◼နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများကို လေးစားတန်ဖိုးထားပြီး တော်လှန်ရေးအတွက် ကြိုးစားဆောင်ရွက်မည်ဟု NUG ကတိပေး
ဇွန်(၃၀)ရက်| နွေဦးအသံ |
တော်လှန်ရေး အင်အားစုတွေကို နာမည်ဖျက်ပြီး တော်လှန်ရေးကို ပုံဖျက်တဲ့ သတင်းတု၊ သတင်းမှားတွေကို အွန်လိုင်းကနေတဆင့် ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိတာတွေ ရှိနေတယ်လို့ အမျိုးသားညီညတ်ရေးအစိုးရ(NUG)က ဇွန် ၃၀ရက် မနက်ပိုင်းက ထုတ်ပြန်ကြေညာလိုက်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အမြင်သဘောထားမတူတဲ့ လူပုဂ္ဂိုလ် တွေကို အသက်အန္တရာယ်ရန်ရှာဖို့ စာရင်းပြုစုထားတယ် ဆိုပြီး အစည်း အဝေးဆုံးဖြတ်ချက်နဲ့တကွ လုပ်ငန်းစဉ်တွေပါ ချမှတ်ထားတဲ့ သတင်းတု၊ သတင်းမှားတွေကိုလည်း ဖြန့်ဝေနေတာ ရှိတယ် ဆိုပြီး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
အခုလို သတင်းမှားကို ယခုအကြိမ်မှာသာမက လွန်ခဲ့သော (၈)လ ခန့်ကလည်း ပုံစံတူ သတင်းမှားတစ်ခု လုပ်ကြံဖန်တီးပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို ပေးပို့ခဲ့ဖူးတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် NUG အစိုးရအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် တွန်းလှန်နိုင်ဖို့အတွက် နိုင်ငံရေးအမြင်မတူ ကွဲပြားမှုတွေကို လေးစားတန်ဖိုးထားပြီး ကြိုးစား ဆောင်ရွက်နေတယ်လို့လည်း ကတိပေးလိုက်ပါတယ်။
နိုင်ငံရေးအမြင်မတူ ကွဲပြားမှုတွေကို လက်မခံဘဲ အဓမ္မနည်းလမ်းနဲ့ အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်းကို မဆို NUG အစိုးရက ပြင်းထန်စွာ ရှုတ်ချတယ်လို့ သတိပေးလိုက်ပါသေးတယ်။
အပြစ်ကျူးလွန်သူတွေကိုလည်း NUG အစိုးရအနေနဲ့ တရားဥပဒေနဲ့ အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
©အောင်နွေထက်
#thevoiceofspring
ဇွန်(၃၀)ရက်

👍1
📣◼ကျောင်းသားသည် ထောင်နှင့် မဆိုင် ◼✊✊✊
ရန်ကုန်တော်လှန်လူငယ်များ ပြောက်ကြားသပိတ်
ဇွန်(၃၀)ရက်၊ ဓာတ်ပုံ©CJ
#thevoiceofspring
ရန်ကုန်တော်လှန်လူငယ်များ ပြောက်ကြားသပိတ်
ဇွန်(၃၀)ရက်၊ ဓာတ်ပုံ©CJ
#thevoiceofspring
Media is too big
VIEW IN TELEGRAM
◼ဇွန် ၂၅ ရက်က အကြမ်းဖက် စစ်အုပ်စုကို အထိနာအောင် အပြင်းအထန် တိုက်ခိုက်ခဲ့သည့် ဒေါငံခါးရှေ့တန်းစစ်မြေပြင်မှ KNDF တပ်ဖွဲ့ဝင် ရဲဘော်မိုးညိုရဲ့ တိုက်ပွဲအတွေ့အကြုံတွေကို မြေပြင်မှတ်တမ်းနဲ့တကွ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
◼တင်ဆက်/တည်းဖြတ်©ကျော်ဇေယျ
#thevoiceofspring #feature
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။
https://youtube.com/c/TheVoiceOfSpringTV

◼ အကြမ်းဖက် စစ်ကောင်စီ၏ တိုက်လေယာဉ် ထိုင်းဘက်ကို ကျူးကျော်သဖြင့် ထိုင်းရွာသားများနှင့် ကျောင်းသားများ ဗုံးခိုကျင်းထဲ တိမ်းရှောင်နေရ
ဇွန်(၃၀)ရက်| နွေဦးအသံ |
အကြမ်းဖက် စစ်ကောင်စီ လေတပ် တိုက်လေယာဉ် တစီးဟာ ထိုင်းဘက်ခြမ်းကို ကျူးကျော်ပျံသန်းခဲ့ကြောင်း AEC အာဆီယံ ထိုင်းသတင်းက ဖော်ပြသည်။
အကြမ်းဖက် စစ်ကောင်စီတပ် နှင့် KNLA ၊ KNDO ၊ PDF ပူးပေါင်း တပ်ဖွဲ့ တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်နေသည့် ဥကရစ်ထစခန်း ကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်း မှ တိုက်ခိုက်ရင်း ယခု ကဲ့သို့ ထိုင်းဘက်ခြင်းကို ကျူးကျော်ပျံသန်းခဲ့ခြင်းဖြစ်သည်။
မျက်မြင် ဒေသခံများ၏ အဆိုအရ မြန်မာနယ်စပ်ကနေ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ထဲကို ဝင်ရောက် လာကြောင်း သိရသည်။
ယခုကဲ့သို့ အကြမ်းဖက် စစ်ကောင်စီ တိုက်လေယာဉ် ကျူးကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ဝေါ်လေတိုက်နယ် ရှိ စာသင်ကျောင်း တွေအရေးပေါ် ပိတ်ထားလိုက်ရပြီး ရွာသားများလည်း ထွက်ပြေးပုန်းရှောင်နေကြ ပြီး ဗုံးခိုကျင်းများ ထဲကို ဝင်ရောက် တိမ်းရှောင်နေကြရသည်။
မြန်မာ တစ်ဘက်ကမ်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များလည်း ပိုမိုများပြားလျက်ရှိသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက် တွင် ထိုင်းလေပိုင်နက်အတွင်း ထိုင်းတိုက်ခိုက်ရေး ဂျက်လေယာဉ်တစီးဖြင့် စောင့်ကြည့်ပျံသန်းမှုတွေ လုပ်ဆောင်နေကြောင်း သိရပါသည်။
©မျိုးဇော်ဝင်း
ကိုးကား | siamrath.co.th
ဓာတ်ပုံ | AEC

◼ ဥကရစ်ထစခန်းသို့ စစ်ကူလာသည့် အကြမ်းဖက် စစ်အုပ်စုတပ်မှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးသူ များပြား
ဇွန် ၃၀ ရက်| နွေဦးအသံ |
◼ စစ်အုပ်စုဘက်က Cluster Bomb ခေါ် ထပ်ဆင့်ပေါက်ကွဲစေနိုင်သော ဗုံးများနှင့် လေကြောင်းကတိုက်ခိုက်နေ
ဇွန်၂၉ ရက် ည ၉ နာရီဝန်းကျင်က ဥကရစ်ထစခန်းကို ကူဖို့ လမ်းမကြီးအတိုင်း စစ်ကူ တက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ထက်မနည်း ရှိနိုင်ပြီး လက်နက်တွေလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDO သတင်း အရင်းအမြစ်တွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကူလာတဲ့ အကြမ်းဖက် စစ်အုပ်စုကို KNDO ကော်ဘရာစစ်ကြောင်းက ဇွန် ၂၉ ရက် ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNDO အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်မှူးစလုံးက ပြောပါတယ်။
ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲမှာ စစ်အုပ်စုဘက်က အထိနာနေလို့ ဝေါလေ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ကူပေးနေသလို မြေပြင်ကပါ စစ်ကူပေးပို့ နေရတဲ့ အခြေအနေပါ။
ဒါ့အပြင် ဇွန် ၃၀ ရက် မနက် ၈ နာရီ ဝန်းကျင် ကလည်း စစ်အုပ်စုဘက်က တိုက်လေယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက် ခဲ့ပြီး ထပ်ဆင့်ပေါက်ကွဲစေနိုင်တဲ့ Cluster Bombနဲ့လည်း ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ KNDO သတင်းအရင်းမြစ်တွေက ပြောပါတယ်။
ဥကရစ်ထတပ်စခန်းရဲ့ နေရာ တော်တော်များများကို KNDO ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ခဲ့ပြီး မြေပြင် စစ်ကူမလာနိုင်အောင်လည်း KNDO ပူးပေါင်းတပ်ဖွဲ့တွေက လမ်းအားလုံး ပိတ်ဆို့ထားတာပါ။ နောက်ဆုံးအဆင့် အနေနဲ့ လက်နက်ကြီးကုန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့သာ ကျန်တော့တယ်လို့ မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတဲ့ KNDO စစ်ကြောင်းမှူးထံက သိရပါတယ်။
© ကျော်ဇေယျ
#thevoiceofspring
ဇွန် ၃၀ ရက်

📣◼"သွေးစည်းညီညွတ် တော်လှန်ကြ၊ ဘုံရန်သူကို ချေမှုန်းကြ"◼✊✊✊
အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ကျေးရွာနေ ပြည်သူများ ဦးဆောင်သည့် အရာတော်မြို့နယ် လူထု သပိတ်စစ်ကြောင်း
ဇွန် ၃၀ ရက်၊ ဓာတ်ပုံ©CJ

◼ ဝက်လက်အခြေစိုက် GZ Special Task Force မှဖြစ်ကြောင်း သိရ
ဇွန် ၃၀ ရက်||| နွေဦးအသ ံ |||
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကွန်ဆိပ် ရွာ အနီးတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များ အပါအဝင် ဝက်လက် အခြေစိုက် GZ Special Task Force (Wetlet) အဖွဲ့ ၏ တပ်ဖွဲ့ဝင် PDF ကိုးဦး ကို အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၉ ရက် နေ့လယ်ပိုင်းတွင် အဆိုပါ အမျိုးသမီးငယ်များပါဝင်သည့် အဖွဲ့သည် ရွှေဘိုမြို့နယ်ကို ဖြတ်ကာ အရာတော်မြို့နယ်ထဲသို့ ဆေးသင်တန်း တက်ရောက်ရန် သွားစဉ် လမ်းခရီး၌ အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် ထိပ်တိုက် တွေ့ကာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။
သေဆုံးသူအမျိုးသမီးငယ်များမှာ အသက် ၁၄ နှစ်အရွယ် မပပခိုင်၊ အသက် ၁၅ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၂၄ နှစ်အရွယ် မနိုင်နိုင်အောင်နဲ့ အသက် ၃၄ နှစ်ရွယ် မသစ်သစ်လှိုင်တို့ ဖြစ်ပြီး သေဆုံးသူ အမျိုးသားတွေကတော့ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်နဲ့ ကိုဘုန်းကျော်၊ အသက် ၂၁ နှစ်အရွယ် ကိုသိန်းသန်းဦးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုး၊ ကိုဖိုးငြိမ်း တို့ ဖြစ်ကြောင်း သိရသည်။
©အောင်နွေထက်
ကိုးကား | RFA
https://t.me/VOStelegram

◼ဥကရစ်ထစခန်းသို့ စစ်ကူလာရာလမ်းတွင် တိုက်ခိုက်ခံရပြီး မရှုမလှသေဆုံးခဲ့ရသည့် အကြမ်းဖက်စကစ၏ တပ်မ ၄၄ စစ်ကြောင်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ
ဇွန် ၃၀ ရက်||| နွေဦးအသ ံ |||
https://t.me/VOStelegram
#thevoiceofspring
ဇွန် ၃၀ ရက်
https://t.me/VOStelegram
#thevoiceofspring
◼ အကြမ်းဖက်စစ်အုပ်စု၏ ရိက္ခာသယ်ပို့ယာဉ်ကို KNDF တိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်း ရရှိ
ဇွန်(၃၀)ရက်| နွေဦးအသံ |
◼ အကြမ်းဖက် စစ်အုပ်စုဘက်က တပ်ရေးဗိုလ်ကြီးအပါအဝင် (၄) ဦး သေဆုံး
ဇွန် (၃၀)ရက် မနက်ပိုင်းက လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်မှာ KNDF တပ်ရင်း အမှတ်(၁၀)နဲ့ စစ်အုပ်စုရဲ့ တပ်ရိက္ခာ သယ်ပို့တဲ့ ယာဥ်တစ်စီး ထိပ်တိုက်တွေ့ဆုံပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လောပိတအမှတ်(၂) သင်္ဘောပင်စခန်းနဲ့ ဒန်းဦးဘုရားကျောင်းကြား လမ်းမပေါ်မှာ KNDF တပ်ရင်းအမှတ်(၁၀)က ကင်းလှည့်နေစဥ် တပ်ရိက္ခာသယ်ပို့တဲ့ ကားတစ်စီးနဲ့ တွေဆုံပြီး မိနစ်၂၀အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အကြမ်းဖက် စစ်အုပ်စုဘက်က တပ်ရေးဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်သားနှစ်ဦး သေဆုံးခဲ့ပြီး KNDF ဘက်ကတော့ ထိခိုက် ကျဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုရဲ့ ၉ မမပစ္စတို သေနတ်(၁)လက် ၊ ကျည် (၁၂)တောင့် နဲ့ ဖုန်း (၂)လုံးတို့ကို KNDF ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေနားကို အကြမ်းဖက် စစ်အုပ်စုရဲ့ လောပိတအခြေစိုက် အမှတ်(၇၂)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ လေးအိမ်စုရွာ ထဲကို လက်နက်ကြီးကျရောက်ပြီး နေအိမ်တလုံး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
ကိုးကား | KNDF

Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
👍1