်နေ့ ကလည်း လိန်ပင်ဝဲ ကျေးရွာ သား တီးတောနဲ နဲ့အဖော်တဦးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆိုင်ကယ် ထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဇွန်(၂၇)ရက် ကလည်း နရွဲပင်ကျေးရွာသား စောမူးသာ ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့ပြီး အလောင်းကို မြှုပ်ထားတဲ့ အောက်မှာ မိုင်းသုံးလုံး ထောင်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ညောင်လေးပင် ခရိုင်ထဲမှာ ဇွန် ၃၀ရက်က စစ်အုပ်စုနဲ့ KNLA တပ်ရင်း(၉)တို့ မိနစ်၂၀ ဝန်းကျင်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အနီးနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

◼ P•D•F တို့ရဲ့ အဓိဌာန်
ဘာကိုမှုရမလဲ
ငါတို့ P•D•F ထဲမှာ - - -
ဒေဿနာ အမှန်ဓမ္မတရားနဲ့
အသေသာ ခံချသွားမယ့် လူတွေ ရှိတယ်
သစ္စာ စံတရားနဲ့ အတူ
အနစ်နာ ခံသွားမယ့် လူတွေ ရှိတယ်
မိစ္ဆာအဓိပတိ ကမ္ဘာရန်ကို
သိက္ခာရှိရှိနဲ့ အာခံနေတဲ့ လူတွေ ရှိတယ်
အမျိုးဘာသာ တံဆိပ်ခတ်ထားတဲ့
သူခိုးသာသာ စိတ်ဓါတ်များနဲ့
အညှိုးအာဃာတ အဆိပ်ခတ်ထားတဲ့
မူမမှန် ညစ်ပါတ်တဲ့
လူမဆန်တဲ့ စစ်တပ်
ဒီတိုင်းပြည်မှာ အမြစ် မပြတ်သ၍
ငါတို့ တော်လှန်ရေး မရပ်
ငါတို့ သေနတ်တွေ မနား
P•D•F စစ်သားကွ
ခွေးမသားတွေကို မောင်းထုတ်ပြီးမှ အိမ်ပြန်မယ်။
©ကိုယ်တော်နှိုင်း
နွေဦးအသံ ||| ကဗျာကဏ္ဍ
#thevoiceofspring #poem

💯1
◼(၄၈)နာရီအတွင်း ကျပ်ငွေ (၄၆)သိန်းကျော် ရရှိ
ဇူလိုင်(၃)ရက်||| နွေဦးအသ ံ |||
ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဆင်နွဲနေသည့် တော်လှန်ရေးရဲဘော်များကို ထောက်ပံ့ရန် NUG Pay အသုံးပြု၍ စမ်းသပ်ငွေလွှဲမှု အစီအစဉ်ပြုလုပ်ခဲ့ရာ (၄၈)နာရီအတွင်း ကျပ်ငွေ (၄၆)သိန်းကျော် ရရှိကြောင်း သိရသည်။
PDF ရဲဘော်များထံ ပေးပို့ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး NUG Pay မိသားစု၏ စုပေါင်း ထောက်ပို့ မှတ်တမ်း ဂုဏ်ပြုလွှာကိုလည်း ဖော်ပြပေးသွားမည့်အကြောင်း သိရပါသည်။

👍2