The Voice Of Spring | နွေဦးအသံ |
34.1K subscribers
31.4K photos
1.32K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
အကြမ်းဖက် စစ်အုပ်စု စနိုက်ပါနှင့် ပစ်ခတ်ခံရပြီး စစ်သား(၃)ဦးသေဆုံး

ဇူလိုင်(၇) | နွေဦးအသံ |

အကြမ်းဖက် စစ်ကေင်စီ အဖွဲ့ လက်နက်ကြီး ဖြင့် ပစ်ခတ်ခံရသဖြင့် အသေအပျောက် များနိုင်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက အကြမ်းဖက် စစ်အုပ်စု၏ (၄၂၇) ခြေမြန် တပ်ရင်းကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF က စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်အုပ်စုဘက်က(၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း KNDF (B -09 )(ဒီးမော့ဆို့ဇုံ) ၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် အကြမ်းဖက် စစ်အုပ်စုရဲ့ (၄၂၇) ခြေမြန်တပ်ရင်းကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က (၆၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့သည်။

လက်နက်ကြီး တိုက်ရိုက်ထိမှန်မှုကြောင့် အကြမ်းဖက် စစ်အုပ်စုဘက်က သေဆုံးသူများပြားနိုင်ပြီး အရေအတွက်အားဖြင့် အတည်မပြုနိုင်သေးဟု KNDF (B -09 )က ထုတ်ပြန်ထားသည်။

ယခုတိုက်ပွဲတွင် KNDF ရဲဘော်များ ဘက်မှ ထိခိုက်ကျဆုံးမှု လုံးဝမရှိဘဲ အောင်အောင်မြင်မြင် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

©လင်းယုန်နွေ

ဓါတ်ပုံ | - Karenni Nationalities Defense Force KNDF B09
ကိုးကား | Karenni Nationalities Defense Force KNDF B09
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဖယ်ခုံတိုက်ပွဲ၌ အကြမ်းဖက် စစ်အုပ်စုဘက်က (၄၀)ကျော်သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရ

ဇူလိုင်(၇)ရက် | နွေဦးအသံ |

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကုန်းဆုံနှင့် လွယ်ပတာကျေးရွာ အနီးက အကြမ်းဖက် စစ်အုပ်စုတပ်စခန်းကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) အပါအဝင် ဖယ်ခုံနှင့် မိုးဗြဲ PDF တပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ဘက်က (၄၀) ကျော် သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း KNDF သတင်းရင်းမြစ်များထံက သိရသည်။

လွယ်ပတာစခန်းကုန်း မှ KNDF တပ်ဖွဲ့များ ပြန်လည်ထွက်ခွာစဉ် အကြမ်းဖက် စစ်အုပ်စုဘက်က လက်နက်ကြီးများနှင့် ဆက်တိုက် ပစ်ခတ်ပြီး သာလွန် အင်အားသုံးကာ ပြန်လည် တိုက်ခိုက်လာသဖြင့်သိမ်းပိုက်ပြီးစခန်းနှင့် လက်နက်ခဲယမ်းများကို ထားခဲ့၍ စွန့်ခွာခဲ့ရသည်။

အဆိုပါတိုက်ပွဲသည် ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု များခဲ့သော တိုက်ပွဲ တခု လည်း ဖြစ်သည်။

တိုက်ပွဲတွင် ဒေသခံတော်လှန်ရေး အင်အားစုများဘက်မှ ၁၁ ဦး ကျဆုံး ကာ တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရကြောင်းသိရသည်။

©အောင်နွေထက်
ဓါတ်ပုံ | - Karenni Nationalities Defense Force KNDF
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
NUG အစိုးရ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ထမ်း လူပုဂ္ဂိုလ် တဦးချင်း နှင့် စီးပွားရေးလုပ်ငန်းများကို ဂုဏ်ယူစွာ မှတ်တမ်းတင် ထားကြောင်း ထုတ်ပြန်

ဇူလိုင်(၇)ရက် | နွေဦးအသံ |

သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ဂုဏ်ယူစွာဖြင့်ပါဝင်နိုင်

အာဏာသိမ်းအကြမ်းစစ်ကောင်စီ ကို တော်လှန်နေစဉ်ကာလအတွင်း အခွန်ထမ်းဆောင်ပေးကြသည့် လူပုဂ္ဂိုလ်တဦးချင်း နှင့် စီးပွားရေး လုပ်ငန်း များကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်ထားကြောင်း NUG အစိုးရ၏ ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန က သတင်းထုတ်ပြန်ရာတွင် ‘အခွန်ဆိုတာ နိုင်ငံတစ်နိုင်ငံ၊ အစိုးရတရပ် အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနမှလည်း အခုလိုအကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန် နေတဲ့ကာလမှာအခွန်ထမ်းဆောင်နေတဲ့လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့စီးပွါးရေးလုပ်ငန်းများကိုဂုဏ်ယူစွာမှတ်တမ်းတင်ထားပါတယ်။’ ဟု ဖော်ပြပါရှိသည်။

အခွန်ထမ်းဆောင်ရန်ကျန်ရှိနေသည့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အခွန်ထမ်းဆောင်ရန် အတွက် ဆက်သွယ်ဆောင်ရွက် ပုံနည်းလမ်းများကိုထုတ်ပြန်ပေးထားပြီး ပြည်တွင်းအခွန်များဦးစီးဌာန ၏ contact@nug-mm.net email မှတဆင့် Notice Letter များ ကို ပေးပို့ထားသည်။

NUG အစိုးရ ပြည်တွင်း အခွန်များဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်နေသည့် ကာလတွင် အခွန်ထမ်းဆောင်ခြင်းသည် သမိုင်းပေး တာဝန်တစ်ရပ်အဖြစ် ဂုဏ်ယူစွာဖြင့်ပါဝင်နိုင်ကြပါကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

©မျိုးဇော်
ဓါတ်ပုံ | ပြည်တွင်းအခွန်များ ဦးစီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရ၊၊
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
နေပြည်တော်အချုပ်ထောင်၌ ထားရှိကာ အချုပ်ထောင်တွင်းတရားရုံး၌ပင် တရားရင်ဆိုင်စေခဲ့

ဇူလိုင်(၈)ရက် | နွေဦးအသံ |

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် ကော်မရှင်အဖွဲ့ဝင်ဖြစ်သော ဦးမြင့်နိုင် နှင့် ဦးသန်းဌေး တို့ကို အကြမ်းဖက်စကစတရားရုံးက ဇူလိုင်(၇)ရက်တွင် ထောင်ဒဏ်(၃)နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ UEC ဥက္ကဋ္ဌ နှင့် ကော်မရှင်အဖွဲ့ဝင်(၂)ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) နှင့် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးက သက်သေအထောက်အထားမပြနိုင်ဘဲ မတရားစွပ်စွဲ၍ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ - ၁၃၀ (က)သည် တည်ဆဲဥပဒေများကို တားမြစ်ခြင်း၊ တမင်ချန်လှပ်ထားခြင်းတို့ကို ကျူးလွန်လျှင် အရေးယူရသည့် ပုဒ်မဖြစ်ပြီး ငွေဒဏ်အပြင် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည်။

ကိုဗစ်ကပ်ရောဂါကြားမှ ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်စံနှုန်းများနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော(၂၀၂၀) အထွေထွေရွေးကောက်ပွဲကို ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့က ဥပဒေနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။

သို့ရာတွင် စစ်တပ်ထောက်ခံသော ကြံ့ခိုင်ရေးပါတီမှာ မရှုမလှရှုံးနိမ့်ခဲ့ရသဖြင့်အခြေအမြစ် မရှိသော သက်သေမပြနိုင်သည့် မဲသမာမှုကို အကြောင်းပြပြီး စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံအနှံ့ရှိ UEC အဖွဲ့ဝင်များကို မတရား ဖမ်းဆီးခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်နှစ်ဦးကိုလည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး နေပြည်တော်အချုပ်ထောင်၌ ထားရှိကာ အချုပ်ထောင်တွင်း တရားရုံး၌ပင် တရားရင်ဆိုင်စေခဲ့ကြောင်း သိရပါသည်။

©အောင်နွေထက်
ကိုးကား | RFA
ဓါတ်ပုံ | ဥက္ကဋ္ဌ ဦးလှသိန်း (ဝဲ)၊ ဦးမြင့်နိုင် (ယာ)
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
အထိနာသော စစ်အုပ်စုက ပြည်သူအချို့ကို သေနတ်ထောက်၍ လူသားဒိုင်းအဖြစ် စေခိုင်းခဲ့

ဇူလိုင်(၈)ရက် | နွေဦးအသံ |

ခြေလျင်ချီတက်လာသည့် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းကို ကလေး PDF က ဇူလိုင်(၇)ရက်၊ နေ့လယ် ၁၂ နာရီခန့်တွင် အသင့်စောင့်ဆိုင်း၍ ပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်ရာ အကြမ်းဖက်စကစဘက်မှ တပ်သား(၂)ဦးသေဆုံးခဲ့ပြီး အရာရှိတဦး အပါအဝင် (၆)ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စကစစစ်ကြောင်းမှာ အင်အား(၅၀)ခန့်ဖြင့် ကလေးမြို့အနောက်ပိုင်းတောင်ဇလပ်ရပ်ကွက်မှ ကျန်စစ်သားလမ်းအတိုင်း အနောက်ဘက်သို့ ချီတက်လာခြင်းဖြစ်ပြီး တောင်ဖီလာလမ်းမကြီးနှင့် ဝန်ထမ်းအိမ်ယာလမ်းထောင့်တွင် ပဒေသာမိုင်းခွဲ၍ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ကလေး PDF က ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အထိနာသော အကြမ်းဖက်စစ်အုပ်စုသည် ​ဘေးပတ်ဝန်းကျင်သို့ သေနတ်နှင့်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူအချို့ကို သေနတ်ထောက်၍ လူသားဒိုင်းအဖြစ် စေခိုင်းခဲ့သည့်အပြင် ရပ်ကွက်အတွင်းမှ အပြစ်မဲ့ပြည်သူ တဦးကိုလည်း မတရား ဖမ်းဆီးသွားကြောင်း သိရပါသည်။

©နွေသူရ
ဓါတ်ပုံ | ကလေး PDF
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
👍1
မြန်မာ့အရေး ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ အရေးကြီးဟု အာဆီယံအထူးကိုယ်စားလှယ်ပြော

ဇူလိုင်(၈) | နွေဦးအသံ |

အကြမ်းဖက်စစ်အုပ်စုကို (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားမှာ မဟုတ်ဘူးလို့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဇူလိုင်(၆)ရက်မှာ တရားဝင် ပြောလိုက်တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်အုပ်စုက မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို လိုက်နာမှု မရှိလို့ အစည်းအဝေးကို မဖိတ်တာလို့ ပရက်ဆော့ခွန်း က ဆိုပါတယ်။

(၅၅) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဇူလိုင် ၃၀ ရက် ကနေ ဩဂုတ် ၆ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကျင်းပမှာပါ။

မြန်မာ့အရေး ဖြေရှင်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့လည်း ပရက်ဆော့ခွန်းက ဆိုပြီး သူ့ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အုပ်စုက ခွင့်မပြုခဲ့ပါဘူး။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ရောက်ခွင့်ကို ဒုတိယအကြိမ် ပိတ်ပင်ခံရတာ ဖြစ်ပြီး နိုင်ငံရေးနဲ့ မသက်ဆိုင်သူကိုသာ ဖိတ်ကြားမယ့်အကြောင်း မြန်မာဘက်ကို အာဆီယံက အသိပေးစာ ပို့ထားပြီလို့ သိရပါတယ်။

©ကျော်ဇေယျ
ဓါတ်ပုံ | တရုတ်နိုင်ငံခြားရေးဝန်ကြီးက သီးခြားတွေ့ဆုံရန်ငြင်းသဖြင့် ပုသိမ်သို့သွားရောက်၍ မျက်နှာမသာမယာဖြစ်နေသော မင်းအောင်လှိုင်ကို ဇူလိုင်(၄)ရက်က တွေ့ရစဉ်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ထိုင်းနှင့် မြန်မာ စစ်အာဏာရှင်များက အာဆီယံနှင့် ဒေသတွင်း လူသားမျိုးနွယ်ထုအတွက် ခြိမ်းခြောက်မှုဖြစ်လာဟုဆို

ဇူလိုင်(၈)ရက် | နွေဦးအသံ |

အကြမ်းဖက် စစ်အုပ်စုရဲ့ ဂျက်တိုက်လေယာဉ်တစီး ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ပြီး ကရင်ပြည်နယ်ထဲကို ဗုံးကြဲခဲ့တဲ့ ဖြစ်ရပ်မှာ အကြမ်းဖက် စစ်အုပ်စု နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ကရင်လူမျိုး‌ တွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက်နဲ့ ကြံစည်မှု ရှိ၊မရှိ စုံစမ်းစစ်ဆေးဖို့ ထိုင်းတက်ကြွလှုပ်ရှားသူအဖွဲ့တွေက ထိုင်းလွှတ်တော်မှာ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ထိုင်းအခြေစိုက် The Democracy Group ဆိုတဲ့အဖွဲ့နဲ့ နွန်သာဘူရီ မျိုးဆက်သစ်ကွန်ရက်အဖွဲ့တို့ ပူးပေါင်းပြီး ထိုင်းလွှတ်တော်အမတ်တွေကို တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင် ၇ ရက်က ဖော်ပြထားပါတယ်။

ဇွန် (၃၀)ရက်က တာ့ခ်ခရိုင်၊ ပုပ္ဖရမြို့နယ်မှာ စစ်အုပ်စုရဲ့ မစ်-၂၉ တိုက်လေယာဉ် ပျံဝဲတဲ့ ဖြစ်ရပ်ဟာ ကရင်တိုင်းရင်းသားတွေကို လူမျိုးရေးအရ ရှင်းလင်းဖို့ စစ်အုပ်စုနဲ့ထိုင်းအာဏာပိုင်တွေ ပူးပေါင်းကြံစည်တာ ဖြစ်နိုင်တယ်လို့ ထိုင်း တက်ကြွလှုပ်ရှားသူ အဖွဲ့(၂)ဖွဲ့ က သံသယရှိနေတာပါ။

အကြမ်းဖက် စစ်အုပ်စုနဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းကြံစည်မှု ရှိခဲ့တယ် ဆိုရင်တော့ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့လည်း အဲဒီအဖွဲ့တွေက ပြောပါတယ်။

ဇွန် ၂၉ ရက် မှာ ထိုင်းစစ်တပ်ရဲ့ ဒု-ဗိုလ်ချုပ်ကြီး အပီချက် ဆူဆက် (Apichet Suesat) က နေပြည်တော်ကို နယ်စပ်ဒေသကော်မတီအစည်းအဝေးတက်ဖို့ ရောက်နေတာကို ထောက်ပြပြီး မြန်မာနဲ့ ထိုင်း အာဏာပိုင်တွေ ပူးပေါင်းကြံစည်မှု ရှိနိုင်တယ်လို့ Democracy Group အဖွဲ့က ဆုမ်ရော့ ပရွတ်ဆာခါဆမ်ဆွတ် (Somyot Pruksakasemsuk) က ပြောဆိုထားတယ်လို့ သိရပါတယ်။

©နွေသူရ
ကိုးကား | RFA
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ညွှန်းကိန်း (၅) နဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိ

ဇူလိုင်(၈)ရက် | နွေဦးအသံ |

စစ်အုပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ အဆင့်သတ်မှတ်ချက် ညွှန်းကိန်း ကျဆင်းမှုအများဆုံးနိုင်ငံအဖြစ် မြန်မာ ရပ်တည်



မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ညွှန်းကိန်း ၅ နဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ Article 19 ရဲ့ ၂၀၂၂ ကမ္ဘာ့ထုတ်ဖော်ခွင့် အစီရင်ခံစာ (Global Expression Report)မှာ ဖော်ပြထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Article 19 ရဲ့ အစီရင်ခံစာအရ လွတ်လပ်စွာဆွေးနွေးပြောဆိုခွင့်၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောဆိုရင် ဖမ်းဆီးတာတွေအပါအဝင် အချက် ၇ ချက်ကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ညွှန်းကိန်းတွေ ကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အာပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၁ခုနှစ်မှာလည်း ညွှန်းကိန်းတွေအရ ကမ္ဘာပေါ်မှာ တစ်ရှိန်ထိုးဆုတ်ယုတ်ကျဆင်းမှုအများဆုံးနိုင်ငံဖြစ်ခဲ့တာပါ။


နိုင်ငံရေးကြောင့် သတ်ဖြတ်တာ‌တွေ ၊ စာနယ်ဇင်းသမားတွေကို အနှောက်အယှက်ပြု တာတွေ၊ လွတ်လပ်စွာစုဝေးခွင့်၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်တာတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအပေါ် ဖိနှိပ် တာတွေကြောင့် အခုလို ကမ္ဘာပေါ်က ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကျဆင်းမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
Cobraစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က အရာရှိတဦး၊ဆေးမှူးတဦးအပါအဝင် အနည်းဆုံး (၅)ဦး သေဆုံး

ဇူလိုင်(၈)ရက် | နွေဦးအသံ |

အကြမ်းဖက်စစ်အုပ်စုက Cobra စစ်ကြောင်းကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့‌ပေမဲ့ ထိခိုက်မှု လုံးဝ မရှိ

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်တွေနဲ့ ဗိုလ်မုတ်သုန် ဦးစီးတဲ့ BGF နယ်ခြားစောင့်တပ် အင်အား (၁၀၀) ဝန်းကျင်က မြဝတီ - ဝေါ်လေကားလမ်းတလျောက် နေရာတွေကို ကျူးကျော်ဖို့ ကြိုးစားလာလို့ Cobra စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်အုပ်စုဘက်က အရာရှိတဦး၊ဆေးမှူးတဦးအပါအဝင် အနည်းဆုံး (၅)ဦး သေဆုံးခဲ့တယ်လို့ Cobra Column ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် (၇) ရက်မှာတော့ အကြမ်းဖက် စစ်အုပ်စုက ဖလူးလေး၊ ဖလူးကြီးဒေသမှာအင်အား စုဖွဲ့ကာ စစ်ကြောင်းထိုး လာတာဖြစ်ပြီး မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ အရောက် မှာတော့ လုံခြုံရေး ရယူထားတဲ့ Cobra စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ဇူလိုင် (၈) ရက် မနက် (၉) မှာတော့ အကြမ်းဖက် စစ်အုပ်စုရဲ့ ဗိုလ်ကြီးတဦး၊ ဆေးမှူး တဦး အပါအဝင် အလောင်း (၅) လောင်း တွေ့ရှိခဲ့ပြီး အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရနိုင်တယ်လို့ Cobra Columnက တရားဝင်ထုတ်ပြန်ထားတာပါ။

အထိနာခဲ့တဲ့ စစ်အုပ်စုက ဇူလိုင်(၈) ရက် နံနက် (၄)နာရီခွဲ ဝန်းကျင်မှာ လေ့ကေ့ကော်ဒေသရှိ Cobra စစ်ကြောင်း လုံခြုံရေး ရယူထားတဲ့ တောင်ကုန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ Cobra စစ်သည်တွေ ထိခိုက်မှု လုံးဝ မရှိခဲ့ပါဘူး။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ MA -1 တလက်၊ (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါ ဗုံးသီး တလုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေကိုလည်း Cobra Column စစ်ကြောင်းက သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

©အောင်နွေထက်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
1
အမ်မီလိုင်းကျေးရွာမှာ စစ်အုပ်စု ပိတ်မိပြီး အထိနာလျက်ရှိ

ဇူလိုင်(၈)ရက် | နွေဦးအသံ |

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ အမ်မီလိုင်းကျေးရွာမှာ (၂)ရက် ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

ဇူလိုင်(၆)ရက် နံနက်ပိုင်းမှာ တကြိမ်၊ ဇူလိုင် (၇)ရက် နံနက်ပိုင်းမှာ တကြိမ်ပါ။

အမ်မီလိုင်းကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ(၃၀၄)တပ်ရင်းကို ဒေသခံ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF –Matupi၊ CDF- Zauang တို့က မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ အဖြစ် စုဖွဲ့ပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

တိုက်ပွဲက ပြင်းထန်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က (၇)ဦးခန့် သေဆုံးနိုင်ပါတယ်။ ဒဏ်ရာရသူလည်း များပြားပါတယ်။ ပြီးတော့ လက်ရှိအချိန်ထိ ကျေးရွာထဲကနေ ထွက်မရသေးဘဲ စစ်အုပ်စုဟာ ပိတ်မိနေတယ်လို့ သိရပါတယ်။

©အောင်နွေထက်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
👍2