The Voice Of Spring | နွေဦးအသံ |
34.2K subscribers
31.3K photos
1.31K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
စစ်ရေယာဥ်တွေကို MDF-အမျိုးသမီးကွန်မန်ဒိုတွေက ပါဝင်တိုက်ခိုက် ||| နွေဦးအသံ |||
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာသံရုံးရှေ့တွင် ပြည်သူ​ထောင်​ပေါင်းများစွာ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ||| နွေဦးအသံ |||
2
This media is not supported in your browser
VIEW IN TELEGRAM
PDF တပ်ရင်း(၇၀၅)ရဲ့ အထူးကွန်မန်ဒို မွမ်းမံလေ့ကျင့်ရေး သင်တန်း ||| နွေဦးအသံ |||
👍2
This media is not supported in your browser
VIEW IN TELEGRAM
စစ်အုပ်စု နဲ့ ပျူစောထီးအဖွဲ့တွေ အခိုင်အမာတပ်စွဲထားတဲ့ နေရာကို တိုက်ခိုက်သိမ်းပိုက် ||| နွေဦးအသံ |||
👍2
This media is not supported in your browser
VIEW IN TELEGRAM
တောဝေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး ||| နွေဦးအသံ |||
🤬1
This media is not supported in your browser
VIEW IN TELEGRAM
ဂျပန်ရောက် မြန်မာအယောက်(၂၀၀)ကျော် ဆန္ဒပြ ||| နွေဦးအသံ |||
| မဖြစ်မနေ ဖြိုလှဲရမည့် ဒေါက်တိုင်များကို စတင် ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ©နွေဦးအသံ ( The Voice Of Spring ) |

ကြူကြူလှရဲ့ အချစ်တော် (သို့မဟုတ်) စကစ နောက်ကွယ်က လျှို့ဝှက်သောဒေါက်တိုင်

အကြမ်းဖက် စကစ ရဲ့ နောက်ကွယ်မှာ အဓိက အရေးပါပြီး လျှို့ဝှက်စွာ အာဏာကြီးလှသူ တဦး ရှိနေပါတယ်။

သူ့ရဲ့ အဓိက တာဝန်က မင်းအောင်လှိုင်ရဲ့ စီးပွားရေးတွေကို နာမည်ခံပြီး ကိုယ်တိုင်ဦးစီးရတာပါပဲ။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဒီလောက်နဲ့ မရတော့ပါဘူး။ စကစရဲ့ ဟိုတယ်ဝန်ကြီးတွေကို သူကိုယ်တိုင် စိစစ်ရွေးချယ်ပြီး ခေါင်းခေါက် ခန့်အပ်တဲ့အထိ တန်ခိုးထွားလာပါတယ်။

ဘယ်လိုဆက်ဆံရေးမျိုးရှိသလဲ

သာမန်အားဖြင့် စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးရသူတွေဟာ ကတော်ဖြစ်သူများနဲ့ အဆင်မပြေကြပါဘူး။ သူကတော့ ထူးထူးခြားခြား မင်းအောင်လှိုင်တို့ လင်မယားနှစ်ဦးစလုံးနဲ့ အဆင်ပြေလှသူပါ။

နီးစပ်တဲ့အသိုင်းအဝိုင်းအားလုံးက ကြူကြူလှရဲ့ အချစ်တော်၊ ကြူကြူလှရဲ့ သားလေး အဖြစ် နားလည်ထားကြတဲ့အထိ ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပါတယ်။

အောင်မျိုးမင်းဒင်က ဘယ်သူပါလဲ

မင်းအောင်လှိုင် ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်အဆုံးအဖြတ်ပေးနေရတဲ့ တာဝန်ကို ယူထားပေမဲ့ အင်မတန်မှ အနေအထိုင် သိုသပ်ပါတယ်။

မထင်မရှားပုံစံနဲ့သာနေလေ့ရှိပြီး အနေအထိုင် အေးပေမဲ့ အများနဲ့ဆက်ဆံရေးမှာ ညက်ညောသိမ်မွေ့ပြီး ဖျတ်လတ်မြန်ဆန်လှသူပါ။

ဓါတ်ပုံရိုက်တာ ဝါသနာပါပြီး မြန်မာပြည်က ဓါတ်ပုံသတင်းထောက်အများစုနဲ့လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်ပါတယ်။

အမည်မဖော်နိုင်တဲ့ လုပ်ငန်းကြီးများစွာရှိတဲ့အနက် Amazing Hotels Group, Adventure Myanmar Travel & Tours, Inno City Project တို့က လူသိများပြီး ကြူကြူလှ ရဲ့ ရှယ်ယာတွေလည်း အများကြီး ပါဝင်ပါတယ်။

ဇနီးဖြစ်သူက ဒေါ်အေးအေးမြင့် ဖြစ်ပြီး သားသမီးနှစ်ဦးရှိပါတယ်။ သမီးဖြစ်သူက အေးသီတာမင်းဒင် ဖြစ်ပြီး သားဖြစ်သူက ဥက္ကာမင်းဒင် ဖြစ်ပါတယ်။

ဘယ်လိုရင်းနှီးခဲ့ကြသလဲ

အောင်မျိုးမင်းဒင်က အထက်တန်းကျောင်းသားဘဝကတည်းက ကျူရှင်ပြစားတဲ့ ကြူကြူလှဆီမှာ စာသင်ခဲ့ဖူးသူပါ။ ကြူကြူလှ နဲ့လည်း မွေးဖွားကြီးပြင်းရာ ဇာတိချင်း တူကြပါတယ်။

စီးပွားရေးလောကကိုတော့ ခရီးသွားလုပ်ငန်းနဲ့ ဝင်ရောက်ခဲ့တာပါ။

ဒါပေမဲ့ ခရီးသွားလုပ်ငန်းမဖွံ့ဖြိုးတဲ့ခေတ်မှာ အကြီးအကျယ်ထိပ်တန်းရောက်လာတာက အကြောင်းရှိပါတယ်။

ကြီးပွားရေး လမ်းစ ပွင့်ခဲ့ပုံကတော့ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးတခေတ်မှာ လိုင်စင်မဲ့ ကားတွေကို သွင်းပြီး အရောင်းအဝယ် လုပ်ရာက အစပြုပါတယ်။

ခရီးသွားလုပ်ငန်းရှင်အများစုက နိုင်ငံခြားဧည့်သည်တွေကို အကြိုအပို့လုပ်ဖို့အတွက် သိန်းထောင်ချီတန် ကားတစီးကိုတောင် မနည်းငှားရမ်းအသုံးပြုနေရချိန်မှာ အောင်မျိုးမင်းဒင်းကတော့ လိုင်စင်မဲ့ကားတွေကို ဖောဖောသီသီအသုံးပြုပြီး ပြိုင်ဘက်လုပ်ငန်းတွေကြားမှာ ယှဉ်နိုင်မယ့်သူမရှိဘဲ တရိပ်ရိပ် အောင်မြင်လာပါတော့တယ်။

နအဖ ခေတ်ကတည်းက စစ်တပ်နဲ့ နီးနီးကပ်ကပ် ပတ်သက်ခဲ့ပြီး အင်းလေး၊ ပုဂံ၊ ငွေဆောင်၊ ငပလီ၊ ချောင်းသာ အစရှိတဲ့ ခရီးသွားဒေသတွေမှာ ဟိုတယ်ကြီးတွေ ဖွင့်လာနိုင်တဲ့အထိ အင်အားကြီးထွားလာပါတယ်။

မင်းအောင်လှိုင် တိုင်းမှူးဘဝမှာ သူပိုင်တဲ့ ငပလီက ဟိုတယ်ကို ခဏခဏလာလည်ရာက ပိုမိုရင်းနှီးသွားခဲ့ကြတာပါ။

အဲဒီနောက် မင်းအောင်လှိုင်ရဲ့ စီးပွားရေးအတွက် အကြံပေးရာကနေ ကိုယ်တိုင်နာမည်ခံပြီး စီမံဆောင်ရွက်ရသူအဖြစ် လူယုံသဖွယ် ဖြစ်လာပါတယ်။

အထူးသဖြင့် ကျူရှင်ဆရာမ ဖြစ်ခဲ့ဖူးသူ ကြူကြူလှ ရဲ့ အချစ်တော်အဖြစ် နိုင်ငံခြားစျေးဝယ်ထွက်တာကအစ မဖြစ်မနေ တကောက်ကောက်လိုက်ရတဲ့အထိ အပါးတော်မြဲ ရပါတော့တယ်။

ဒါတင် မကပါဘူး။

လက်ရှိမှာလည်း မအလ အိမ်ကို အချိန်မရွေး ဝင်ထွက်နိုင်တဲ့ မိသားစုဝင်လို အရေးပါသူတဦး ဖြစ်ပါတယ်။

သို့ပေမဲ့ မင်းအောင်လှိုင်ရဲ့ မိသားစုဝင်လို နှစ်ပေါင်း(၂၅)နှစ်ကျော် ရှည်ကြာခိုင်မာပြီး အားကောင်းလှတဲ့ သူတို့ရဲ့ ရင်းနှီးပတ်သတ်မှုကို အောင်မျိုးမင်းဒင် က အမြဲလျှို့ဝှက်ချင်သူပါ။

NLD အစိုးရ လက်ထက်မှာတော့ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

သူကောင်းပြုပုံ

အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခံအရေးယူမှာကို အောင်မျိုးမင်းဒင်က ကြောက်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ သိုသိုသပ်သပ်နေပါတယ်။

ဒါပေမဲ့ မအောင်မြင်ပါဘူး။ ပြဿနာက မင်းအောင်လှိုင် ပါပဲ။

ပုဂံမှာ အောင်မြေနင်းတော့လည်း အောင်မျိုးမင်းဒင် ရဲ့ ဟိုတယ်မှာ တည်းပြပါတယ်။

ဒါ့အပြင် အောင်မျိုးမင်းဒင်ရဲ့ အမ ဖြစ်သူရဲ့ ခင်ပွန်း ( ယောက်ဖတော်စပ်သူ ) ကိုပါ GE တပ်မှာ ဗိုလ်ချုပ်အဆင့် ရာထူး တိုးပေးပြီး မင်းအောင်လှိုင်က သူကောင်းပြုပြပြန်ပါတယ်။

၂၀၂၂ သင်္ကြန်ပွဲတော်ကို ပြင်ဦးလွင်မှာ စီစဉ်ကျင်းပတော့လဲ မင်းအောင်လှိုင်က သူတို့နဲ့ အနီးဆုံး၊ အနောက်ကပ်လျက်မှာ သူ့အတွက် နေရာစီစဉ်ပေးပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေက မင်းအောင်လှိုင်နဲ့ ကြူကြူလှရဲ့ အနီးကပ်ဆုံးလူအဖြစ် အောင်မျိုးမင်းဒင် ကို အဓိက ရိုသေလေးစားပြရပါတယ်။

လက်ရှိမှာ ဘာတွေလုပ်နေသလဲ
👍4
မင်းအောင်လှိုင်ရဲ့ စီးပွားရေးကို ဆက်လက်အကြံပေးဦးဆောင်နေပြီး စကစအဖွဲ့အတွက် အဓိက ဒေါက်တိုင် နေရာက ကျားကန်ဆောင်ရွက်လျက်ရှိပါတယ်။

ပိုပြီး တာဝန်ကျေပွန်နေတာက ကြူကြူလှ ရဲ့ အချစ်တော်လေးအဖြစ် သွားလေရာ တကောက်ကောက်လိုက်နေရတာပဲ။

| လိုအပ်သော အချက်အလက်များရှိရင် Comment မှာ ထပ်မံ ဖြည့်စွက်ရေးသားနိုင်ပါတယ်။ လေ့ာခ်ချထားတဲ့ သူရဲ့ ပရိုဖိုင်ကို Comment မှာ ကြည့်ပါ |

©အောင်နွေထက်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
👍3
ရုရှရောက် အဂါရဝ သာသနာ

ဇူလိုင်(၂၇)ရက် ||| နွေဦးအသံ |||

သီတဂူဘုန်းကြီးရယ်၊ ဦးဆေကိန္ဒရယ်၊ မင်းအောင်လှိုင်တို့ရဲ့ သာသနာပြုလုပ်ငန်းက အောင်မြင်ပါတယ်။

အခုဆို ရုရှတိုင်းရင်းသားကျေးရွာလို့ လူသိများတဲ့ နေရာက ရုပ်ပွားတော်တွေမှာ ဖိနပ်ချွတ်စရာမလိုဘဲ အလှဓါတ်ပုံတွေ ရိုက်နိုင်ကြလို့ ရုရှသူလေးတွေ ပျော်ရွှင်နေကြပါတယ်။

ရပ်တော်မူရုပ်ပွားတော်နဲ့ အတူ ပုံစံမျိုးစုံတွေ့ရတဲ့ ရုရှသူလေးတွေရဲ့ အလှဓါတ်ပုံတွေပါ။

အများအပန်းဖြေလည်ပတ်စရာနေရာမှာမို့ ပေါ့ပေါ့ပါးပါးနေကြတာက သူတို့ အပြစ်မဟုတ်ပါဘူး။

အဂါရဝ ဖြစ်စေတဲ့နေရာမှာ အကုန်အကျခံပြီး သွားတည်ဆောက်တာက မင်းအောင်လှိုင်ရဲ့ သာသနာပြုမင်းဖြစ်လိုတဲ့ အမြော်အမြင်ပဲ ဖြစ်ပါတယ်။

အောင်ပြီ အောင်ပြီ အောင်ပြီ လို့ လက်သီးလက်မောင်းတန်းချင်ပါသလား။
ရုရှနိုင်ငံတော်ကြီး အေးချမ်းသာယာရှိပါစေ လို့ ဆုတောင်းချင်ပါသလား။

ရုရှသူလေးတွေရဲ့ အေးချမ်းပျော်ရွှင်နေတဲ့ဓါတ်ပုံတွေကတော့ ဆိုရှယ်မီဒီယာမှာ လူကြည့်များ အောင်မြင်လို့နေပါတယ်။

©လင်းယုန်နွေ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
👍1