The Voice Of Spring | နွေဦးအသံ |
34K subscribers
31.4K photos
1.32K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
ဝက်လက်အခြေစိုက် GZ Special Task Force မှဖြစ်ကြောင်း သိရ

ဇွန် ၃၀ ရက် ||| နွေဦးအသံ |||

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကွန်ဆိပ် ရွာ အနီးတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များ အပါအဝင် ဝက်လက် အခြေစိုက် GZ Special Task Force (Wetlet) အဖွဲ့ ၏ တပ်ဖွဲ့ဝင် PDF ကိုးဦး ကို အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၉ ရက် နေ့လယ်ပိုင်းတွင် အဆိုပါ အမျိုးသမီးငယ်များပါဝင်သည့် အဖွဲ့သည် ရွှေဘိုမြို့နယ်ကို ဖြတ်ကာ အရာတော်မြို့နယ်ထဲသို့ ဆေးသင်တန်း တက်ရောက်ရန် သွားစဉ် လမ်းခရီး၌ အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် ထိပ်တိုက် တွေ့ကာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသမီးငယ်များမှာ အသက် ၁၄ နှစ်အရွယ် မပပခိုင်၊ အသက် ၁၅ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၂၄ နှစ်အရွယ် မနိုင်နိုင်အောင်နဲ့ အသက် ၃၄ နှစ်ရွယ် မသစ်သစ်လှိုင်တို့ ဖြစ်ပြီး သေဆုံးသူ အမျိုးသားတွေကတော့ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်နဲ့ ကိုဘုန်းကျော်၊ အသက် ၂၁ နှစ်အရွယ် ကိုသိန်းသန်းဦးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုး၊ ကိုဖိုးငြိမ်း တို့ ဖြစ်ကြောင်း သိရသည်။

©အောင်နွေထက်
ကိုးကား | RFA
https://t.me/VOStelegram

#thevoiceofspring
ဥကရစ်ထစခန်းသို့ စစ်ကူလာရာလမ်းတွင် တိုက်ခိုက်ခံရပြီး မရှုမလှသေဆုံးခဲ့ရသည့် အကြမ်းဖက်စကစ၏ တပ်မ ၄၄ စစ်ကြောင်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

ဇွန် ၃၀ ရက် ||| နွေဦးအသံ |||
https://t.me/VOStelegram
#thevoiceofspring
အကြမ်းဖက်စစ်အုပ်စု၏ ရိက္ခာသယ်ပို့ယာဉ်ကို KNDF တိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်း ရရှိ

ဇွန်(၃၀)ရက် | နွေဦးအသံ |

အကြမ်းဖက် စစ်အုပ်စုဘက်က တပ်ရေးဗိုလ်ကြီးအပါအဝင် (၄) ဦး သေဆုံး

ဇွန် (၃၀)ရက် မနက်ပိုင်းက လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်မှာ KNDF တပ်ရင်း အမှတ်(၁၀)နဲ့ စစ်အုပ်စုရဲ့ တပ်ရိက္ခာ သယ်ပို့တဲ့ ယာဥ်တစ်စီး ထိပ်တိုက်တွေ့ဆုံပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လောပိတအမှတ်(၂) သင်္ဘောပင်စခန်းနဲ့ ဒန်းဦးဘုရားကျောင်းကြား လမ်းမပေါ်မှာ KNDF တပ်ရင်းအမှတ်(၁၀)က ကင်းလှည့်နေစဥ် တပ်ရိက္ခာသယ်ပို့တဲ့ ကားတစ်စီးနဲ့ တွေဆုံပြီး မိနစ်၂၀အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အကြမ်းဖက် စစ်အုပ်စုဘက်က တပ်ရေးဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်သားနှစ်ဦး သေဆုံးခဲ့ပြီး KNDF ဘက်ကတော့ ထိခိုက် ကျဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ ၉ မမပစ္စတို သေနတ်(၁)လက် ၊ ကျည် (၁၂)တောင့် နဲ့ ဖုန်း (၂)လုံးတို့ကို KNDF ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေနားကို အကြမ်းဖက် စစ်အုပ်စုရဲ့ လောပိတအခြေစိုက် အမှတ်(၇၂)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ လေးအိမ်စုရွာ ထဲကို လက်နက်ကြီးကျရောက်ပြီး နေအိမ်တလုံး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
ကိုးကား | KNDF
https://t.me/VOStelegram
#thevoiceofspring
👍1
ရေမဆေးသမားများကို အဓမ္မခေါ်ဆောင်ကာ ဖိအားပေး ဖျက်ဆီးခိုင်း

ဇွန်(၃၀)ရက် ||| နွေဦးအသံ |||

ဖားကန့် မြိုနယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၏ ချိတ်ပိတ်ခံထားရသည့် နေအိမ်ကို စစ်ကောင်စီတပ်က ဇွန် ၃၀ ရက် ညနေပိုင်းက
လာရောက် ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သည် ရေမဆေးသမားများကို အဓမ္မ ခေါ်ဆောင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းဟိန်း၏ နေအိမ်ကို ဓားဖြင့်ခုတ်ကာ ဖျက်ဆီးခိုင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဦးအောင်မင်းဟိန်း သည် လွတ်မြောက်နယ်မြေတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ကြောင်းသိရပါသည်။

©မျိုးဇော်
ကိုးကား | The 74 Media
https://t.me/VOStelegram
#thevoiceofspring
အကြမ်းဖက် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူများပြီး Cobra စစ်ကြောင်းကို လက်နက်များ အလှူပေးလျက်ရှိ

ဇူလိုင်(၁)ရက် | နွေဦးအသံ |

ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ လေ့ကေ့ကော်‌ဒေသရှိ Cobra Column စစ်ကြောင်းရဲ့ တောင်ကုန်းတစ်ခုပေါ်ကို အကြမ်းဖက်စစ်အုပ်စုဘက်က ဇွန် (၂၉) ရက် ညနေ (၆) နာရီ ဝန်းကျင်က ကျူးကျော်တိုက်ခိုက်လာတယ်လို့ Cobra Columnရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

အကြမ်းဖက် စစ်အုပ်စုဘက်က (၄၀)မမ၊ ၈၁ မမ၊ (၁၂၀) မမ စတဲ့ လက်နက်ကြီး ပစ်ကူတွေ ဆက်တိုက် ပစ်ခတ်ပြီး Cobra Column စစ်ကြောင်းရဲ့ တောင်ကုန်းကို ကျူးကျော် တိုက်ခိုက်လာတာပါ။ ‌

Cobra Columnရဲ့ စစ်သည်တော်တွေနဲ့ အကြမ်းဖက် စစ်အုပ်စုတို့ (၄)နာရီကျော် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ည(၁၀)နာရီ ခွဲဝန်းကျင်မှာ စစ်အုပ်စုဘက်ကအထိနာပြီး ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အထိနာခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုဘက်က မကျေနပ်လို့ ည (၁၁) နာရီ ဝန်းကျင်မှာ အင်အားအလုံးအရင်းနဲ့ ပြန်လည်စုဖွဲ့ပြီး Cobra Column စစ်ကြောင်းကို ထပ်မံထိုးစစ်ဆင်ခဲ့ပေမယ့် စစ်အုပ်စု အထိနာခဲ့လို့ ထပ်ပြီး ဆုတ်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အဲဒီနောက် စစ်အုပ်စု ဘက်က (၁၂၀) မမ လက်နက်ကြီး တွေနဲ့ ‌‌ရွှေညောင်ပင် ကြက်ကင်ကုန်းကနေ ဆက်တိုက် ထပစ်ခတ်ခဲ့လို့ Cobra စစ်သည်တော် ၁ ဦး ကျဆုံးခဲ့ရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က(၂) ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရရှိကာ၊ စစ်အုပ်စုရဲ့ (၆၀) မမ ဗုံးသီး (၄) လုံး၊ (၄၀) မမ ဗုံးသီး(၁)လုံး ၊ RPG ဗုံးသီးတွေနဲ့ ယမ်းတောင့် (၁)တောင့်ကို Cobra Column စစ်ကြောင်းက သိမ်းဆည်း ရခဲ့တယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
ကိုးကား | Cobra Column
#thevoiceofspring
ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်ရမ်းကားမှု ပိုမိုမြင့်တက်လျက်ရှိ

ဇူလိုင်(၁) | နွေဦးအသံ |

ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းပေ ၅၀ လမ်းမပေါ်က စျေးသည်တွေကို အကြမ်းဖက် စစ်အုပ်စုက သေနတ်နဲ့ ချိန်ထွက်သွားခိုင်းပြီး ပစ္စည်းတွေကို လုယူကာ ကားပေါ်တင် ယူဆောင်သွားတဲ့အပြင် မီးရှို့ဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်ကို ဇွန်(၃၀)ရက် ည (၈)နာရီခွဲခန့်က ကျူးလွန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက စစ်ကား ၄စီး‌ လောက်နဲ့ ရောက်လာတာဖြစ်ပြီး စစ်သား ၁၀ ဦးခန့်က စျေးရောင်းချသူတွေကို သေနတ်နဲ့ချိန် ထွက်သွားခိုင်းပြီး ဈေးသည်တွေရဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါလို့ ဒေသခံတွေက ပြောပါတယ်။

"ဈေးဆိုင်တွေကိုဖျက်ဆီးတယ်။‌‌ ဈေးသည်တွေကို သေနတ်နဲ့ချိန် ထွက်သွားခိုင်းတယ်။ ဆူညံ‌နေတာပဲ။ ထွက်ပြေးတဲ့သူတွေက ပြေးတယ်။ တချို့ပစ္စည်းတွေကို မီးရှို့တယ်။ တချို့ဟာတွေကျ ကားပေါ်တင်ယူသွားတယ်"

လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။

ဒါ့အပြင် အသစ်ဖွင့်လှစ်ထားတဲ့ လျှပ်စစ်ပစ္စည်းဆိုင်က ပစ္စည်းတော်တော်များများကိုလည်း အကြမ်းဖက် စစ်အုပ်စုက လုယူသွားပြီး လှည်းတန်း ပေ ၅၀ လမ်းမပေါ်က ဈေးဆိုင်ပေါင်း တရာနီးပါးကို ဖျက်ဆီးထားတယ်လို့
မျက်မြင် တွေရှိသူတဦးရဲ့ အဆိုအရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း လှည်းတန်းလမ်းမကြီးတလျှောက် ဈေးမရောင်းဖို့ အကြမ်းဖက်စစ်အုပ်စုက လိုက်လံကြေညာထားခဲ့တာပါ။

လှည်းတန်းပေ ၅၀ လမ်းပေါ်မှာ လူငယ်တချို့က လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပြီး စျေးသူစျေးသားတွေက လက်ခုပ်တီး အားပေးခဲ့တဲ့ အပြင် လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ပြသခဲ့ကြ တယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
https://t.me/VOStelegram
#thevoiceofspring
မြင်းမူတွင် အကြမ်းဖက် စစ်တပ်၏ ၁၂ ဘီးကား မိုင်းခွဲခံရ

ဇူလိုင်(၂)ရက် | နွေဦးအသံ |

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တော နှင့် ဘိုးမင်းကြီးအကြားတွင် အကြမ်းဖက် စစ်ကောင်စီ များ လိုက်ပါလာသည့် ၁၂ ဘီးကားကို PDF အဖွဲ့မှ ယနေ့ နံနက် ၇နာရီ ၄၀ခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်း ကို မြင်းမူမြို့ပြ- တော်လှန်ရေးအဖွဲ့-CRF နှင့် မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ မိုင်း ၁၀ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ပြီးနော်က ပြည်သူ့ ကာကွယ်ရေး ရဲဘော်များသည် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

©အောင်နွေထက်
ကိုးကား |မြင်းမူမြို့ပြ- တော်လှန်ရေးအဖွဲ့-CRF
https://t.me/VOStelegram
#thevoiceofspring
ဖမ်းဆီးထားသူများကို မည်သည့်နေရာတွင် ထားရှိမှန်းမသိရ

ဇူလိုင်(၂)ရက် | နွေဦးအသံ |

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ထဲက အပြစ်မဲ့ ပြည်သူ ၁၄ဦးကို အကြမ်းဖက် စစ်အုပ်စုက တပတ်အတွင်း ဖမ်းဆီးထားတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာ ၃ ရွာက အမျိုးသမီးနှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ဦးကို စစ်အုပ်စုက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ရွာငံ ဒေသခံ‌ တွေက ပြောပါတယ်။

ရွာငံမြို့နယ် ၊ဆင်ဆာပြားရွာက အမျိုးသား ၉ ဦး၊ အုတ်တွင်းရွာက အမျိုးသား ၃ ဦးနဲ့ ထန်းလျှောက်ရွာက အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၄ ဦး ကို စစ်အုပ်စုက ဖမ်းဆီးထားတာပါ။

ဒါ့အပြင် ရွာငံမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး NLD လွှတ်တော်အမတ်အပါအဝင် အပြစ်မဲ့ ပြည်သူ ၅၀ကျော်ကိုလည်း စစ်အုပ်စုက ဖမ်းဆီးထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးထားသူတွေကို ကလောအချုပ်ထောင်မှာ ခေါ်ယူစစ်‌ဆေးလေ့ရှိသော်လည်း အခု ဖမ်းဆီးခံထားရသူ ၁၄ ဦးကိုတော့ ဘယ်မှာထားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ ရွာငံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပြင် တောင်ကြီးနဲ့ ပင်းတယပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလည်း ပူးပေါင်းလှုပ်ရှားနေတယ်လို့ သိရပါတယ်။

©နွေသူရ
ကိုးကား | RFA
https://t.me/VOStelegram
#thevoiceofspring
အကြမ်းဖက်စစ်အုပ်စုက လက်နက်အပြင် ရိက္ခါတွေပါ KNLA နှင့် BPLA ကို ဒါနပြု၍ တမလွန်ကုသိုလ်ယူ

ဇူလိုင်(၂)ရက် ||| နွေဦးအသံ |||

ဖာပွန်မြို့အနီး နယ်ကျွံဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တို့က ဇူလိုင် ၁ ရက် မနက် ၁၁ နာရီခန့်က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲဟာ မိနစ်၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုဘက်က ကားပေါ်ပါတဲ့ ၅ ဦး စလုံး သေဆုံးပြီး ကားလည်း ပျက်ဆီး ဆုံးရှုံးခဲ့တာပါ။

ဒါ့အပြင် KNLA နဲ့ BPLA တပ်တွေက စစ်အုပ်စုရဲ့ ၄၀ မမ - ၁ လက်၊ AK - ၂ လက်၊ M4 carbine - ၁ လက်၊ G3 - ၁ လက်၊ လက်ပစ်ဗုံး - ၃ လုံး၊ ကျည်ဆံနဲ့ ရိက္ခာ‌တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က အားလုံးသေဆုံပြီး လက်နက်တွေပါ ဆုံးရှုံးခဲ့ပေမဲ့ KNLA နဲ့ BPLA တပ်တွေဘက်ကတော့ ထိခိုက်ဆုံးရှုံးမှု မရှိဘူးလို့ သိရပါတယ်။

©ကျော်ဇေယျ
ဓါတ်ပုံ | ရှေ့တန်းတစ်နေရာတွင်တွေ့ရှိရသော BPLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်း
https://t.me/VOStelegram
#thevoiceofspring
မျက်နှာဖုံးချွတ်လိုက်ပါ ရန်ကုန်

ပုံမှန် အ​​ခြေအ​နေကို မသွားချင်​ပေမဲ့
ပုံမှန်လို လည်​ပေး​နေရတဲ့... ရန်ကုန်

နာကျင်စရာ​တွေ များ​နေ​​​ပေမဲ့
ပုံမှန်လို ကပြ ပေး​နေရတဲ့... ရန်ကုန်

ဒဏ်ရာ​တွေ ပြန်ချုပ် မရ​အောင် ကား​နေ​​ပေမဲ့
ပုံမှန်လို မိတ်ကပ် ဖို့ထားပေး​နေရတဲ့... ရန်ကုန်

​ဝေဒနာ​တွေ ပြည့်ကြပ်နေ​​​ပေမဲ့...
ပုံမှန်လို ​နေရာ​တွေချန်ပေး​နေရတဲ့.... ရန်ကုန်

အပြင်မှာ မုန်းတီးသူ​တွေ များ​နေ​ပေမဲ့....
ပုံမှန်လို ပြုံးဖြီးပြပေး​နေရတဲ့... ရန်ကုန်

တကိုယ်လုံးက ဒဏ်ရာ​တွေ ပြန်​ဆေးနေ​ရပေမဲ့....
ပုံမှန်လို အကုန်လုံးကို ခွင့်လွှတ်ချစ်ပေး​နေရတဲ့... ရန်ကုန်

ဆာ​လောင်ခြင်း​တွေ အချိန်တိုင်းပွားနေ​ပေမဲ့ ....
ပုံမှန်လို မာန်​ထောင်ပြီး ဟားပြ​နေရတဲ့... ရန်ကုန်

စီးပွား​တွေ ပြား​နေ​ပေမဲ့...
ပုံမှန်လို ရင်တခုလုံး ကားပြီး
လာသမျှ ​​နေစရာ ရှာ​​ပေး​နေရတဲ့...ရန်ကုန်

မီးပြန်လာတာကို ဖီးလ်မလာ​ပေမဲ့...
မီတာဖြုတ်ပြန် ဆီပါအသုပ်ခံ​နေရတဲ့... ရန်ကုန်

ပြည်သူ့​ဗျောက်​တွေ ကိုင်ထား​ပေမဲ့...
​ဖောက်ပြီးရင် ​ပြေးစရာ​တောင် မြေမရှိတဲ့... ရန်ကုန်

ရန်ကုန်....

ရန်ကုန်.....

ရန်​တွေ မကုန်​သေး​ပေမဲ့
ပုံမှန်လို ဟန်​ဆောင်​ပေး​နေရတဲ့.... ရန်ကုန်

©အယ်(လ်)ဒီ
တိကျမှန်ကန်မှုမရှိသော သတင်းများကို ဆိုရှယ်မီဒီယာများတွင် ဖြန့်ဝေခြင်းကြောင့် ရှေ့တန်းစစ်သည်များ၏ စစ်ဆင်ရေးလှုပ်ရှားမှုအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေဟု KNU ဗဟိုအသိပေး

ဇူလိုင်(၂)ရက် | နွေဦးအသံ |

တိကျမှန်ကန်မှုမရှိသော သတင်းများကို ဆိုရှယ်မီဒီယာများတွင် ဖြန့်ဝေခြင်းကြောင့် ရှေ့တန်းစစ်သည်များ၏ စစ်ဆင်ရေးလှုပ်ရှားမှုအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေသဖြင့် KNU သတင်းနှင့်ပြန်ကြားရေးမှ အတည်ပြု မထုတ်ပြန်ရသေးသော သတင်းများကို မမျှဝေကြရန် ဇူလိုင်(၂)ရက်တွင် KNU ဗဟိုက မေတ္တာရပ်ခံလိုက်ကြောင်း သိရပါသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုများကို Social media (On Line) Facebook အကောင့်များ၊ Pageများက တိကျမှန်ကန်မှု မရှိသေးသော တိုက်ပွဲသတင်းများကို စောလျှင်စွာ လိုင်းပေါ်တင်ခြင်း၊ တဆင့်ခံ ဝေမျှခြင်းများသည် ရှေ့တန်းစစ်သည်များ၏ စစ်ဆင်ရေးလှုပ်ရှားမှု အစီအစဥ်များအား အနှောင့်အယှက်ဖြစ်လျက်ရှိသည်။

ထို့ပြင် တိကျမှန်ကန်မှုမရှိသော သတင်းများသည် ဒေသခံလူထုအားထိတ်လန့်ကြောက်ရွံ့ရန် ခြိမ်းခြောက်နေသကဲ့သို့ဖြစ်စေသဖြင့် လူမှုကွန်ယက် Facebook အကောင့်များ ၊ page များမှ တိကျမှန် ကန်မှုမရှိသေးသောသတင်းများကို စောလျှင်စွာ မဖြန့်ဝေ ခြင်းဖြင့် တော်လှန်ရေးတွင် ကူညီပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များ၏ နယ်မြေကျူးကျော်မှုအပြင် ဒေသခံလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး ကျူးလွန်နေမှုများကြောင့် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်များနှင့် အမြဲတစေ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရပါသည်။

©လင်းယုန်နွေ
ဓါတ်ပုံ | KNU
https://t.me/VOStelegram
#thevoiceofspring
👍1
PDF များကို ကြောက်လန့်ပြီး ရွာပြင် မထွက်ရဲသဖြင့် ရွာတွင်း၌ စစ်အုပ်စု ပိတ်မိနေ

ဇူလိုင်(၂)ရက် | နွေဦးအသံ |

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲမှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) တွေ နေ့တိုင်းနီးပါး တိုက်ပွဲ‌တွေဖြစ်နေပြီး စစ်အုပ်စုဘက်က ထိခိုက် သေဆုံးသူတွေ များနေတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဇွန် ၂၉ ရက် ကလည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တပ်စွဲထားတဲ့ ကူလဲရွာအနီးက တိုက်ပွဲမှာ စစ်အုပ်စုဘက်က ငါးဦးသေဆုံးပြီး မင်းကင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်ဟာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်ပြီး စစ်အုပ်စုက လေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း တိုက်ခိုက်တာကို ခံထားရတာပါ။

ဇွန် ၃၀ ရက် ကလည်း ကျော်ရွာကထွက်လာတဲ့ စစ်သားတွေ ကျွန်းတောထဲမှာ တိုက်မိုင်းထိလို့ ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး သေဆုံးသူတွေကို ကျော်ရွာမှာပဲ မြေမြုပ်သွားတယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
ဓါတ်ပုံ | MK PDF
https://t.me/VOStelegram
#thevoiceofspring
ဖမ်းဆီးခံ LGBT တွေရဲ့ လုံခြုံရေးကို လွန်စွာစိုးရိမ်ပူပန်လျက်ရှိ

ဇူလိုင်(၃)ရက် | နွေဦးအသံ |

မုံရွာထောင်ထဲမှာ ဇွန် ၃၀ ရက် နံနက် ၈ နာရီ ခွဲဝန်းကျင်က LGBT နိုင်ငံရေး အကျဥ်းသားတဦးကို ထောင်ဝန်ထမ်း အရာရှိက လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်လို့ လိင်စိတ်ခံယူမှုကွဲပြားသူများကွန်ယက်(LGBT Alliance-Myanmar )ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။

မုံရွာ အကျဉ်းထောင်အရာရှိက ဇွန် ၃၀ရက် နံနက် ၈ နာရီခွဲ ဝန်းကျင်မှာ ထောင်အလုပ်ခွင်ထဲကို အရက်သောက်စားပြီးမှ ရောက်ရှိလာကာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား LGBT တဦးကို လိင်အကြမ်းဖက်မှု ပြုလုပ်ခဲ့ပြီး အဓမ္မ ပြုကျင့်ဖို့ ကြံစည်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မုံရွာထောင်ဝန်ထမ်း အရာရှိက အကျဉ်းသားတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း လိင်စိတ်ခံယူမှုကွဲပြားသူများကွန်ယက်(LGBT Alliance-Myanmar) က ဇူလိုင်၂ရက်က တရားဝင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တာပါ။

အဲဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး LGBT Alliance-Myanmar အဖွဲ့ အနေနဲ့ ဖမ်းဆီးခံ LGBT တွေရဲ့ လုံခြုံရေးကို လွန်စွာစိုးရိမ်ပူပန်လျက်ရှိကြောင်း၊ အလားတူ ဖြစ်ရပ်များ ထပ်မံဖြစ်ပွားလာမှာကို စိတ်ပူမိကြောင်း၊ မုံရွာ အကျဥ်းထောင်ဝန်ထမ်း အရာရှိရဲ့ လုပ်ရပ်က လူမဆန်တဲ့ အပြုအမူဖြစ်ကြောင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
#thevoiceofspring
👍1