The Voice Of Spring | နွေဦးအသံ |
34.3K subscribers
31.3K photos
1.31K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
တရားမဝင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် ပြည်ပကုမ္ပဏီ(၈)ခုကို ခြွင်းချက်မရှိ ရပ်ဆိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရက နောက်ဆုံးအကြိမ် သတိပေး

ဩဂုတ် (၁)ရက် ||| နွေဦးအသံ |||

စင်ကာပူကုမ္ပဏီက (၇) ခုနဲ့ တရုတ်ကုမ္ပဏီက (၁) ခုပါဝင်ပြီး မကွေးတိုင်းမှာ ကုမ္ပဏီ (၂)ခု၊ မန္တလေးတိုင်းမှာ ကုမ္ပဏီ (၂) ခု၊ ရန်ကုန်တိုင်းမှာ ကုမ္ပဏီ (၂)ခု၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ (၁)ခုစီ လုပ်ငန်းဆောင်ရွက်ဖို့ တရားမဝင်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ထံမှ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များတောင်းခံပြီး ရင်းနှီးမြှုပ်နှံထားကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စကစနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆောင်ရွက်တာ အလျဉ်းမပြုလုပ်ကြဖို့နဲ့ ဆောင်ရွက်ဆဲ တရားမဝင်ရင်းမြှုပ်နှံမှုလုပ်ငန်းတွေကိုလည်း ခြွင်းချက်မရှိ ရပ်ဆိုင်းထားဖို့ နောက်ဆုံးအကြိမ် သတိပေးတား မြစ်လိုက်ပါတယ်။

ဒါအပြင် တားမြစ်ချက်အား လိုက်နာခြင်းမရှိပါက လက်တွေ့ကျကျ ပြင်းထန်ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

©နွေသူရ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
👍3
မြိုင်မြို့နယ်၊ ရွာတရွာက  ဒေသခံများရဲ့ အလှူဖြစ်ပါတယ်။

ဇူလိုင်(၃၁)ရက်၊ သပိတ်စစ်ကြောင်းနဲ့အတူ သစ္စာအဓိဌာန်ပြုအပြီးမှာ တော်လှန်ရေးအတွက် လှူချင်တဲ့သဒ္ဓါစိတ်ကို မထိန်းနိုင်ကြတော့ပါဘူး။

ဒါကြောင့် ပြည်သူ့အခြေပြုကျောင်းတည်ဆောက်ဖို့နဲ့ PDF ရဲဘော်တွေအတွက် လက်ဝတ်ရတနာတွေကို ချွတ်လှူနေကြတာပါ။

နားကပ်နှင့် နားဆွဲစုစုပေါင်း(၃၂)စုံ ၊ လက်စွပ်(၄)ကွင်းနှင့် ငွေသားစုစုပေါင်း ၄သိန်း၃သောင်းကျပ် တိတိရရှိခဲ့တယ်လို့ သိရပါတယ်။

©လင်းယုန်နွေ
ဓာတ်ပုံ | BEGSC
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
11👍4