The Voice Of Spring | နွေဦးအသံ |
34K subscribers
31.5K photos
1.32K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
Media is too big
VIEW IN TELEGRAM
ဇွန် ၂၅ ရက်က အကြမ်းဖက် စစ်အုပ်စုကို အထိနာအောင် အပြင်းအထန် တိုက်ခိုက်ခဲ့သည့် ​ဒေါငံခါးရှေ့တန်းစစ်မြေပြင်မှ KNDF တပ်ဖွဲ့ဝင် ရဲဘော်မိုးညိုရဲ့ တိုက်ပွဲအတွေ့အကြုံတွေကို မြေပြင်မှတ်တမ်းနဲ့တကွ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

တင်ဆက်/တည်းဖြတ်©ကျော်ဇေယျ
#thevoiceofspring #feature

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။

https://youtube.com/c/TheVoiceOfSpringTV
Channel name was changed to «The Voice Of Spring | နွေဦးအသံ |»
အကြမ်းဖက် စစ်ကောင်စီ၏ တိုက်လေယာဉ် ထိုင်းဘက်ကို ကျူးကျော်သဖြင့် ထိုင်းရွာသားများနှင့် ကျောင်းသားများ ဗုံးခိုကျင်းထဲ တိမ်းရှောင်နေရ

ဇွန်(၃၀)ရက် | နွေဦးအသံ |

အကြမ်းဖက် စစ်ကောင်စီ လေတပ် တိုက်လေယာဉ် တစီးဟာ ထိုင်းဘက်ခြမ်းကို ကျူးကျော်ပျံသန်းခဲ့ကြောင်း AEC အာဆီယံ ထိုင်းသတင်းက ဖော်ပြသည်။

အကြမ်းဖက် စစ်ကောင်စီတပ် နှင့် KNLA ၊ KNDO ၊ PDF ပူးပေါင်း တပ်ဖွဲ့ တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်နေသည့် ဥကရစ်ထစခန်း ကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်း မှ တိုက်ခိုက်ရင်း ယခု ကဲ့သို့ ထိုင်းဘက်ခြင်းကို ကျူးကျော်ပျံသန်းခဲ့ခြင်းဖြစ်သည်။

မျက်မြင် ဒေသခံများ၏ အဆိုအရ မြန်မာနယ်စပ်ကနေ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ထဲကို ဝင်ရောက် လာကြောင်း သိရသည်။

ယခုကဲ့သို့ အကြမ်းဖက် စစ်ကောင်စီ တိုက်လေယာဉ် ကျူးကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ဝေါ်လေတိုက်နယ် ရှိ စာသင်ကျောင်း တွေအရေးပေါ် ပိတ်ထားလိုက်ရပြီး ရွာသားများလည်း ထွက်ပြေးပုန်းရှောင်နေကြ ပြီး ဗုံးခိုကျင်းများ ထဲကို ဝင်ရောက် တိမ်းရှောင်နေကြရသည်။

မြန်မာ တစ်ဘက်ကမ်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များလည်း ပိုမိုများပြားလျက်ရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက် တွင် ထိုင်းလေပိုင်နက်အတွင်း ထိုင်းတိုက်ခိုက်ရေး ဂျက်လေယာဉ်တစီးဖြင့် စောင့်ကြည့်ပျံသန်းမှုတွေ လုပ်ဆောင်နေကြောင်း သိရပါသည်။

©မျိုးဇော်ဝင်း
ကိုးကား | siamrath.co.th
ဓာတ်ပုံ | AEC
#thevoiceofspring
ဥကရစ်ထစခန်းသို့ စစ်ကူလာသည့် အကြမ်းဖက် စစ်အုပ်စုတပ်မှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးသူ များပြား

ဇွန် ၃၀ ရက် | နွေဦးအသံ |

စစ်အုပ်စုဘက်က Cluster Bomb ခေါ် ထပ်ဆင့်ပေါက်ကွဲစေနိုင်သော ဗုံးများနှင့် လေကြောင်းကတိုက်ခိုက်နေ

ဇွန်၂၉ ရက် ည ၉ နာရီဝန်းကျင်က ဥကရစ်ထစခန်းကို ကူဖို့ လမ်းမကြီးအတိုင်း စစ်ကူ တက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ထက်မနည်း ရှိနိုင်ပြီး လက်နက်တွေလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDO သတင်း အရင်းအမြစ်တွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကူလာတဲ့ အကြမ်းဖက် စစ်အုပ်စုကို KNDO ကော်ဘရာစစ်ကြောင်းက ဇွန် ၂၉ ရက် ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNDO အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်မှူးစလုံးက ပြောပါတယ်။

ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲမှာ စစ်အုပ်စုဘက်က အထိနာနေလို့ ဝေါလေ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ကူပေးနေသလို မြေပြင်ကပါ စစ်ကူပေးပို့ နေရတဲ့ အခြေအနေပါ။

ဒါ့အပြင် ဇွန် ၃၀ ရက် မနက် ၈ နာရီ ဝန်းကျင် ကလည်း စစ်အုပ်စုဘက်က တိုက်လေယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက် ခဲ့ပြီး ထပ်ဆင့်ပေါက်ကွဲစေနိုင်တဲ့ Cluster Bombနဲ့လည်း ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ KNDO သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဥကရစ်ထတပ်စခန်းရဲ့ နေရာ‌ တော်တော်များများကို KNDO ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ခဲ့ပြီး မြေပြင် စစ်ကူမလာနိုင်အောင်လည်း KNDO ပူးပေါင်းတပ်ဖွဲ့တွေက လမ်းအားလုံး ပိတ်ဆို့ထားတာပါ။ နောက်ဆုံးအဆင့် အနေနဲ့ လက်နက်ကြီးကုန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့သာ ကျန်တော့တယ်လို့ မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတဲ့ KNDO စစ်ကြောင်းမှူးထံက သိရပါတယ်။

© ကျော်ဇေယျ
#thevoiceofspring
📣"သွေးစည်းညီညွတ် တော်လှန်ကြ၊ ဘုံရန်သူကို ချေမှုန်းကြ"

အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ကျေးရွာနေ ပြည်သူများ ဦးဆောင်သည့် အရာတော်မြို့နယ် လူထု သပိတ်စစ်ကြောင်း

ဇွန် ၃၀ ရက်၊ ဓာတ်ပုံ©CJ
#thevoiceofspring
ဝက်လက်အခြေစိုက် GZ Special Task Force မှဖြစ်ကြောင်း သိရ

ဇွန် ၃၀ ရက် ||| နွေဦးအသံ |||

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကွန်ဆိပ် ရွာ အနီးတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များ အပါအဝင် ဝက်လက် အခြေစိုက် GZ Special Task Force (Wetlet) အဖွဲ့ ၏ တပ်ဖွဲ့ဝင် PDF ကိုးဦး ကို အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၉ ရက် နေ့လယ်ပိုင်းတွင် အဆိုပါ အမျိုးသမီးငယ်များပါဝင်သည့် အဖွဲ့သည် ရွှေဘိုမြို့နယ်ကို ဖြတ်ကာ အရာတော်မြို့နယ်ထဲသို့ ဆေးသင်တန်း တက်ရောက်ရန် သွားစဉ် လမ်းခရီး၌ အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် ထိပ်တိုက် တွေ့ကာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသမီးငယ်များမှာ အသက် ၁၄ နှစ်အရွယ် မပပခိုင်၊ အသက် ၁၅ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၂၄ နှစ်အရွယ် မနိုင်နိုင်အောင်နဲ့ အသက် ၃၄ နှစ်ရွယ် မသစ်သစ်လှိုင်တို့ ဖြစ်ပြီး သေဆုံးသူ အမျိုးသားတွေကတော့ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်နဲ့ ကိုဘုန်းကျော်၊ အသက် ၂၁ နှစ်အရွယ် ကိုသိန်းသန်းဦးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုး၊ ကိုဖိုးငြိမ်း တို့ ဖြစ်ကြောင်း သိရသည်။

©အောင်နွေထက်
ကိုးကား | RFA
https://t.me/VOStelegram

#thevoiceofspring
ဥကရစ်ထစခန်းသို့ စစ်ကူလာရာလမ်းတွင် တိုက်ခိုက်ခံရပြီး မရှုမလှသေဆုံးခဲ့ရသည့် အကြမ်းဖက်စကစ၏ တပ်မ ၄၄ စစ်ကြောင်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

ဇွန် ၃၀ ရက် ||| နွေဦးအသံ |||
https://t.me/VOStelegram
#thevoiceofspring
အကြမ်းဖက်စစ်အုပ်စု၏ ရိက္ခာသယ်ပို့ယာဉ်ကို KNDF တိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်း ရရှိ

ဇွန်(၃၀)ရက် | နွေဦးအသံ |

အကြမ်းဖက် စစ်အုပ်စုဘက်က တပ်ရေးဗိုလ်ကြီးအပါအဝင် (၄) ဦး သေဆုံး

ဇွန် (၃၀)ရက် မနက်ပိုင်းက လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်မှာ KNDF တပ်ရင်း အမှတ်(၁၀)နဲ့ စစ်အုပ်စုရဲ့ တပ်ရိက္ခာ သယ်ပို့တဲ့ ယာဥ်တစ်စီး ထိပ်တိုက်တွေ့ဆုံပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လောပိတအမှတ်(၂) သင်္ဘောပင်စခန်းနဲ့ ဒန်းဦးဘုရားကျောင်းကြား လမ်းမပေါ်မှာ KNDF တပ်ရင်းအမှတ်(၁၀)က ကင်းလှည့်နေစဥ် တပ်ရိက္ခာသယ်ပို့တဲ့ ကားတစ်စီးနဲ့ တွေဆုံပြီး မိနစ်၂၀အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အကြမ်းဖက် စစ်အုပ်စုဘက်က တပ်ရေးဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်သားနှစ်ဦး သေဆုံးခဲ့ပြီး KNDF ဘက်ကတော့ ထိခိုက် ကျဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ ၉ မမပစ္စတို သေနတ်(၁)လက် ၊ ကျည် (၁၂)တောင့် နဲ့ ဖုန်း (၂)လုံးတို့ကို KNDF ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေနားကို အကြမ်းဖက် စစ်အုပ်စုရဲ့ လောပိတအခြေစိုက် အမှတ်(၇၂)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ လေးအိမ်စုရွာ ထဲကို လက်နက်ကြီးကျရောက်ပြီး နေအိမ်တလုံး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
ကိုးကား | KNDF
https://t.me/VOStelegram
#thevoiceofspring
👍1
ရေမဆေးသမားများကို အဓမ္မခေါ်ဆောင်ကာ ဖိအားပေး ဖျက်ဆီးခိုင်း

ဇွန်(၃၀)ရက် ||| နွေဦးအသံ |||

ဖားကန့် မြိုနယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၏ ချိတ်ပိတ်ခံထားရသည့် နေအိမ်ကို စစ်ကောင်စီတပ်က ဇွန် ၃၀ ရက် ညနေပိုင်းက
လာရောက် ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သည် ရေမဆေးသမားများကို အဓမ္မ ခေါ်ဆောင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းဟိန်း၏ နေအိမ်ကို ဓားဖြင့်ခုတ်ကာ ဖျက်ဆီးခိုင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဦးအောင်မင်းဟိန်း သည် လွတ်မြောက်နယ်မြေတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ကြောင်းသိရပါသည်။

©မျိုးဇော်
ကိုးကား | The 74 Media
https://t.me/VOStelegram
#thevoiceofspring
အကြမ်းဖက် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူများပြီး Cobra စစ်ကြောင်းကို လက်နက်များ အလှူပေးလျက်ရှိ

ဇူလိုင်(၁)ရက် | နွေဦးအသံ |

ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ လေ့ကေ့ကော်‌ဒေသရှိ Cobra Column စစ်ကြောင်းရဲ့ တောင်ကုန်းတစ်ခုပေါ်ကို အကြမ်းဖက်စစ်အုပ်စုဘက်က ဇွန် (၂၉) ရက် ညနေ (၆) နာရီ ဝန်းကျင်က ကျူးကျော်တိုက်ခိုက်လာတယ်လို့ Cobra Columnရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

အကြမ်းဖက် စစ်အုပ်စုဘက်က (၄၀)မမ၊ ၈၁ မမ၊ (၁၂၀) မမ စတဲ့ လက်နက်ကြီး ပစ်ကူတွေ ဆက်တိုက် ပစ်ခတ်ပြီး Cobra Column စစ်ကြောင်းရဲ့ တောင်ကုန်းကို ကျူးကျော် တိုက်ခိုက်လာတာပါ။ ‌

Cobra Columnရဲ့ စစ်သည်တော်တွေနဲ့ အကြမ်းဖက် စစ်အုပ်စုတို့ (၄)နာရီကျော် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ည(၁၀)နာရီ ခွဲဝန်းကျင်မှာ စစ်အုပ်စုဘက်ကအထိနာပြီး ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အထိနာခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုဘက်က မကျေနပ်လို့ ည (၁၁) နာရီ ဝန်းကျင်မှာ အင်အားအလုံးအရင်းနဲ့ ပြန်လည်စုဖွဲ့ပြီး Cobra Column စစ်ကြောင်းကို ထပ်မံထိုးစစ်ဆင်ခဲ့ပေမယ့် စစ်အုပ်စု အထိနာခဲ့လို့ ထပ်ပြီး ဆုတ်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အဲဒီနောက် စစ်အုပ်စု ဘက်က (၁၂၀) မမ လက်နက်ကြီး တွေနဲ့ ‌‌ရွှေညောင်ပင် ကြက်ကင်ကုန်းကနေ ဆက်တိုက် ထပစ်ခတ်ခဲ့လို့ Cobra စစ်သည်တော် ၁ ဦး ကျဆုံးခဲ့ရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က(၂) ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရရှိကာ၊ စစ်အုပ်စုရဲ့ (၆၀) မမ ဗုံးသီး (၄) လုံး၊ (၄၀) မမ ဗုံးသီး(၁)လုံး ၊ RPG ဗုံးသီးတွေနဲ့ ယမ်းတောင့် (၁)တောင့်ကို Cobra Column စစ်ကြောင်းက သိမ်းဆည်း ရခဲ့တယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
ကိုးကား | Cobra Column
#thevoiceofspring
ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်ရမ်းကားမှု ပိုမိုမြင့်တက်လျက်ရှိ

ဇူလိုင်(၁) | နွေဦးအသံ |

ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းပေ ၅၀ လမ်းမပေါ်က စျေးသည်တွေကို အကြမ်းဖက် စစ်အုပ်စုက သေနတ်နဲ့ ချိန်ထွက်သွားခိုင်းပြီး ပစ္စည်းတွေကို လုယူကာ ကားပေါ်တင် ယူဆောင်သွားတဲ့အပြင် မီးရှို့ဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်ကို ဇွန်(၃၀)ရက် ည (၈)နာရီခွဲခန့်က ကျူးလွန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက စစ်ကား ၄စီး‌ လောက်နဲ့ ရောက်လာတာဖြစ်ပြီး စစ်သား ၁၀ ဦးခန့်က စျေးရောင်းချသူတွေကို သေနတ်နဲ့ချိန် ထွက်သွားခိုင်းပြီး ဈေးသည်တွေရဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါလို့ ဒေသခံတွေက ပြောပါတယ်။

"ဈေးဆိုင်တွေကိုဖျက်ဆီးတယ်။‌‌ ဈေးသည်တွေကို သေနတ်နဲ့ချိန် ထွက်သွားခိုင်းတယ်။ ဆူညံ‌နေတာပဲ။ ထွက်ပြေးတဲ့သူတွေက ပြေးတယ်။ တချို့ပစ္စည်းတွေကို မီးရှို့တယ်။ တချို့ဟာတွေကျ ကားပေါ်တင်ယူသွားတယ်"

လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။

ဒါ့အပြင် အသစ်ဖွင့်လှစ်ထားတဲ့ လျှပ်စစ်ပစ္စည်းဆိုင်က ပစ္စည်းတော်တော်များများကိုလည်း အကြမ်းဖက် စစ်အုပ်စုက လုယူသွားပြီး လှည်းတန်း ပေ ၅၀ လမ်းမပေါ်က ဈေးဆိုင်ပေါင်း တရာနီးပါးကို ဖျက်ဆီးထားတယ်လို့
မျက်မြင် တွေရှိသူတဦးရဲ့ အဆိုအရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း လှည်းတန်းလမ်းမကြီးတလျှောက် ဈေးမရောင်းဖို့ အကြမ်းဖက်စစ်အုပ်စုက လိုက်လံကြေညာထားခဲ့တာပါ။

လှည်းတန်းပေ ၅၀ လမ်းပေါ်မှာ လူငယ်တချို့က လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပြီး စျေးသူစျေးသားတွေက လက်ခုပ်တီး အားပေးခဲ့တဲ့ အပြင် လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ပြသခဲ့ကြ တယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
https://t.me/VOStelegram
#thevoiceofspring
မြင်းမူတွင် အကြမ်းဖက် စစ်တပ်၏ ၁၂ ဘီးကား မိုင်းခွဲခံရ

ဇူလိုင်(၂)ရက် | နွေဦးအသံ |

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တော နှင့် ဘိုးမင်းကြီးအကြားတွင် အကြမ်းဖက် စစ်ကောင်စီ များ လိုက်ပါလာသည့် ၁၂ ဘီးကားကို PDF အဖွဲ့မှ ယနေ့ နံနက် ၇နာရီ ၄၀ခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်း ကို မြင်းမူမြို့ပြ- တော်လှန်ရေးအဖွဲ့-CRF နှင့် မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ မိုင်း ၁၀ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ပြီးနော်က ပြည်သူ့ ကာကွယ်ရေး ရဲဘော်များသည် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

©အောင်နွေထက်
ကိုးကား |မြင်းမူမြို့ပြ- တော်လှန်ရေးအဖွဲ့-CRF
https://t.me/VOStelegram
#thevoiceofspring
ဖမ်းဆီးထားသူများကို မည်သည့်နေရာတွင် ထားရှိမှန်းမသိရ

ဇူလိုင်(၂)ရက် | နွေဦးအသံ |

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ထဲက အပြစ်မဲ့ ပြည်သူ ၁၄ဦးကို အကြမ်းဖက် စစ်အုပ်စုက တပတ်အတွင်း ဖမ်းဆီးထားတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာ ၃ ရွာက အမျိုးသမီးနှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ဦးကို စစ်အုပ်စုက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ရွာငံ ဒေသခံ‌ တွေက ပြောပါတယ်။

ရွာငံမြို့နယ် ၊ဆင်ဆာပြားရွာက အမျိုးသား ၉ ဦး၊ အုတ်တွင်းရွာက အမျိုးသား ၃ ဦးနဲ့ ထန်းလျှောက်ရွာက အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၄ ဦး ကို စစ်အုပ်စုက ဖမ်းဆီးထားတာပါ။

ဒါ့အပြင် ရွာငံမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး NLD လွှတ်တော်အမတ်အပါအဝင် အပြစ်မဲ့ ပြည်သူ ၅၀ကျော်ကိုလည်း စစ်အုပ်စုက ဖမ်းဆီးထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးထားသူတွေကို ကလောအချုပ်ထောင်မှာ ခေါ်ယူစစ်‌ဆေးလေ့ရှိသော်လည်း အခု ဖမ်းဆီးခံထားရသူ ၁၄ ဦးကိုတော့ ဘယ်မှာထားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ ရွာငံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပြင် တောင်ကြီးနဲ့ ပင်းတယပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလည်း ပူးပေါင်းလှုပ်ရှားနေတယ်လို့ သိရပါတယ်။

©နွေသူရ
ကိုးကား | RFA
https://t.me/VOStelegram
#thevoiceofspring