The Voice Of Spring | နွေဦးအသံ |
34.2K subscribers
31.3K photos
1.31K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ပခုက္ကူ နည်းပညာတက္ကသိုလ်ရှေ့က စစ်တပ်စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်မိုင်းနဲ့ တိုက်ခိုက် ||| နွေဦးအသံ |||
This media is not supported in your browser
VIEW IN TELEGRAM
အဆုံးသတ်တိုက်ပွဲတွေ စတင်ပြီလို့ NUG ၊ CRPH နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးပေါင်းကြေညာ ||| နွေဦးအသံ |||
This media is not supported in your browser
VIEW IN TELEGRAM
ပခုက္ကူ PDFက နယ်မြေစိုးမိုးနိုင်တဲ့ နေရာတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ စတင်လုပ်ဆောင် ||| နွေဦးအသံ |||
1
This media is not supported in your browser
VIEW IN TELEGRAM
ဆားလင်းကြီး၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲက ရွာတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး ||| နွေဦးအသံ |||
This media is not supported in your browser
VIEW IN TELEGRAM
စစ်အုပ်စုရဲ့ လေယာဥ်ဆီနဲ့ ရိက္ခာသယ်တဲ့ လမ်းကြောင်းကို ဖောက်ခွဲဖို့ မိုင်းအလုံအလောက် မရှိ ||| နွေဦးအသံ |||
This media is not supported in your browser
VIEW IN TELEGRAM
မင်းအောင်လှိုင် နေအိမ်ရောင်းတဲ့ ပရောဂျက်ကို Final Call အဖြစ်နဲ့(၁၀)ရက် ရောင်းချမည် ||| နွေဦးအသံ |||
၄၄ လမ်း သွေးကြွေးပြန်ယူနိုင်ခဲ့ဟုဆို

ဗိုလ်တထောင်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဘော်ဘီ ပစ်ခတ်ခံရပြီး သေဆုံး

ဇူလိုင် (၂၈) ရက် ||| နွေဦးအသံ |||

နေ့လယ် (၁၂ )နာရီခွဲလောက်က ဗိုလ်တထောင်မြို့နယ် (၄၂) လမ်းထိပ်မှာ သေနတ်နဲ့ (၃) ချက်တိတိ ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ။

မနှစ်က ဩဂုတ်လ ၁၀ ရက်မှာ လူငယ် (၃) ဦး တိုက်ပေါ်မှ ခုန်ချသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ အဓိက ပါဝင်လှုပ်ရှားခဲ့သူ အဖြစ် သိရပါတယ်။

©လင်းယုန်နွေ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍3
နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ က အရေးပေါ်မိန့်ခွန်းပြောပါတယ်။

မိန့်ခွန်းထဲမှာ နိုင်ငံတကာကို -

(၁)နိုင်ငံတကာက အကြမ်းဖက်စကစကို အသိအမှတ်ပြု ဆက်ဆံခြင်း လုံးဝ မပြုလုပ်ဖို့

(၂) အကြမ်းဖက်စကစရဲ့ အဓိက ပင်မဝင်ငွေကို ဖြတ်တောက်ရာမှာ ပါဝင်ပေးဖို့

(၃)အမျိုးသားညီညွတ်ရေးအစိုးရ ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့

(၄) တော်လှန်ရေးအစိုးရကို နည်းပညာ၊ လက်နက်၊ ငွေကြေးထောက်ပံ့ပေးဖို့

(၅)အကြမ်းဖက်စကစကို အရေးယူနိုင်ရေး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ပေးဖို့

(၆) အာဆီယံအဖွဲ့ကြီးအနေနဲ့ ဘုံ(၅)ချက်ကို ပြန်လည်သုံးသပ်ဖို့

သမ္မတကြီးက အလေးအနက် တောင်းဆိုထားပါတယ်။

ပြည်သူများကိုတော့ သမ္မတကြီးက အသတ်ပေးခဲ့ကြသူအားလုံးရဲ့ သွေးသစ္စာကို တန်ဖိုးထားကြပြီး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်းသွားပါတယ်။

©အောင်နွေထက်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
1
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ နိုင်ငံတော်သို့ အရေးပေါ် အခြေပြ မိန့်ခွန်း ကို ပြောကြား

ဇူလိုင်(၂၈)ရက် | နွေဦးအသံ |

တော်လှန်ရေး နောက်မဆုတ်ဘဲ ပိုမို အရှိန်ပြင်းစွာ တောက်လောင်မည်

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ က နိုင်ငံတော်သို့ အရေးပေါ် အခြေပြ မိန့်ခွန်း ကို ပြောကြား လိုက်ပါတယ်။မိန့်ခွန်းမှာ
အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင် ၏ စစ်ကောင်စီ ကို အပြီးတိုင်ချေမှုန်းသွားနိုင်ရေးအတွက် လက်နက်ခဲယမ်းအကူညီကို ထိရောက်စွာကူညီပေးကြဖို့ နိုင်ငံတကာကို အကူညီတောင်းခံလိုက်ပါတယ်။

ဦးကျော်မင်းယု(ခ) ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင် ၊ ကိုအောင်သူရဇော် စသည့် တော်လှန်ရေးရဲဘော် အာဇာနည် (၄)ဦး ကို သွေးအေးအေးဖြင့် ရက်စက်စွာ သတ်ဖြတ်ပြီးတဲ့နောက်မှာ နွေဦးတော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့ တွန်းအားကြီးတစ်ရပ်ဖြစ်စေခဲ့ပြီဖြစ်တယ်လို့ ထည့်သွင်းပြောကြားပါတယ်။

မြန်မာ့အရေးတွင်ထိရောက်မှု မရှိသော အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်လည်သုံးသပ်ပြီး အာဏာရှင် ဖယ်ရှားနိုင်ရေး အတွက် ဆက်လက်ပံ့ပိုးပေးကြဖို့ အာဆီယံ အသိုက်အဝန်းကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဦးကျော်မင်းယု(ခ) ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင် ၊ ကိုအောင်သူရဇော် စသည့် တော်လှန်ရေးရဲဘော် အာဇာနည် (၄)ဦး ကို နိုင်ငံတော်က ဝမ်းနည်းခြင်းကြီးစွာနဲ့ ဂုဏ်ပြုအပ်ပါကြောင်း ၊ စစ်ကောင်စီ ၏ ရက်စက်ယုတ်မာသတ်ဖြတ်ခြင်းကြောင့် နွေဦးတော်လှန်ရေးဟာ နောက်မဆုတ်ဘဲ ပိုမို အရှိန်ပြင်းစွာတောက်လောင်လာတော့မှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

နိုင်ငံသူ နိုင်ငံသားများအနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်ရေးမှာ ပါဝင်ကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

©မျိုးဇော်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
4👍3