The Voice Of Spring | နွေဦးအသံ |
34.1K subscribers
31.4K photos
1.32K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် ကြီးမြတ်စွာ အသက်ပေးခဲ့ကြသည့် ရဲဘော်များ နှင့် ၎င်းတို့ ၏ မိသားစုများအတွက် လူသားချင်းစာနာမှု အကူညီများ ပေးအပ်

ဇူလိုင်(၈)ရက် | နွေဦးအသံ |

နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများထံသို့လည်း ထောက်ပံ့မှုများပြုလုပ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်း စာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်ကောင်စီ ၏ ဖိနှိပ်မှုများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် ပြည်သူများ ၊ အသက်ဆုံးရှုံးထိခိုက်ခံစားရသည့် ပြည်သူများ နှင့် တော်လှန်ရေးကာလအတွင်း ကြီးမြတ်စွာ အသက်ပေးခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ နှင့် ၎င်းတို့ ၏ ကျန်ရစ်သူ မိသားစုများအတွက် လူသားချင်းစာနာမှု အထောက်အပံ့ အကူညီများ ပေးအပ်လျက်ရှိကြောင်းသိရသည်။

ယင်းသို့ အထောက်အပံ့အကူအညီများ ပေးအပ်လျက်ရှိရာတွင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်းများ နှင့် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဒေသများသို့ ထောက်ပံ့မှု မှတ်တမ်းများကို NUG မှ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

NUG အစိုးရအနေဖြင့် ၎င်း ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန် စေတနာများဖြင့် လှူဒါန်း ပေးကြသော ပြည်တွင်း၊ ပြည်ပ အလှူရှင် ပြည်သူများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

©မျိုးဇော်
Photo | National Unity Government of Myanmar
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
👍1
အာဏာသိမ်းစစ်အုပ်စုရဲ့ တမူးမြို့အကြမ်းဖက်မှုက ဒေသတွင်းနိုင်ငံရှိ လူသားမျိုးနွယ်စုရဲ့ ငြိမ်းချမ်းလုံခြုံမှုကိုပါ ခြိမ်းခြောက်လာသည်အထိ မီးမောင်းထိုးပြလျက်ရှိ

ဇူလိုင်(၉)ရက် | နွေဦးအသံ |

တရားမျှတမှုရရှိရေး အသတ်ခံရသူများရဲ့ မိသားစုဝင်များနဲ့ ပူးပေါင်းဆောင်ရွက်ရန် NUG အစိုးရ အသင့်ရှိ

တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ကိစ္စဟာ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိပါးလာတဲ့သက်သေလို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆိုပါတယ်။

တမူးမြို့ရဲ့ ပျူစောထီးခေါင်းဆောင် မောင်လေးဝင်းရဲ့ ညွှန်ကြားချက်အောက်မှာ အလုပ်လုပ်နေတဲ့ ပျူစောထီးအဖွဲ့ဝင် ဖိုးစိန်နဲ့ ဇော်ရဲ တို့ရဲ့ လက်ချက်လို့ သက်ဆိုင်ရာမြို့နယ်တွေရဲ့ တင်ပြချက်ကို NUG အစိုးရက အတည်ပြုထည့်သွင်းဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံသား Mr. P. Mohan နဲ့ Mr Aiyanar တို့ နှစ်ဦး တရားမျှတမှုရရှိနိုင်ရေးအတွက် NUG အစိုးရအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း အဆင့်သင့်ရှိနေပါတယ်။

ဇူလိုင် (၅) ရက်၊ နေ့လယ် (၁) နာရီဝန်းကျင်က တမူးမြို့၊ စော်ဘွားရပ်ကွက်၊ အမက (၄) ကျောင်း အနီးမှာ အိန္ဒိယနိုင်ငံသား (၂)ဦးကို ပျူစောထီးတွေက သတ်ဖြတ်ခဲ့ပြီး သေဆုံး‌သူတွေရဲ့ ရုပ်အလောင်းကို ကျန်ရစ်သူ မိသားစုတွေကို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းမရှိဘဲ မီးသဂြိုဟ်ခဲ့တာပါ။

ဒီဖြစ်ရပ်က မြန်မာ့အရေးကိစ္စဟာ ပြည်တွင်းရေးကိစ္စ သက်သက် မဟုတ်တော့ဘူးဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ အိန္ဒိယ နိုင်ငံ၊ ထိုင်းနိုင်ငံတို့က ပိုပြီး နီးကပ်တဲ့ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ကြတာပါ။

ထိုင်းနိုင်ငံရဲ့ လေပိုင်နက်ထဲအထိ တိုက်လေယာဉ်ဝင်ရောက်ပြီး အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အပေါ် ဖြစ်ရိုးဖြစ်စဉ်တခုလို ထိုင်းဝန်ကြီးချုပ်က သဘောထားတဲ့အတွက် ထိုင်းလွှတ်တော်မှာ စုံးစမ်းစစ်ဆေးဖို့ တောင်းဆိုနေကြပါတယ်။

အိန္ဒိယအစိုးရကရော တမူးမြို့အကြမ်းဖက်ခံရမှုကို ဘယ်လိုတုန့်ပြန်နိုင်ပါသလဲ။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ရှိကြတဲ့ လူသားမျိုးနွယ်စုတရပ်လုံးရဲ့ လုံခြုံငြိမ်းချမ်းရေးကိုပါ ထိပါးလာတဲ့အတွက် လူသားတိုင်းကာကွယ်တားဆီးရမဲ့ အရေးကိစ္စတခု ဖြစ်တယ်လို့ ဇူလိုင်(၈)ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပြီ ဖြစ်ပါတယ်။

©ကျော်ဇေယျ
ဓါတ်ပုံ | အသတ်ခံရသူနှစ်ဦး
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
👍1
မင်းပြားမြို့နယ်မှာ စစ်ပြင်နေပြီလား

ဇူလိုင်(၉)ရက် | နွေဦးအသံ |

ပန်းမြောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက တာရှည်ခံ အစားအစာနဲ့ ဆေးဝါးတွေ ရုတ်တရက် စုဆောင်းနေ

အကြမ်းဖက် စစ်အုပ်စုက တာရှည်ခံ အစားအစာနဲ့ ဆေးဝါးတွေ ရုတ်တရက် စုဆောင်းနေတာကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းဒေသခံ‌တွေက သတိထားမိနေပါတယ်။

ရိက္ခာစုဆောင်းနေတဲ့တပ်ဖွဲ့က ပန်းမြောင်းရဲ့ အောင်မင်္ဂလာတောင်ထိပ်ပေါ်မှာ အင်အား (၁၀၀) ဝန်းကျင်နဲ့ တပ်စွဲထားတာပါ။

တပ်ဖွဲ့အင်အား (၃၀) ကနေ (၄၀) အထိ တောင်ထိပ်ကနေ ဆင်းလာပြီး ရိက္ခာတွေကို အပြောင်းအရွေ့ လုပ်နေတာက ပုံမှန်အခြေအနေမဟုတ်ပါဘူး။

ယခင်က ရိက္ခာဝယ်ယူတဲ့အခါ လက်နက်အပြည့်အစုံနဲ့ တပ်သား ၂၀ လောက်သာ စျေးဝယ်ဖို့ ဆင်းလာကြပေမဲ့ အခုရက်ပိုင်းအတွင်း စစ်အုပ်စု တပ်သား ၄၀ လောက်က ရိက္ခာတွေကို နေ့စဉ် ဝယ်ယူ စုဆောင်းနေကြတယ်လို့ သိရပါတယ်။

©အောင်နွေထက်
ဓါတ်ပုံ | စကစတပ်ဖွဲ့ဝင်များ
ကိုးကား | Western News-WN
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
👍1
ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရတဲ့ သံဃသမဂ္ဂသပိတ်မှ ဆရာတော်များကို ထောင်ဒဏ်(၃)နှစ်ချမှတ်

ဇူလိုင်(၉)ရက် | နွေဦးအသံ |

မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းက ဆရာတော်(၅)ပါးနဲ့ ကျောင်းသား(၃)ဦးတို့ကို ထောင်ဒဏ်(၃)နှစ်စီ ချမှတ်ခဲ့ပါတယ်။

အဖမ်းဆီးခံရပြီး (၁၀)လအကြာမှာ ပုဒ်မ ၅၀၅(က)နဲ့ စစ်အုပ်စုရဲ့ အိုးဘိုထောင်တရားရုံးက အမိန့်ချလိုက်တာပါ။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် ဆရာတော် ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦး​ရေဝတ နဲ့ ဦးဝီရိယဓမ္မ တို့အပါအဝင် ကို​ဌေးလွင်စိုး၊ ကိုရှိုင်း​အောင်နှင့် ကိုဝင်းမင်း တို့ကို အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ ခုနှစ် အောက်တိုဘာ (၂)ရက်မှာ ကားနဲ့ တိုက်ပြီး ဖမ်းဆီးခဲ့ကြတာပဲ ဖြစ်ပါတယ်။

©လင်းယုန်နွေ
ဓါတ်ပုံ | ဖမ်းဆီးခံခဲ့ရစဉ်က
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
တရားမဝင်ဖွဲ့စည်းသည့် UEC ၏ ဆောင်ရွက်သည့် မည်သည့်ကိစ္စကိုမျှ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အနေဖြင့် လုံးဝအသိအမှတ်မပြု၊ လက်ခံမည် မဟုတ်

ဇူလိုင်(၉)ရက် | နွေဦးအသံ |

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိ

ကြေညာချက်အပြည့်အစုံမှာ-

၁။ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း (၁၁၇၁) နယ်ရှိရာ (၁၁၁၇) နယ်တွင် ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ (၃၈,၂၇၁,၄၄၇)ဦးရှိရာတွင် ပြည်သူ့လွှတ်တော်တွင် (၂၇,၅၁၂,၈၅၅)ဦး၊ အမျိုးသားလွှတ်တော်တွင်(၂၇၄၉၅၅၅၅)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် (၃၀၄၅၉၁၁၃)ဦး လာရောက်မဲပေးခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် (၇၁)ရာခိုင်နှုန်းကျော်ခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံး၏(၈၂.၃၆)ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရပါသည်။

၂။ မြန်မာပြည်သူတို့သည် ကိုဗစ်၁၉ ကပ်ရောဂါကိုရင်ဆိုင်ပြီး မိမိတို့ဆန္ဒကို ရဲရင့်စွန့်စား ဖေါ်ထုတ်ခဲ့ကြပါသည်။ နိုင်ငံတကာသံတမန်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။တရားဝင်ဖွဲ့စည်းထားရှိပြီး၊ ရွေးကောက်ပွဲနှင့်ပတ်သက် ၍ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်အား တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလဒ်သည်သာ ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ဆင့်လွှဲအာဏာကို အကြွင်းမဲ့ လက်ခံယုံကြည် ကိုင်ဆွဲထားပါသည်။

၃။ သို့ရာတွင် စစ်ခေါင်းဆောင်တစ်စု၏ ပြည်သူ့ဆန္ဒကိုလစ်လျူရှုကာ အဓမ္မအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်မှုကြောင့် ပြည်သူလူထုတစ်ရပ်လုံးမှ စစ်ကောင်စီကိုဆန့်ကျင်တော်လှန်မှုများ နိုင်ငံတစ်ဝှမ်းလုံးပေါ်ပေါက်ခဲ့ပြီး တိုင်းပြည်အခြေအနေမှာ လွန်စွာဆိုးဝါးလှသောအခြေအနေသို့ ရောက်ရှိနေစဉ် စစ်ကောင်စီသည် ပြည်သူလူထုနှင့်နိုင်ငံတကာကိုလှည့်စားရန် နောက်ထပ်ရွေးကောက်ပွဲတစ်ခုကို ကျင်းပရန် ကြံစည် အားထုတ်နေသည်ကို ကြားသိနေရပါသည်။

၄။ အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိ သည်သာမက နိုင်ငံတော်သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိပါသဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်)သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိပါသဖြင့် မိမိတို့အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အနေဖြင့် လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

၂၀၂၂ ခုနှစ် ဇွန်လ(၂၅)ရက်နေ့တွင်ကျင်းပသော ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီ ဝင်များ၊ တိုင်း/ပြည်နယ်တာဝန်ခံများ အစည်းအဝေး (၂၅/၂၀၂၂) ဆုံးဖြတ်ချက်အရ။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
👍3
တာဝန်ထမ်းဆောင်အပြီး ရှေ့တန်းက စခန်းကို ပြန်လာသည့် ကျားဖြူတပ်ခွဲ၏ မြင်ကွင်းများ

ဇူလိုင် ၉ ရက်၊ ဓာတ်ပုံ©ကျားဖြူတပ်ခွဲ
#thevoiceofspring
3
Media is too big
VIEW IN TELEGRAM
လေပိုင်နက်ကျူးကျော်မှုအတွက် ထိုင်းက အကြမ်းဖက်စစ်အုပ်စုထံ လျော်ကြေးတောင်း

ရုပ်သံသတင်းတို ( ၁ မိနစ် )
ဇူလိုင်(၁၀)ရက် ||| နွေဦးအသံ |||
©The Voice Of Spring
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
👍1