◼ထိုင်းနှင့် မြန်မာ စစ်အာဏာရှင်များက အာဆီယံနှင့် ဒေသတွင်း လူသားမျိုးနွယ်ထုအတွက် ခြိမ်းခြောက်မှုဖြစ်လာဟုဆို
ဇူလိုင်(၈)ရက်| နွေဦးအသံ |
အကြမ်းဖက် စစ်အုပ်စုရဲ့ ဂျက်တိုက်လေယာဉ်တစီး ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ပြီး ကရင်ပြည်နယ်ထဲကို ဗုံးကြဲခဲ့တဲ့ ဖြစ်ရပ်မှာ အကြမ်းဖက် စစ်အုပ်စု နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ကရင်လူမျိုး တွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက်နဲ့ ကြံစည်မှု ရှိ၊မရှိ စုံစမ်းစစ်ဆေးဖို့ ထိုင်းတက်ကြွလှုပ်ရှားသူအဖွဲ့တွေက ထိုင်းလွှတ်တော်မှာ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ထိုင်းအခြေစိုက် The Democracy Group ဆိုတဲ့အဖွဲ့နဲ့ နွန်သာဘူရီ မျိုးဆက်သစ်ကွန်ရက်အဖွဲ့တို့ ပူးပေါင်းပြီး ထိုင်းလွှတ်တော်အမတ်တွေကို တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင် ၇ ရက်က ဖော်ပြထားပါတယ်။
ဇွန် (၃၀)ရက်က တာ့ခ်ခရိုင်၊ ပုပ္ဖရမြို့နယ်မှာ စစ်အုပ်စုရဲ့ မစ်-၂၉ တိုက်လေယာဉ် ပျံဝဲတဲ့ ဖြစ်ရပ်ဟာ ကရင်တိုင်းရင်းသားတွေကို လူမျိုးရေးအရ ရှင်းလင်းဖို့ စစ်အုပ်စုနဲ့ထိုင်းအာဏာပိုင်တွေ ပူးပေါင်းကြံစည်တာ ဖြစ်နိုင်တယ်လို့ ထိုင်း တက်ကြွလှုပ်ရှားသူ အဖွဲ့(၂)ဖွဲ့ က သံသယရှိနေတာပါ။
အကြမ်းဖက် စစ်အုပ်စုနဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းကြံစည်မှု ရှိခဲ့တယ် ဆိုရင်တော့ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့လည်း အဲဒီအဖွဲ့တွေက ပြောပါတယ်။
ဇွန် ၂၉ ရက် မှာ ထိုင်းစစ်တပ်ရဲ့ ဒု-ဗိုလ်ချုပ်ကြီး အပီချက် ဆူဆက် (Apichet Suesat) က နေပြည်တော်ကို နယ်စပ်ဒေသကော်မတီအစည်းအဝေးတက်ဖို့ ရောက်နေတာကို ထောက်ပြပြီး မြန်မာနဲ့ ထိုင်း အာဏာပိုင်တွေ ပူးပေါင်းကြံစည်မှု ရှိနိုင်တယ်လို့ Democracy Group အဖွဲ့က ဆုမ်ရော့ ပရွတ်ဆာခါဆမ်ဆွတ် (Somyot Pruksakasemsuk) က ပြောဆိုထားတယ်လို့ သိရပါတယ်။
©နွေသူရ
ကိုးကား | RFA
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၈)ရက်

Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
◼ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ညွှန်းကိန်း (၅) နဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိ
ဇူလိုင်(၈)ရက်| နွေဦးအသံ |
◼ စစ်အုပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ အဆင့်သတ်မှတ်ချက် ညွှန်းကိန်း ကျဆင်းမှုအများဆုံးနိုင်ငံအဖြစ် မြန်မာ ရပ်တည်
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ညွှန်းကိန်း ၅ နဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ Article 19 ရဲ့ ၂၀၂၂ ကမ္ဘာ့ထုတ်ဖော်ခွင့် အစီရင်ခံစာ (Global Expression Report)မှာ ဖော်ပြထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Article 19 ရဲ့ အစီရင်ခံစာအရ လွတ်လပ်စွာဆွေးနွေးပြောဆိုခွင့်၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောဆိုရင် ဖမ်းဆီးတာတွေအပါအဝင် အချက် ၇ ချက်ကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ညွှန်းကိန်းတွေ ကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အာပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၁ခုနှစ်မှာလည်း ညွှန်းကိန်းတွေအရ ကမ္ဘာပေါ်မှာ တစ်ရှိန်ထိုးဆုတ်ယုတ်ကျဆင်းမှုအများဆုံးနိုင်ငံဖြစ်ခဲ့တာပါ။
နိုင်ငံရေးကြောင့် သတ်ဖြတ်တာတွေ ၊ စာနယ်ဇင်းသမားတွေကို အနှောက်အယှက်ပြု တာတွေ၊ လွတ်လပ်စွာစုဝေးခွင့်၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်တာတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအပေါ် ဖိနှိပ် တာတွေကြောင့် အခုလို ကမ္ဘာပေါ်က ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကျဆင်းမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
©ကျော်ဇေယျ

◼ Cobraစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က အရာရှိတဦး၊ဆေးမှူးတဦးအပါအဝင် အနည်းဆုံး (၅)ဦး သေဆုံး
ဇူလိုင်(၈)ရက်| နွေဦးအသံ |
◼ အကြမ်းဖက်စစ်အုပ်စုက Cobra စစ်ကြောင်းကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်မှု လုံးဝ မရှိ
အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်တွေနဲ့ ဗိုလ်မုတ်သုန် ဦးစီးတဲ့ BGF နယ်ခြားစောင့်တပ် အင်အား (၁၀၀) ဝန်းကျင်က မြဝတီ - ဝေါ်လေကားလမ်းတလျောက် နေရာတွေကို ကျူးကျော်ဖို့ ကြိုးစားလာလို့ Cobra စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်အုပ်စုဘက်က အရာရှိတဦး၊ဆေးမှူးတဦးအပါအဝင် အနည်းဆုံး (၅)ဦး သေဆုံးခဲ့တယ်လို့ Cobra Column ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင် (၇) ရက်မှာတော့ အကြမ်းဖက် စစ်အုပ်စုက ဖလူးလေး၊ ဖလူးကြီးဒေသမှာအင်အား စုဖွဲ့ကာ စစ်ကြောင်းထိုး လာတာဖြစ်ပြီး မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ အရောက် မှာတော့ လုံခြုံရေး ရယူထားတဲ့ Cobra စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ဇူလိုင် (၈) ရက် မနက် (၉) မှာတော့ အကြမ်းဖက် စစ်အုပ်စုရဲ့ ဗိုလ်ကြီးတဦး၊ ဆေးမှူး တဦး အပါအဝင် အလောင်း (၅) လောင်း တွေ့ရှိခဲ့ပြီး အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရနိုင်တယ်လို့ Cobra Columnက တရားဝင်ထုတ်ပြန်ထားတာပါ။
အထိနာခဲ့တဲ့ စစ်အုပ်စုက ဇူလိုင်(၈) ရက် နံနက် (၄)နာရီခွဲ ဝန်းကျင်မှာ လေ့ကေ့ကော်ဒေသရှိ Cobra စစ်ကြောင်း လုံခြုံရေး ရယူထားတဲ့ တောင်ကုန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ Cobra စစ်သည်တွေ ထိခိုက်မှု လုံးဝ မရှိခဲ့ပါဘူး။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ MA -1 တလက်၊ (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါ ဗုံးသီး တလုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေကိုလည်း Cobra Column စစ်ကြောင်းက သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
©အောင်နွေထက်

❤1
◼ အမ်မီလိုင်းကျေးရွာမှာ စစ်အုပ်စု ပိတ်မိပြီး အထိနာလျက်ရှိ
ဇူလိုင်(၈)ရက်| နွေဦးအသံ |
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ အမ်မီလိုင်းကျေးရွာမှာ (၂)ရက် ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။
ဇူလိုင်(၆)ရက် နံနက်ပိုင်းမှာ တကြိမ်၊ ဇူလိုင် (၇)ရက် နံနက်ပိုင်းမှာ တကြိမ်ပါ။
အမ်မီလိုင်းကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ(၃၀၄)တပ်ရင်းကို ဒေသခံ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF –Matupi၊ CDF- Zauang တို့က မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ အဖြစ် စုဖွဲ့ပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ပွဲက ပြင်းထန်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က (၇)ဦးခန့် သေဆုံးနိုင်ပါတယ်။ ဒဏ်ရာရသူလည်း များပြားပါတယ်။ ပြီးတော့ လက်ရှိအချိန်ထိ ကျေးရွာထဲကနေ ထွက်မရသေးဘဲ စစ်အုပ်စုဟာ ပိတ်မိနေတယ်လို့ သိရပါတယ်။

👍2
◼ အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် ကြီးမြတ်စွာ အသက်ပေးခဲ့ကြသည့် ရဲဘော်များ နှင့် ၎င်းတို့ ၏ မိသားစုများအတွက် လူသားချင်းစာနာမှု အကူညီများ ပေးအပ်
ဇူလိုင်(၈)ရက်| နွေဦးအသံ |
◼နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများထံသို့လည်း ထောက်ပံ့မှုများပြုလုပ်နိုင်ခဲ့
အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်း စာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်ကောင်စီ ၏ ဖိနှိပ်မှုများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် ပြည်သူများ ၊ အသက်ဆုံးရှုံးထိခိုက်ခံစားရသည့် ပြည်သူများ နှင့် တော်လှန်ရေးကာလအတွင်း ကြီးမြတ်စွာ အသက်ပေးခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ နှင့် ၎င်းတို့ ၏ ကျန်ရစ်သူ မိသားစုများအတွက် လူသားချင်းစာနာမှု အထောက်အပံ့ အကူညီများ ပေးအပ်လျက်ရှိကြောင်းသိရသည်။
ယင်းသို့ အထောက်အပံ့အကူအညီများ ပေးအပ်လျက်ရှိရာတွင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်းများ နှင့် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဒေသများသို့ ထောက်ပံ့မှု မှတ်တမ်းများကို NUG မှ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
NUG အစိုးရအနေဖြင့် ၎င်း ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန် စေတနာများဖြင့် လှူဒါန်း ပေးကြသော ပြည်တွင်း၊ ပြည်ပ အလှူရှင် ပြည်သူများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
©မျိုးဇော်
Photo | National Unity Government of Myanmar
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၈)ရက်
◼နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများထံသို့လည်း ထောက်ပံ့မှုများပြုလုပ်နိုင်ခဲ့
အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်း စာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်ကောင်စီ ၏ ဖိနှိပ်မှုများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် ပြည်သူများ ၊ အသက်ဆုံးရှုံးထိခိုက်ခံစားရသည့် ပြည်သူများ နှင့် တော်လှန်ရေးကာလအတွင်း ကြီးမြတ်စွာ အသက်ပေးခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ နှင့် ၎င်းတို့ ၏ ကျန်ရစ်သူ မိသားစုများအတွက် လူသားချင်းစာနာမှု အထောက်အပံ့ အကူညီများ ပေးအပ်လျက်ရှိကြောင်းသိရသည်။
ယင်းသို့ အထောက်အပံ့အကူအညီများ ပေးအပ်လျက်ရှိရာတွင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်းများ နှင့် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဒေသများသို့ ထောက်ပံ့မှု မှတ်တမ်းများကို NUG မှ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
NUG အစိုးရအနေဖြင့် ၎င်း ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန် စေတနာများဖြင့် လှူဒါန်း ပေးကြသော ပြည်တွင်း၊ ပြည်ပ အလှူရှင် ပြည်သူများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
©မျိုးဇော်
Photo | National Unity Government of Myanmar
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
👍1
◼အာဏာသိမ်းစစ်အုပ်စုရဲ့ တမူးမြို့အကြမ်းဖက်မှုက ဒေသတွင်းနိုင်ငံရှိ လူသားမျိုးနွယ်စုရဲ့ ငြိမ်းချမ်းလုံခြုံမှုကိုပါ ခြိမ်းခြောက်လာသည်အထိ မီးမောင်းထိုးပြလျက်ရှိ
ဇူလိုင်(၉)ရက်| နွေဦးအသံ |
◼ တရားမျှတမှုရရှိရေး အသတ်ခံရသူများရဲ့ မိသားစုဝင်များနဲ့ ပူးပေါင်းဆောင်ရွက်ရန် NUG အစိုးရ အသင့်ရှိ
တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ကိစ္စဟာ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိပါးလာတဲ့သက်သေလို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆိုပါတယ်။
တမူးမြို့ရဲ့ ပျူစောထီးခေါင်းဆောင် မောင်လေးဝင်းရဲ့ ညွှန်ကြားချက်အောက်မှာ အလုပ်လုပ်နေတဲ့ ပျူစောထီးအဖွဲ့ဝင် ဖိုးစိန်နဲ့ ဇော်ရဲ တို့ရဲ့ လက်ချက်လို့ သက်ဆိုင်ရာမြို့နယ်တွေရဲ့ တင်ပြချက်ကို NUG အစိုးရက အတည်ပြုထည့်သွင်းဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံသား Mr. P. Mohan နဲ့ Mr Aiyanar တို့ နှစ်ဦး တရားမျှတမှုရရှိနိုင်ရေးအတွက် NUG အစိုးရအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း အဆင့်သင့်ရှိနေပါတယ်။
ဇူလိုင် (၅) ရက်၊ နေ့လယ် (၁) နာရီဝန်းကျင်က တမူးမြို့၊ စော်ဘွားရပ်ကွက်၊ အမက (၄) ကျောင်း အနီးမှာ အိန္ဒိယနိုင်ငံသား (၂)ဦးကို ပျူစောထီးတွေက သတ်ဖြတ်ခဲ့ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ကျန်ရစ်သူ မိသားစုတွေကို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းမရှိဘဲ မီးသဂြိုဟ်ခဲ့တာပါ။
ဒီဖြစ်ရပ်က မြန်မာ့အရေးကိစ္စဟာ ပြည်တွင်းရေးကိစ္စ သက်သက် မဟုတ်တော့ဘူးဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ အိန္ဒိယ နိုင်ငံ၊ ထိုင်းနိုင်ငံတို့က ပိုပြီး နီးကပ်တဲ့ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ကြတာပါ။
ထိုင်းနိုင်ငံရဲ့ လေပိုင်နက်ထဲအထိ တိုက်လေယာဉ်ဝင်ရောက်ပြီး အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အပေါ် ဖြစ်ရိုးဖြစ်စဉ်တခုလို ထိုင်းဝန်ကြီးချုပ်က သဘောထားတဲ့အတွက် ထိုင်းလွှတ်တော်မှာ စုံးစမ်းစစ်ဆေးဖို့ တောင်းဆိုနေကြပါတယ်။
အိန္ဒိယအစိုးရကရော တမူးမြို့အကြမ်းဖက်ခံရမှုကို ဘယ်လိုတုန့်ပြန်နိုင်ပါသလဲ။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ရှိကြတဲ့ လူသားမျိုးနွယ်စုတရပ်လုံးရဲ့ လုံခြုံငြိမ်းချမ်းရေးကိုပါ ထိပါးလာတဲ့အတွက် လူသားတိုင်းကာကွယ်တားဆီးရမဲ့ အရေးကိစ္စတခု ဖြစ်တယ်လို့ ဇူလိုင်(၈)ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပြီ ဖြစ်ပါတယ်။
©ကျော်ဇေယျ
ဓါတ်ပုံ | အသတ်ခံရသူနှစ်ဦး
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၉)ရက်

◼မင်းပြားမြို့နယ်မှာ စစ်ပြင်နေပြီလား
ဇူလိုင်(၉)ရက်| နွေဦးအသံ |
◼ပန်းမြောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက တာရှည်ခံ အစားအစာနဲ့ ဆေးဝါးတွေ ရုတ်တရက် စုဆောင်းနေ
အကြမ်းဖက် စစ်အုပ်စုက တာရှည်ခံ အစားအစာနဲ့ ဆေးဝါးတွေ ရုတ်တရက် စုဆောင်းနေတာကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းဒေသခံတွေက သတိထားမိနေပါတယ်။
ရိက္ခာစုဆောင်းနေတဲ့တပ်ဖွဲ့က ပန်းမြောင်းရဲ့ အောင်မင်္ဂလာတောင်ထိပ်ပေါ်မှာ အင်အား (၁၀၀) ဝန်းကျင်နဲ့ တပ်စွဲထားတာပါ။
တပ်ဖွဲ့အင်အား (၃၀) ကနေ (၄၀) အထိ တောင်ထိပ်ကနေ ဆင်းလာပြီး ရိက္ခာတွေကို အပြောင်းအရွေ့ လုပ်နေတာက ပုံမှန်အခြေအနေမဟုတ်ပါဘူး။
ယခင်က ရိက္ခာဝယ်ယူတဲ့အခါ လက်နက်အပြည့်အစုံနဲ့ တပ်သား ၂၀ လောက်သာ စျေးဝယ်ဖို့ ဆင်းလာကြပေမဲ့ အခုရက်ပိုင်းအတွင်း စစ်အုပ်စု တပ်သား ၄၀ လောက်က ရိက္ခာတွေကို နေ့စဉ် ဝယ်ယူ စုဆောင်းနေကြတယ်လို့ သိရပါတယ်။
©အောင်နွေထက်
ဓါတ်ပုံ | စကစတပ်ဖွဲ့ဝင်များ
ကိုးကား | Western News-WN

◼ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရတဲ့ သံဃသမဂ္ဂသပိတ်မှ ဆရာတော်များကို ထောင်ဒဏ်(၃)နှစ်ချမှတ်
ဇူလိုင်(၉)ရက်| နွေဦးအသံ |
မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းက ဆရာတော်(၅)ပါးနဲ့ ကျောင်းသား(၃)ဦးတို့ကို ထောင်ဒဏ်(၃)နှစ်စီ ချမှတ်ခဲ့ပါတယ်။
အဖမ်းဆီးခံရပြီး (၁၀)လအကြာမှာ ပုဒ်မ ၅၀၅(က)နဲ့ စစ်အုပ်စုရဲ့ အိုးဘိုထောင်တရားရုံးက အမိန့်ချလိုက်တာပါ။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် ဆရာတော် ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးရေဝတ နဲ့ ဦးဝီရိယဓမ္မ တို့အပါအဝင် ကိုဌေးလွင်စိုး၊ ကိုရှိုင်းအောင်နှင့် ကိုဝင်းမင်း တို့ကို အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ ခုနှစ် အောက်တိုဘာ (၂)ရက်မှာ ကားနဲ့ တိုက်ပြီး ဖမ်းဆီးခဲ့ကြတာပဲ ဖြစ်ပါတယ်။
©လင်းယုန်နွေ
ဓါတ်ပုံ | ဖမ်းဆီးခံခဲ့ရစဉ်က