The Voice Of Spring | နွေဦးအသံ |
34.3K subscribers
31.3K photos
1.31K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ် တို့ တွေ့ဆုံ

သြဂုတ် (၂)ရက် | နွေဦးအသံ |

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ အမေရိကန်ပြည်ထောင်စု၊ အာရှပစိဖိတ်ဗျူရို၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ် တို့ သြဂုတ်လ(၁) ရက်မှာ တွေ့ဆုံခဲ့ကြတာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ သေဒဏ်စီရင်ချက်အပေါ် အထူးအလေးပေးဆွေးနွေးခဲ့ကြပြီး စကစရဲ့ အကြမ်းဖက်လုပ်ရပ်များ ဆုံးခန်းတိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းများ၊ မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မယ့် နည်းလမ်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။

ပြီးတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ ဘယ်လို တိုးမြှင့်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ရပါတယ်။

အများတကာမေးငေါ့အပြစ်တင်ကြတဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူမှုတွေ မိမိတို့ဆက်လက်ပြုလုပ်သွားပါမယ်။"

ဆိုပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ် က သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

© နွေသူရ
ဓာတ်ပုံ | NUG
👍6
အကြမ်းဖက်စကစတပ်များက ကလေးသူငယ်(၆၀) ကျော်နဲ့ ဆရာ၊ ဆရာမ(၁၀)ဦး အပါအဝင် အရပ်သား(၁၀၀)ခန့်ကို ဓါးစာခံပြုလုပ်ဖမ်းဆီးထား

ဩဂုတ်(၂)ရက် | နွေဦးအသံ |

NUG က အပြင်းအထန်ရှုတ်ချ

စစ်ကိုင်း၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းရော မြေပြင်ကပါ တိုက်ခိုက်ခဲ့ပါတယ်။

ဩဂုတ်(၁)ရက်၊ မနက်(၁၁)နာရီမှာ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာပါ။

စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝန်းရံပိတ်ဆို့ထားပြီး ကျေးရွာအတွင်းရှိ ဒေသခံများရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အရပ်သား(၅)ဦးခန့်ကိုလည်း အကြောင်းမဲ့ နှိပ်စက်သတ်ဖြတ်ထားတာကို မြေပြင်သတင်းပို့ချက်အရ သိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထည့်သွင်းဖော်ပြထားတာပါ။

လက်ရှိမှာ ကလေးငယ်(၆၀)ခန့်နဲ့ ဆရာ၊ ဆရာမ(၁၀)ဦး အပါအဝင်ရွာသူရွာသား(၁၀၀)နီးပါးခန့်ကို အကြမ်းဖက်စကစတပ်များက ဓါးစာခံပြုလုပ်ပြီး ပိတ်ဆို့ဖမ်းဆီးထားပါတယ်။

အဲဒီစာသင်ကျောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်ထားတာပါ။

စကစတပ်ဖွဲ့ဝင်များက ပိတ်မိနေတဲ့ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နိုင်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးစိုးရိမ်ပူပန်လျက်ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စာသင်ကျောင်းမှာ ပိတ်မိနေတဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ဘေးကင်းလုံခြုံဖို့ နိုင်ငံတကာအသိုင်းအဝန်းက တောင်းဆိုပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

©လင်းယုန်နွေ
ဓာတ်ပုံ | NUG
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍6
အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲပြုလုပ်

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီး တက်ရောက်ခဲ့ကြ

သြဂုတ်(၄)ရက် | နွေဦးအသံ |

ဖွင့်ပွဲအခမ်းအနားကို သြဂုတ် (၃)ရက်၊ ညနေပိုင်းမှာ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ သဝဏ်လွှာနှင့် တရားရေးဝန်ကြီး ဦးသိန်းဦး၏ သဝဏ်လွှာများကို ဖတ်ကြားခဲ့ပါတယ်။

လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ Mr Peter Khalil MP (Labor Party, Senator the Hon David Fawcett (Liberal Party), Senator Jordon Steele-John (the Greens Party) စသည့် နိုင်ငံရေးပါတီအသီးသီး၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် CRPH/NUG Support Group (Australia) ၏ ပြည်နယ်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စားလှယ်၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းများ ပြောကြားခဲ့ကြပါတယ်။

မြန်မာမိသားစုများကိုယ်စား ပါမောက္ခဒေါက်တာအက်စ်သာမြင့်၊ Mr Christopher Lamb (President of Australia Myanmar Institute), အကယ်ဒမီ မင်းမော်ကွန်း တို့ကလည်း နွေဦးတော်လှန်ရေးဆိုင်ရာ အတွေးအမြင်များကို ဖလှယ်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

သြစတြေးလျ၏ အင်အားကြီးပါတီတခုဖြစ်သည့် The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရ ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီးလည်း တက်ရောက်ခဲ့ကြတာပါ။

©လင်းယုန်နွေ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
6👍2
အကြမ်းဖက်စစ်ကောင်စီကို ကတိမတည်၊ အာဆီယံကို လေးစားမှု မရှိတဲ့ အဖွဲ့ အဖြစ် စင်္ကာပူ နဲ့ အင်ဒိုနီးရှားတို့က တရားဝင်ထုတ်ဖော်၍ ပြစ်တင်ဝေဖန်

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားဝင် ဆက်ဆံရန် အာဆီယံကို ထပ်မံ တိုက်တွန်း

ဩဂုတ်(၄)ရက် | နွေဦးအသံ |

အကြမ်းဖက်စစ်ကောင်စီက အာဆီယံနဲ့ သဘောတူညီမှုပြုလုပ်ပြီး ကတိပေးခဲ့တဲ့ ဘုံ(၅)ချက်ကို တနှစ်ကျော်လာပြီဖြစ်သော်လည်း အကောင်အထည်ဖော်လိုတဲ့ ဆန္ဒ မတွေ့ရသေးကြောင်းနဲ့ ကတိတွေ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တာတွေကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြီး ပြစ်တင်ဝေဖန်လိုက်တာပါ။

(၈၈)မျိုးဆက်ကျောင်းသေားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ပြည်သူ(၄)ဦးကို မတရားသဖြင့် ကွပ်မျက်ခဲ့မှုကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြဝေဖန်ပါတယ်။

အဲဒီကွပ်မျက်မှုက အာဆီယံအဖွဲ့ကြီးကို အကြမ်းဖက်စစ်ကောင်စီက လေးစားမှုမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်ပြီး အာဆီယံက ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို နောက်ပြန်ဆုတ်သွားစေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အကြမ်းဖက်စစ်ကောင်စီကို အလွန်စိတ်ပျက်မိပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်ဆက်ဆံကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း အာဆီယံကို တိုက်တွန်းဆွေးနွေးသွားပါတယ်။

ဩဂုတ်(၃)ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို တက်ရောက်ခွင့်မပြုဘဲ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ပြစ်တင်ဝေဖန်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

©အောင်နွေထက်
ဓါတ်ပုံ©ရိုက်တာ | တက်ရောက်သူမရှိဘဲ လွတ်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြုထိုင်ခုံ

https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspringring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍4