The Voice Of Spring | နွေဦးအသံ |
34.3K subscribers
31.3K photos
1.31K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲပြုလုပ်

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီး တက်ရောက်ခဲ့ကြ

သြဂုတ်(၄)ရက် | နွေဦးအသံ |

ဖွင့်ပွဲအခမ်းအနားကို သြဂုတ် (၃)ရက်၊ ညနေပိုင်းမှာ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ သဝဏ်လွှာနှင့် တရားရေးဝန်ကြီး ဦးသိန်းဦး၏ သဝဏ်လွှာများကို ဖတ်ကြားခဲ့ပါတယ်။

လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ Mr Peter Khalil MP (Labor Party, Senator the Hon David Fawcett (Liberal Party), Senator Jordon Steele-John (the Greens Party) စသည့် နိုင်ငံရေးပါတီအသီးသီး၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် CRPH/NUG Support Group (Australia) ၏ ပြည်နယ်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စားလှယ်၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းများ ပြောကြားခဲ့ကြပါတယ်။

မြန်မာမိသားစုများကိုယ်စား ပါမောက္ခဒေါက်တာအက်စ်သာမြင့်၊ Mr Christopher Lamb (President of Australia Myanmar Institute), အကယ်ဒမီ မင်းမော်ကွန်း တို့ကလည်း နွေဦးတော်လှန်ရေးဆိုင်ရာ အတွေးအမြင်များကို ဖလှယ်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

သြစတြေးလျ၏ အင်အားကြီးပါတီတခုဖြစ်သည့် The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရ ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီးလည်း တက်ရောက်ခဲ့ကြတာပါ။

©လင်းယုန်နွေ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
6👍2
အကြမ်းဖက်စစ်ကောင်စီကို ကတိမတည်၊ အာဆီယံကို လေးစားမှု မရှိတဲ့ အဖွဲ့ အဖြစ် စင်္ကာပူ နဲ့ အင်ဒိုနီးရှားတို့က တရားဝင်ထုတ်ဖော်၍ ပြစ်တင်ဝေဖန်

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားဝင် ဆက်ဆံရန် အာဆီယံကို ထပ်မံ တိုက်တွန်း

ဩဂုတ်(၄)ရက် | နွေဦးအသံ |

အကြမ်းဖက်စစ်ကောင်စီက အာဆီယံနဲ့ သဘောတူညီမှုပြုလုပ်ပြီး ကတိပေးခဲ့တဲ့ ဘုံ(၅)ချက်ကို တနှစ်ကျော်လာပြီဖြစ်သော်လည်း အကောင်အထည်ဖော်လိုတဲ့ ဆန္ဒ မတွေ့ရသေးကြောင်းနဲ့ ကတိတွေ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တာတွေကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြီး ပြစ်တင်ဝေဖန်လိုက်တာပါ။

(၈၈)မျိုးဆက်ကျောင်းသေားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ပြည်သူ(၄)ဦးကို မတရားသဖြင့် ကွပ်မျက်ခဲ့မှုကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြဝေဖန်ပါတယ်။

အဲဒီကွပ်မျက်မှုက အာဆီယံအဖွဲ့ကြီးကို အကြမ်းဖက်စစ်ကောင်စီက လေးစားမှုမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်ပြီး အာဆီယံက ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို နောက်ပြန်ဆုတ်သွားစေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အကြမ်းဖက်စစ်ကောင်စီကို အလွန်စိတ်ပျက်မိပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်ဆက်ဆံကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း အာဆီယံကို တိုက်တွန်းဆွေးနွေးသွားပါတယ်။

ဩဂုတ်(၃)ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို တက်ရောက်ခွင့်မပြုဘဲ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ပြစ်တင်ဝေဖန်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

©အောင်နွေထက်
ဓါတ်ပုံ©ရိုက်တာ | တက်ရောက်သူမရှိဘဲ လွတ်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြုထိုင်ခုံ

https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspringring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍4
အာဆီယံက မလုပ်လိုရင် အမေရိကန်က ဝင်လုပ်မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်း စကားပြောတာ လျှော့ပြီး အလုပ်များများလုပ်ရန် အထက်လွှတ်တော်အမတ် မတ်ကော်နယ် သတိပေး

ဩဂုတ်(၄)ရက် | နွေဦးအသံ |

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်အမတ် မတ်ကော်နယ်က အာဆီယံကို သတိပေးလိုက်ပါတယ်။

မြန်မာပြည်သူတွေကို အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် အာဆီယံက အကူအညီပေးဖို့ရာ ဆန္ဒမရှိရင် အမေရိကန်အစိုးရကို လွှတ်တော်က ပေးအပ်ထားတဲ့ အခွင့်အာဏာနဲ့ အကြမ်းဖက်စစ်ကောင်စီကို အရေးယူသွားမယ်လို့ မတ်ကော်နယ်က အတိအလင်း သတိပေးလိုက်တာပါ။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအဝင် အကြမ်းဖက်စစ်ကောင်စီကို အရှိန်မြှင့်တင်ရာရောက်စေတဲ့ ငွေကြေးပံ့ပိုးမှု အရင်းအမြစ်တွေ အားလုံးကို ပိတ်ဆို့အရေးယူသွားမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဘလင်ကင်ကိုလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စကားနည်းနည်းပြောပြီး အလုပ်ကို များများလုပ်ရမယ့်အချိန်ရောက်နေပြီ ဆိုပြီး လွှတ်တော်အမတ် မတ်ကော်နယ်က သတိပေးထားပါတယ်။

မကြာမီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က အာရှခရီးစဉ်ကို စတင်တော့မှာပါ။

သူ့ရဲ့ ခရီးစဉ်မှာ အာဆီယံနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့သတင်းစကားတွေကို ပေးခဲ့ဖို့ ဩဂုတ်(၃)ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး သတိပေးခဲ့တာ ဖြစ်ပါတယ်။

©နွေသူရ
ဓါတ်ပုံ | NUG နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် မတ်ကော်နယ်တို့ တွေ့ဆုံခဲ့စဉ်

https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍5
အကြမ်းဖက်စကစရဲ့ ကတိပျက်ကွက်မှုကို အာဆီယံက အကြီးအကျယ် စိတ်ပျက်မိ

(၃)လအတွင်း အကောင်အထည်ဖော်ရန် ထပ်မံအချိန်ပေးဖို့ အာဆီယံ ဆုံးဖြတ်

သြဂုတ်(၅)ရက် ||| နွေဦးအသံ |||

အကြမ်းဖက် စကစရဲ့ ဘုံသဘောတူညီချက်(၅)ခုကို အချိန်နဲ့အညီ အကောင်အထည်ဖော်ဖို့ ကတိပျက်ကွက်မှုကို အာဆီယံအဖွဲ့အနေနဲ့ အကြီးအကျယ် စိတ်ပျက်မိကြောင်း တညီတညွတ်တည်း ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စကစ ရဲ့ ဘုံ(၅)ချက်အကောင်အထည်ဖော်မှုကို နိုဝင်ဘာလ အထိတိုင်အောင် နောက်ထပ် (၃)လခန့် အချိန်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

©လင်းယုန်နွေ

https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍3
စစ်သက်နှစ်(၃၀)ရှိတဲ့ တပ်ကြပ်ကြီး(၁)ဦးအပါအဝင် စကစတပ်သား(၄)ဦးခန့် အဖွဲ့လိုက် ပြည်သူ့ရင်ခွင်သို့ ထပ်မံခိုလှုံ

ဩဂုတ်(၅)ရက် | နွေဦးအသံ |

သြဂုတ်(၃)ရက်က မြဝတီတောင်ဘက်၊ ဖလူး-ဝေါလေ လမ်းပိုင်း၊ ကဆောဝါးလေးတောင်ကုန်း၊ ရှေ့တန်းစစ်မြေပြင်ကနေ စွန့်စားပြီး ထွက်ခဲ့ကြပါတယ်။

မြဝတီ- ဝေါလေ လမ်းမှာ ကော်ပရာစစ်ကြောင်းနဲ့ အဓိက ရင်ဆိုင်တိုက်နေရတဲ့ စကစရဲ့တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)တပ်ကပါ။

တပ်ကြပ်ကြီးတဦး အပါအဝင် စုစုပေါင်း(၄)ယောက်ခန့် အဖွဲ့လိုက် အကြမ်းဖက်စကစတပ်ကို စွန့်ခွာခဲ့ကြပါတယ်။

တပ်ကြပ်ကြီး ဇော်မင်းဦး၊ (ကပ -၉၃၅၅၀၉) က စစ်သက်နှစ်(၃၀)ရှိပြီး တပ်သားဟိန်းစိုး(တ-၅၁၆၀၃၆)၊ တပ်သား စိုးဝင်း (တ- ၅၄၀၀၅၃)၊ နဲ့ တပ်သား ဇော်ဇော် (တ- ၄၀၂၁၈၃)တို့ ဖြစ်ကြပါတယ်။

KNU က နွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပြင် ဆေးကုသမှု ပေးခဲ့ပြီးနောက် လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တာပါ။

အခုတော့ သူတို့အားလုံး လုံခြုံဘေးကင်းကြပါပြီ။

©အောင်နွေထက်
ဓါတ်ပုံ | The Voice Of Spring
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍6