◼ခြေထောက်တွေကို ရိုက်ချိုးထားပြီး လက်ပြန်ကြိုးတုပ်အနေအထားနှင့် ပြန်တွေ့
ဇူလိုင်(၇)ရက်| နွေဦးအသံ |
အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ NLD အမတ်ဦးကျော်မျိုးမင်းနှင့် အတူ NLD ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ရဲ့ ရုပ်အလောင်းတွေကို ဇူလိုင် ၂ ရက်က ဘားအံမြို့နယ်ရှိ မင်းစောကျေးရွာအနီးမှာ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ အခြား NLD ပါတီဝင်နှစ်ဦး၊ ဒေသခံတစ်ဦးနဲ့အတူ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်က ဆိုင်ကယ်တွေနဲ့ ခရီးသွားစဉ် ဘီးလင်းမြို့နယ်ထဲက ပေါ်ခီးကျေးရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တိုးပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာပါ။
ရုပ်အလောင်းကို ပြန်တွေ့ချိန်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့အနေအထားနဲ့ မြင်ရပြီး အခြား သေနတ်နဲ့ ထိုးသွင်းဒဏ်ရာတွေကို မတွေ့ရပေမဲ့ ခြေထောက်တွေကို ရိုက်ချိုးထားခံထားရတယ်လို့ သိရပါတယ်။
©အောင်နွေထက်
ဓါတ်ပုံ | NLD အမတ်ဦးကျော်မျိုးမင်း
ကိုးကား | RFA
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၇)ရက်

Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
◼ရခိုင်ပြည်နယ်ရှိ မြို့နယ်(၆)ခု၌ (၂)လအတွင်း မြေမြှုပ်မိုင်း (၁၀)ကြိမ်ထက်မနည်းပေါက်ကွဲခဲ့
ဇူလိုင်(၇)| နွေဦးအသံ |
ရခိုင်ပြည်နယ်ထဲမှာ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးအကြောင်းပြပြီး မဆင်မခြင်ထောင်ထားတဲ့ မြေမြှပ်မိုင်းတွေ ပေါက်ကွဲနေလို့ ဒေသခံတွေ ထိခိုက်သေဆုံးမှုများပြားနေရကြောင်း ရက္ခုင့်တပ်တော်AAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခရဲ့ ပြောဆိုမှုအရ သိရပါတယ် ။
"ဒီရက်ပိုင်းမှာ မြန်မာစစ်တပ်ဖက်က ထောင်တဲ့ မြေမြှပ်မိုင်းတွေဟာ ပြည်သူလူထုကို အတော်လေး ဒုက္ခပေးလာတာတွေ့ရတယ်။ ပြည်သူလူထုတွေထိခိုက်တာ အတော်လေးများလာတယ်ဗျ။
ဘာလို့လဲဆိုတော့ မြန်မာစစ်တပ်တွေဟာ သူတို့ရောက်တဲ့နေရာတွေမှာ သူတို့ရဲ့လုံခြုံရေးကို အကြောင်းပြပြီး မြေမြှပ်မိုင်းတွေကို မ ဆင်မခြင်ထောင်တယ်"
လို့ ဦးခိုင်သုခကပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက မြို့နယ်(၆)မြို့နယ်မှာ မေ(၁၄)ရက် ကနေ ဇူလိုင် (၄)ရက်အတွင်း မြေမြှပ်မိုင်း (၁၀) ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့တာပါ။
ကျောက်တော်မြို့နယ်မှာ မိုင်းပေါက်ကွဲမှု (၄)ကြိမ်၊ မင်းပြားမြို့နယ်မှာ (၂) ကြိမ်၊ အမ်းမြို့နယ်မှာ (၁)ကြိမ်၊ မြောက်ဦးမြို့နယ်မှာ (၁)ကြိမ်၊ မြေပုံမြို့နယ်မှာ (၁)ကြိမ် နဲ့ ရသေ့တောင်မြို့နယ်မှာ (၁) ကြိမ် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အဲဒီ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ (၅)ဦး သေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၇)ဦးပြီး သေဆုံးဒဏ်ရာရရှိသူအများစုဟာ နွားကျောင်းနေစဉ်ဖြစ်စေ၊လယ်ထွန်နေစဉ်ဖြစ်စေ၊ ဟင်းသွားရှာစဉ် ဖြစ်စေ မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စု တပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေအနီးမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေကို ကလေးငယ်တွေ ဆော့ကစားရာကလည်း မကြာခဏ ပေါက်ကွဲ ပြီး သေဆုံး ဒဏ်ရာရသူတွေ ရှိနေတယ်လို့ သိရပါတယ်။
©နွေသူရ
ဓါတ်ပုံ | ရခိုင်ပြည်နယ်ရှိ စကစတပ်ဖွဲ့ဝင်များ
ကိုးကား | Western News-WN
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၇)

◼အနောက်ပိုင်းတိုင်း၊ တပ်မဟာ (၇) တပ်ရင်း ၇၀၃ မှ အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့ လေ့ကျင့်နေသည့်ဓာတ်ပုံများထုတ်ပြန်
ဇူလိုင် (၇)ရက်၊ ဓာတ်ပုံ©တပ်ရင်း ၇၀၃
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင် (၇)ရက်၊ ဓာတ်ပုံ©တပ်ရင်း ၇၀၃
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
◼ခေတ်အဆက်ဆက် ကျောင်းသားလူငယ် တော်လှန်ရေးရဲဘော်အပေါင်းကို အမျိုးသားညီ ညွတ်ရေးအစိုးရက လေးစားဦးညွတ်ဂုဏ်ပြု
ဇူလိုင်(၇)ရက်| နွေဦးအသံ |
ယနေ့ကျရောက်တဲ့ နှစ်(၆၀)ပြည့် ဆဲဗင်းဂျူလိုင်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့၍ အပြစ်ပေးအရေးယူမှုကနေ လွတ်ကင်းနေဆဲ စစ်အာဏာရှင်များကို အပြစ်ပေးအရေးယူရန်ရည်မှန်းချက်ထားရှိကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းမှုတွေကို အမြစ်ဖြတ်ပြီး ထပ်မံမပေါ်ပေါက်စေဖို့ နွေဦးတော်လှန်ရေးကို အစွမ်းကုန်ကြိုးပမ်း သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာမှာ ကတိပြုထည့်သွင်းဖော်ပြထားပါတယ်။
ရာဇဝတ်မှုကျူးလွန်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေ အပြစ်ပေးအရေးယူခံရရေးအတွက် နွေဦးတော်လှန်ရေးမှာ ရည်မှန်းချက်ထားပြီး ကျောင်းသားထုရဲ့သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ် လုံးရဲ့ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံက ခေါင်းဆောင်တွေအားလုံးရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဌာန်ပြု ကြောင်း သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။
လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုနဲ့ အမှန်တရားအတွက် အသက်နဲ့ ဘဝကို ပဓာနမထားဘဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာနဲ့ တော်လှန် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားလူငယ် တော်လှန်ရေးရဲဘော်အပေါင်းကို အမျိုးသားညီ ညွတ်ရေးအစိုးရက လေးစားဦးညွတ်ဂုဏ်ပြုတယ်လို့လည်းဖော်ပြထားပါတယ်။
ကျောင်းသားလူငယ်တွေရဲ့ လွတ်လပ်တဲ့ သမဂ္ဂစိတ်ဓါတ်တွေကို စစ်အာဏာရှင်အဆက်ဆက်က ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြဘူး ဆိုတာကို ယခုနွေဦး တော်လှန်ရေးမှာ ရှေ့တန်းက တော်လှန်တိုက်ပွဲဝင်နေကြတဲ့ လူငယ်ထုက သက်သက်ပြလျက်ရှိတယ် ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဂုဏ်ပြုချီးကျူးထားတာတွေ့ရပါတယ်။
©နွေသူရ
ဓါတ်ပုံ | ပြစ်ဒဏ်ကင်းလွတ်ဆဲ စစ်ရာဇဝတ်ကောင် သန်းရွှေ နှင့် မင်းအောင်လှိုင်

👍1
◼ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့သူများကို ဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထုတ်ပြန်
ဇူလိုင်(၇)ရက်| နွေဦးအသံ |
၁၉၆၂ ခုနှစ် ၊ ဇူလိုင် ၇ ရက်မှာ အသက်ပေးခဲ့ကြရသူအားလုံးနဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလကစလို့ ဒီမိုကရေစီအရေးအတွက် ခုခံကာကွယ်ရင်း အသက်ပေးခဲ့ကြရတဲ့ ထောင်နဲ့ချီတဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုအပ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဇူလိုင် ၇ ရက် မနက်ပိုင်းက ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေကို လူတိုင်း အလှမ်းမှီသောပညာရေး၊ လူ့အခွင့်အရေးနဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေ ကျင့်သုံးပိုင်ခွင့် ရရှိခံစားနိုင်ပါစေလို့လည်း ဆုတောင်းပေးထားပါတယ်။
မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ကာလရှည်ကြာ ကြိုးပမ်းလာခဲ့တဲ့အပေါ်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကဂုဏ်ပြုကြောင်းထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
©အောင်နွေထက်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၇)ရက်
၁၉၆၂ ခုနှစ် ၊ ဇူလိုင် ၇ ရက်မှာ အသက်ပေးခဲ့ကြရသူအားလုံးနဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလကစလို့ ဒီမိုကရေစီအရေးအတွက် ခုခံကာကွယ်ရင်း အသက်ပေးခဲ့ကြရတဲ့ ထောင်နဲ့ချီတဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုအပ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဇူလိုင် ၇ ရက် မနက်ပိုင်းက ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေကို လူတိုင်း အလှမ်းမှီသောပညာရေး၊ လူ့အခွင့်အရေးနဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေ ကျင့်သုံးပိုင်ခွင့် ရရှိခံစားနိုင်ပါစေလို့လည်း ဆုတောင်းပေးထားပါတယ်။
မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ကာလရှည်ကြာ ကြိုးပမ်းလာခဲ့တဲ့အပေါ်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကဂုဏ်ပြုကြောင်းထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
©အောင်နွေထက်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
👍1
◼နေပြည်တော်အချုပ်ထောင်၌ ဆက်လက်ထားရှိဆဲဖြစ်
ဇူလိုင်(၇)ရက်||| နွေဦးအသ ံ |||
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်(၆)ရက်ညတွင် ရန်ကုန်ရှိ နေအိမ်သို့ ပြန်လည်ပြောင်းရွှေ့လိုက်ကြောင်း ထွက်ပေါ်နေသော သတင်းမှာ မှန်ကန်မှု မရှိဟု နွေဦးအသံသို့ ယုံကြည်စိတ်ချရသော ရင်းမြစ်များမှ အတည်ပြုသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေပြည်တော်အချုပ်ထောင်၌ပင် ဆက်လက်ထားရှိဆဲဖြစ်ကြောင်းနှင့် အဆိုပါ ထောင်တွင်းတရားရုံးမှာပင် အကြမ်းဖက်စစ်အုပ်စုက မတရားစွဲဆိုထားသောအမှုများကို ဆက်လက်ရင်ဆိုင်နေရလျက်ရှိကြောင်း သိရပါသည်။
©အောင်နွေထက်
ဓါတ်ပုံ | ရန်ကုန်နေအိမ်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၇)ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်(၆)ရက်ညတွင် ရန်ကုန်ရှိ နေအိမ်သို့ ပြန်လည်ပြောင်းရွှေ့လိုက်ကြောင်း ထွက်ပေါ်နေသော သတင်းမှာ မှန်ကန်မှု မရှိဟု နွေဦးအသံသို့ ယုံကြည်စိတ်ချရသော ရင်းမြစ်များမှ အတည်ပြုသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေပြည်တော်အချုပ်ထောင်၌ပင် ဆက်လက်ထားရှိဆဲဖြစ်ကြောင်းနှင့် အဆိုပါ ထောင်တွင်းတရားရုံးမှာပင် အကြမ်းဖက်စစ်အုပ်စုက မတရားစွဲဆိုထားသောအမှုများကို ဆက်လက်ရင်ဆိုင်နေရလျက်ရှိကြောင်း သိရပါသည်။
©အောင်နွေထက်
ဓါတ်ပုံ | ရန်ကုန်နေအိမ်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
◼ YDF တပ်ရင်း စခန်းခွဲ ဖျက်ဆီးခံရ သို့သော် လူထိခိုက်မှု မရှိ
ဇူလိုင်(၇)ရက်| နွေဦးအသံ |
◼ စစ်ရေးတင်းမာနေသဖြင့် ဒေသခံ စစ်ရှောင်များအတွက် အရေးပေါ်လိုအပ်ချက်များဖြစ်ပေါ်နေ
အကြမ်းဖက် စစ်တပ် သည် မကွေးတိုင်း၊ ထီးလင်းမြို့နယ်ထဲက ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) -ရွှေစွန်ညိုအဖွဲ့ရဲ့ စခန်းတစ်ခုကို ပြီးခဲ့သည့် ဇွန် (၃၀) ရက်နေ့က ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၆ ရက်မှာ (YDF) ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ယင်းစခန်းကို အကြမ်းဖက် စစ်တပ်က စီးနင်းရာတွင် YDF ဘက်က ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။ လူထိခိုက်မှု မရှိသော်လည်း စခန်းပျက်ဆီးသွားသဖြင့် ကာလတန်ဖိုး ကျပ်သိန်း (၂၀၀) ကျော်ခန့် ဆုံးရှုံးခဲ့ရသည်။
အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေးတပ်- မင်းတပ် (CDF-Mindat) တို့ မကွေးတိုင်းနဲ့ ချင်းပြည်နယ် နယ်စပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲ အနီးနားရှိ ရွှေစွန်ညိုအဖွဲ့ရဲ့ စခန်းခွဲကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
စီးနင်းခံရချိန်တွင် ရွှေစွန်ညိုစခန်းခွဲ၌ YDF မှ တပ်ဖွဲ့ဝင်အားလုံးနီးပါး မရှိဘဲ ထီးလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် အချိန်လည်းဖြစ်သည်။
လက်လုပ်လက်နက် အချို့နှင့်အတူ ဆိုင်ကယ်များ ၊ ဆိုလာပြားများနှင့် စခန်းသုံးပစ္စည်းများ မီးလောင် ပျက်စီးခဲ့ကြောင်း၊ ဆန်နှင့် ရိက္ခာအချို့ကိုမူ ကြိုတင်ရွှေ့ပြောင်းထားနိုင်သဖြင့် ထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်းသိရသည်။
ဇူလိုင် ၂ ရက် နေ့က ထီးလင်းအနောက်ဘက်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီအင်အား ၂၀၀ ခန့်ကို YDF တပ်ရင်း ၄ ခု ပေါင်း၍ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ် မှ သေဆုံး သူများပြားခဲ့သည်။
ယခုကဲ့သို့ စစ်ရေးတင်းမာနေသဖြင့် ထီးလင်းမြို့နယ် အနောက်မြောက်နှင့် မြောက်ဘက် ရှိ ကျေးရွာများမှ ပြည်သူ ၁၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ ကြောင်းသိရသည်။ ထို့ပြင် စစ်ရှောင်များအတွက် အရေးပေါ်လိုအပ်ချက်များစွာဖြစ်ပေါ်လျက်ရှိနေသည်။
©မျိုးဇော်
ဓါတ်ပုံ | - Shwe Som Nyo
ကိုးကား | Shwe Som Nyo