◼ မြိုင်မြို့နယ်၊ ရွာတရွာက ဒေသခံများရဲ့ အလှူဖြစ်ပါတယ်။
ဇူလိုင်(၃၁)ရက်၊ သပိတ်စစ်ကြောင်းနဲ့အတူ သစ္စာအဓိဌာန်ပြုအပြီးမှာ တော်လှန်ရေးအတွက် လှူချင်တဲ့သဒ္ဓါစိတ်ကို မထိန်းနိုင်ကြတော့ပါဘူး။
ဒါကြောင့် ပြည်သူ့အခြေပြုကျောင်းတည်ဆောက်ဖို့နဲ့ PDF ရဲဘော်တွေအတွက် လက်ဝတ်ရတနာတွေကို ချွတ်လှူနေကြတာပါ။
နားကပ်နှင့် နားဆွဲစုစုပေါင်း(၃၂)စုံ ၊ လက်စွပ်(၄)ကွင်းနှင့် ငွေသားစုစုပေါင်း ၄သိန်း၃သောင်းကျပ် တိတိရရှိခဲ့တယ်လို့ သိရပါတယ်။
©လင်းယုန်နွေ
ဓာတ်ပုံ | BEGSC
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။

❤11👍4
| မဖြစ်မနေ ဖြိုလှဲရမည့် ဒေါက်တိုင်များကို ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ©နွေဦးအသံ ( The Voice Of Spring ) |
◼BMW မှ စီးချင်သူ
ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ လူငယ်ဆရာဝန်တဦးက အပြင်ဆေးခန်းဖွင့်ပြီး ပိုက်ဆံရှာနေတဲ့ကိစ္စက စိတ်ဝင်စားစရာ မရှိပါဘူး။
မြန်မာနိုင်ငံက လာပြီး မြန်မာစကားနဲ့လည်း ပြောဆိုကုသလို့ရတဲ့ဆရာဝန်တဦး ဆိုရင် ပုံမှန်အားဖြင့် ဩစတေးလျနိုင်ငံက မြန်မာပြည်ဖွားတွေအနေနဲ့ အားပေးကြမှာ သေချာပါတယ်။
ဒါပေမဲ့ ဒီလူငယ် ဆရာဝန်လေးကတော့ ထူးခြားပါတယ်။
ဩစတေးလျနိုင်ငံကို ရောက်တယ်ဆိုရင်ပဲ မော်ဒယ်မြင့် BMW ကားသစ်တစီးကို ချက်ချင်း ကောက်ခါငင်ခါ ဝယ်စီးနိုင်သူပါ။
ပြည်ပနိုင်ငံကြီးတခုမှာ အလုပ်လာလုပ်ပြီး အနာဂတ်အတွက် ကြိုးစားရုန်းကန်တာမှ ဟုတ်ပါ့မလား။
ဒါက ရွယ်တူဘ၀တူလူငယ်ဆရာဝန်တွေအကြား စဉ်းစားစရာပါပဲ။
သူ့နာမည်က မင်းရဲမြတ်ဘုန်းခိုင် ပါ။ တကယ်တော့ သူက ဘယ်သူပါလဲ။
◼ကျေးဇူးမသိတတ်သည့် မိခင်
သူ့ကို လူသိပ်မသိကြပေမဲ့ သူ့ရဲ့ မိခင်ကိုတော့ ပြည်သူများက သိကြပါလိမ့်မယ်။
လက်ရှိ အကြမ်းဖက် စကစရဲ့ တရားရေးဝန်ကြီး လို့ ဆိုနိုင်တဲ့ ရှေ့နေချုပ်ရာထူးကို လက်ခံခဲ့သူ သီတာဦး ပဲ ဖြစ်ပါတယ်။
ရာထူးအားဖြင့် မြန်မာနိုင်ငံရဲ့ ဥပဒေအရာရှိအားလုံးရဲ့ အထက်မှာ သီတာဦးက ရှိနေတာပါ။
တကယ်တော့ သီတာဦး က ပြည်သူ့အစိုးရ ဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ တောက်ပြောင်လာခဲ့တာ ဆိုရင် ငြင်းမရပါဘူး။
အတွင်းဝန်ရာထူးကို တိုးမြှင့်ပေးခြင်းခံရတဲ့အပြင် ICJ အမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့အဖွဲ့မှာ သူ ပါဝင်ခဲ့ရာကစပြီး အများပြည်သူရှေ့မှာ လူသိများခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ရှေ့နေတွေကို နိုင်ငံတကာက ဥပေဒတွေနဲ့ ရင်းနှီး ကျွမ်းဝင်လာအောင် လုပ်ပေးဖို့ကိုလည်း တာဝန်ပေးခြင်း ခံခဲ့ရသူပါ။
စစ်အာဏာသိမ်းအပြီးမှာတော့ ပြည်သူကို ပထမဦးဆုံး ကျေးဇူးကန်းပြီး သစ္စာဖောက်သူ ဖြစ်လာပါတော့တယ်။
◼မရှက်မကြောက် ယူဝံ့သူ
မင်းအောင်လှိုင် က စစ်အာဏာသိမ်းအပြီး ဗိုလ်ချုပ်ထွန်းထွန်းဦး ကို ရှေ့နေချုပ်ရာထူးဆက်ပေးခဲ့ပါတယ်။
ထူးခြားတာက ဗိုလ်ချုပ်ထွန်းထွန်းဦးဟာ စစ်တပ်ကလာပေမဲ့ မင်းအောင်လှိုင်ဆီမှာ ဆက်လက်အမှုထမ်းဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဲဒီအခါ သီတာဦး ကို မင်းအောင်လှိုင်က လက်ရှိ အတွင်းဝန်ရာထူးရဲ့ နှစ်ဆင့်မြင့်တဲ့ ရှေ့နေချုပ်ရာထူးကို ချီးမြှင့်လိုက်ပါတယ်။
ဒါကို လက်ခံလိုက်တဲ့ သီတာဦး ကိုလည်း တရားရေးဌာနက တအံ့တဩ ဖြစ်ခဲ့ကြတာပါ။
◼သီတာဦး ရဲ့ တာဝန်တွေကဘာလဲ
လက်ရှိ အထိန်းသိမ်းခံထားရတဲ့ သမ္မတကြီး အပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ်က စလို့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဘယ်ဥပဒေ၊ ဘယ်ပုဒ်မ တပ်၍ ဘယ်လိုပြစ်ဒဏ်စီရင် အစရှိတာတွေကို စီမံရသူပါ။
စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်ကူးယဉ်ဖန်တီးပြီး တည်ဆောက်ထားသမျှ ဥပဒေနဲ့ ဆန့်ကျင်တာတွေကို ဗြောင်ကျကျ ဥပဒေပုဒ်မတွေ စီစဉ်နေရာချတဲ့အဓိကတာဝန်ကို ယူထားရသူပါပဲ။
နေပြည်တော်မှာ ဝန်ကြီး အဆင့် အဆောင်အယောင်၊ လစာအပြင် အခြားဝင်ငွေလမ်းကြောင်းတွေ အခိုင်အခန့် သီတာဦးက ပိုင်ဆိုင်ထားပါတယ်။
တဖက်မှာ စစ်အာဏာရှင်ပေးတဲ့ အဆင့်မြင့် ရာထူးကို ယူပြီး ဒေါက်တိုင်အဖြစ် စိတ်တိုင်းကျ အသုံးတော်ခံနေပေမဲ့ သူ့သားသမီးကိုတော့ စစ်အာဏာရှင်စနစ်ရဲ့ အဝေးဆုံးကို ပို့ထားနိုင်သူပါ။
◼အရှောင်အတိမ်း သားမောင်ယိမ်း
သီတာဦး ရဲ့ သားက ဩစတေးဩနိုင်ငံရောက်အပြီး အရင် Queensland Mackay Hospital မှာ အလုပ်ဝင်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းအပြီးနောက်ပိုင်းမှာ စကစ ဝန်ကြီး ရဲ့ သားမှန်း သိရှိသွားကြပြီး လုပ်ဖော်ကိုင်ဖက်တွေက စကားပြောဆို ဆက်ဆံတာတွေ မလုပ်ကြတော့ပါဘူး။
ဒါကြောင့် အဲဒီဆေးရုံကနေ အလုပ် ထွက်လိုက်ပါတယ်။
အခုတော့ ပြင်ပဆေးခန်းမှာ အလုပ်လုပ်နေပါပြီ။
ဆရာဝန်တယောက်က ဘယ်နိုင်ငံရောက်ရောက် ဆေးကုသတဲ့အလုပ်နဲ့ အသက်မွေးတာ ပြဿနာ မရှိပါဘူး။
မြန်မာပြည်မှာကတော့ ကျန်းမာရေးလောကရဲ့ ဒဏ်ရာက ပြင်းထန်ပါတယ်။
ဆေးကျောင်းသားလူငယ်တွေအပါအဝင် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်စကစတပ်က ခေါင်းတည့်တည့်ချိန်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာပါ။
ဒါကို လည်စင်းခံခဲ့ရတဲ့သမိုင်းက သွေးမခြောက်သေးပါဘူး။
လက်ရှိမှာလည်း ရွာစဉ်တိုက် မီးရှို့ပြီး စကစ ဟာ အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်လျက်ရှိပါတယ်။
တချိန်တည်းမှာ စကစဒေါက်တိုင် ရှေ့နေချုပ် သီတာဦး ရဲ့ သားဖြစ်သူက ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ ဩစတေးလျမှာ လုံခြုံငြိမ်းချမ်းစွာ ပြင်ပဆရာဝန်တဦးအဖြစ် စီးပွားရှာ ရပ်တည်လျက်ရှိပါတယ်။
ဒါကို ပုံမှန် ထင်မြင်ယူဆပါသလား။
ဒီသတင်းကို သိလိုက်ရတဲ့အခါ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမှာရှိတဲ့ မြန်မာပြည်ဖွားတွေအပြင် မြန်မာနိုင်ငံသားတွေရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိနိုင်မလဲ။
ဒါက စိတ်ဝင်စားဖို့ ကောင်းပါတယ်။
| သူလက်ရှိ အလုပ်လုပ်နေတဲ့ ပြင်ပဆေးခန်းတွေရဲ့ Website စာမျက်နှာကို Comment မှာဖော်ပြပေးထားပါတယ်၊ အခြားလိုအပ်တဲ့သတင်းအချက်အလက်တွေ ကူညီဖြည့်စွက်နိုင်ပါတယ် |
©အောင်နွေထက်

Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
👍22❤2👏2
◼NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ် တို့ တွေ့ဆုံ
သြဂုတ် (၂)ရက်| နွေဦးအသံ |
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ အမေရိကန်ပြည်ထောင်စု၊ အာရှပစိဖိတ်ဗျူရို၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ် တို့ သြဂုတ်လ(၁) ရက်မှာ တွေ့ဆုံခဲ့ကြတာပါ။
အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ သေဒဏ်စီရင်ချက်အပေါ် အထူးအလေးပေးဆွေးနွေးခဲ့ကြပြီး စကစရဲ့ အကြမ်းဖက်လုပ်ရပ်များ ဆုံးခန်းတိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းများ၊ မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မယ့် နည်းလမ်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။
ပြီးတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ ဘယ်လို တိုးမြှင့်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ရပါတယ်။
အများတကာမေးငေါ့အပြစ်တင်ကြတဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူမှုတွေ မိမိတို့ဆက်လက်ပြုလုပ်သွားပါမယ်။"
ဆိုပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ် က သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
© နွေသူရ
ဓာတ်ပုံ | NUG
သြဂုတ် (၂)ရက်

👍6
◼ အကြမ်းဖက်စကစတပ်များက ကလေးသူငယ်(၆၀) ကျော်နဲ့ ဆရာ၊ ဆရာမ(၁၀)ဦး အပါအဝင် အရပ်သား(၁၀၀)ခန့်ကို ဓါးစာခံပြုလုပ်ဖမ်းဆီးထား
ဩဂုတ်(၂)ရက်| နွေဦးအသံ |
◼NUG က အပြင်းအထန်ရှုတ်ချ
စစ်ကိုင်း၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းရော မြေပြင်ကပါ တိုက်ခိုက်ခဲ့ပါတယ်။
ဩဂုတ်(၁)ရက်၊ မနက်(၁၁)နာရီမှာ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာပါ။
စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝန်းရံပိတ်ဆို့ထားပြီး ကျေးရွာအတွင်းရှိ ဒေသခံများရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အရပ်သား(၅)ဦးခန့်ကိုလည်း အကြောင်းမဲ့ နှိပ်စက်သတ်ဖြတ်ထားတာကို မြေပြင်သတင်းပို့ချက်အရ သိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထည့်သွင်းဖော်ပြထားတာပါ။
လက်ရှိမှာ ကလေးငယ်(၆၀)ခန့်နဲ့ ဆရာ၊ ဆရာမ(၁၀)ဦး အပါအဝင်ရွာသူရွာသား(၁၀၀)နီးပါးခန့်ကို အကြမ်းဖက်စကစတပ်များက ဓါးစာခံပြုလုပ်ပြီး ပိတ်ဆို့ဖမ်းဆီးထားပါတယ်။
အဲဒီစာသင်ကျောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်ထားတာပါ။
စကစတပ်ဖွဲ့ဝင်များက ပိတ်မိနေတဲ့ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နိုင်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးစိုးရိမ်ပူပန်လျက်ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စာသင်ကျောင်းမှာ ပိတ်မိနေတဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ဘေးကင်းလုံခြုံဖို့ နိုင်ငံတကာအသိုင်းအဝန်းက တောင်းဆိုပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
©လင်းယုန်နွေ
ဓာတ်ပုံ | NUG
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
ဩဂုတ်(၂)ရက်